လစာလည်း ရသလို စိတ်လှုပ်ရှားမှုလည်း အပြည့်ပေးနိုင်တဲ့ ကမ္ဘာ့ ရင်ဖိုဖွယ်အကောင်းဆုံး အလုပ်များ

လူတိုင်းဟာ ကိုယ့်ဝါသနာပေါ်မူတည်ပြီး အကြိုက်ချင်းလည်း မတူကြပါဘူး..အနီးစပ်ဆုံးပြောရရင် တစ်ချို့လူတွေက အလုပ်လုပ်တဲ့နေရာမှာ လစာရတာလည်း တူပေမယ့် ပိုပြီး စိတ်လှုပ်ရှားစရာ အလုပ်မျိုးကို သဘောကျတဲ့သူတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ဒီတစ်ပတ်မှာတော့ ကမ္ဘာပေါ်က ရင်ဖိုဖွယ်အကောင်း အလုပ်အကိုင်တွေကို ပြောပြပေးလိုက်ရပါတယ်ဗျ… shwekhitonlinetv.com

  • Travel Writer

ရှေးခေတ်တွေတုန်းက စွန့်စားသွားလာကြတဲ့ လူတွေဟာ မြေပုံမပါပဲနဲ့ ကမ္ဘာကြီးရဲ့ နယ်မြေအသစ်ကို ရှာဖွေဖို့ လပေါင်းများစွာ ရွက်လွှင့်ခဲ့ကြပါတယ်။ အခုဆိုရင်တော့ နည်းပညာတွေတိုးတက်လာပြီး ဗဟုသုတတွေ ကျယ်ပြန့်လာပြီမို့ ကိုယ်မရောက်ဖူးသေးတဲ့ နေရာတွေကို Intrenet ကနေရှာပြီး အလွယ်တကူ လေ့လာနိုင်ပါပြီ။ ဒီလိုမျိူး ကမ္ဘာ့အနှံ့ကနေရာတွေကို Information အဖြစ် လူသိလာများလာအောင် Travel writerတွေက လုပ်ကြရပါတယ်။ shwekhitonlinetv.com

Travel Writer ဆိုတာ ကမ္ဘာကြီးပေါ်က ထူးဆန်းတဲ့နေရာ အသစ်တွေကို သွားရောက်လည်ပတ်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို Social Media တွေပေါ်မှာ ပြန်လည်ဝေမျှတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒါကို ခရီးသွားကုမ္ပဏီကြီးတွေက Travel Writer တွေကို လစာပေးပြီး သူတို့ရဲ့ ခရီးသွား အတွေ့အကြုံတွေကို ပြန်လည် report လုပ်ခိုင်းကြပါတယ်။ တစ်ကယ်လို့ သင်ဟာ တစ်နေရာထဲမှာပဲ မြဲပြီး အလုပ်လုပ်နေရတာ မကြိုက်ဘူးဆိုရင် ဒီအလုပ်က အကောင်းဆုံးပါပဲ။ shwekhitonlinetv.com

  • Emergency Services

Emergency Services အလုပ်ဟာ အမြဲတမ်း နားရက်ရှည် ယူလို့မရတဲ့ အလုပ်တွေလို့ ပြောရင် မမှားနိင်ပါဘူး။ ဒါပေမယ့် လုံး၀ ပျင်းစရာကောင်းတဲ့ အလုပ်မဟုတ်ဘူးဆိုတာတော့ အာမခံနိုင်ပါတယ်။ တစ်ကယ်လို့ သင်ဟာ ရဲဝန်ထမ်း၊ မီးသတ်သမား၊ ဆေးဘက်အကူစတဲ့ ဒီလိုအလုပ်မျိုးတွေကို လုပ်နေတဲ့လူဆိုရင် တစ်နေ့တာ သင်ကြုံတွေမယ့် ကိစ္စတွေဟာ တစ်နေ့နဲ့ တစ်နေ့ကို မတူတော့ပါဘူး။ နောက်ပြီး လူတွေနဲ့ အမြဲထိတွေ့ကာ သူတို့ရဲ့ အခက်အခဲတွေကို အကူအညီပေးရမှာမို့လို့ ပြည်သူလူထုတွေ အတွက် အရေးပေါ် အန္တရာယ်ရှိလာခဲ့ရင်လည်း အမြံအသင့် ဖြစ်နေရမှာပါ။ shwekhitonlinetv.com

  • Adventure and Extreme Sportsmanship

အားကစားတော်တော်များများဟာ professional ဖြစ်သွားရင် ဝင်ငွေရှာဖို့ တော်တော်လေး အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် mountain biking၊ Abseiling၊ skiing နဲ့ scuba diving တို့လို အားကစားတွေကတော့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အားကစားတွေ ဖြစ်ပြီး ဒီနယ်ပယ်တွေကနေ ဝင်ငွေ ရအောင်ရှာနိုင်ပါတယ်။ တစ်ကယ်လို့ သင်ဟာ ဒီအားကစားတစ်ခုခုမှာ Professional ဖြစ်သွားပြီဆိုရင် စိတ်ပါဝင်စားသူတွေကို ပြန်သင်ပေးတာတွေ လုပ်ပြီး ဝင်ငွေရှာနိုင်ပါသေးတယ်နော်… shwekhitonlinetv.com

  • Wildlife Photographer

သဘာ၀တောရိုင်း တိရစ္ဆာန်တွေအကြောင်း ရိုက်ကူးတဲ့ Documentary သမားတွေကလည်း အတော်လေးကို ဝင်ငွေရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ ရိုက်ကူးရတဲ့ နေရာတွေဟာ အန္တရာယ်များလွန်းလို့ အသက်စွန့်ပြီး ရိုက်ကူးရတယ်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ဒီအလုပ်ကို သဘောကျတယ်ဆိုပြီး ချက်ချင်းထလုပ်လို့တော့ မရပါဘူး။ Camera ပိုင်း Video ပိုင်း စတာတွေကို သေချာလေ့လာဆည်းပူးပြီး ပါးနပ်မှုရှိဖို့လည်း လိုအပ်ပါတယ်နော်… shwekhitonlinetv.com

  • Mountain Guide

တစ်ကယ်လို့ သင်က နှလုံးကျန်းမာရေးကောင်းမွန်ပြီး တောင်တက်ရတာလည်း ကျွမ်းကျင်တဲ့သူတစ်ယောက်ဆိုရင်တော့ တောင်တက် လမ်းပြတဲ့ အလုပ်က အသင့်တော်ဆုံးပါ။ အပြင်လောက မှာ တောင်တက်လမ်းပြ အလုပ် လုပ်နေတဲ့သူတွေက အတော်လေးကို ရှားပါးလှပါတယ်။ အကြောင်းကတော့ တော်ရုံလူမလုပ်နိုင်တာကြောင့်ပါပဲ။ အပေါ်ပိုင်းမှာ ပြောခဲ့တဲ့ အရည်အချင်းတွေအပြင် ဆုံးဖြတ်ချက် ပြတ်သားဖို့လိုခြင်း၊ ခေါင်းဆောင်မှု ကျွမ်းကျင်ဖို့လိုခြင်းအပြင်၊ လမ်းကြောင်းကျွမ်းကျင်ဖို့လည်း လိုအပ်လို့ပါပဲ။ shwekhitonlinetv.com

အခုပြောပြပေးထားတာတွေကတော့ ကမ္ဘာပေါ်မှာ လစာလည်းရသလို စိတ်လှုပ်အရှားရဆုံး အလုပ်အကိုင်တွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါအုန်းနော်… shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။