အောင်မြင်ခဲ့ပေမယ့်လည်း ထင်ထားသလောက် ဝင်ငွေမရခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများ

ရုပ်ရှင်ဇာတ်ကားတစ်ကား အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာက ဒီရုပ်ရှင်ဇာတ်ကားရဲ့ဝင်ငွေနဲ့တိုက်ရိုက်အချိုးကျတယ်လို့ ဆိုနိုင်ပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်သမိုင်းမှာတော့ Box Office ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းထောင်ချီပြီးရရှိခဲ့တဲ့ဇာတ်ကားတွေရှိတာကြောင့် ဒီဘက်ခေတ်မှာဆိုရင်ရုပ်ရှင်ထုတ်လုပ်သူတွေဟာ ရုပ်ရှင်ကားတစ်ကားကို ဒေါ်လာသန်းရာချီသုံးပြီးဖန်တီးထုတ်လုပ်လာကြပါတယ်။ ဒါပေမယ့်လည်း ဒီလိုအကုန်အကျခံရိုက်ကူးပြီး ပရိသတ်အကြိုက်တွေ့ခဲ့ပေမယ့် ဝင်ငွေပိုင်းမှာတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့တဲ့ ဇာတ်ကားကောင်းတွေလည်းရှိပါတယ်။ ဒီထဲက နာမည်အကြီးဆုံးဇာတ်ကားတွေကိုဖော်ပြရမယ်ဆိုရင်တော့ … shwekhitonlinetv.com

၁။ The Suicide Squad (2021)

၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ The Suicide Squad (1) ဇာတ်ကားနဲ့ယှဉ်ရင်တော့ ၂၀၂၁ ခုနှစ်မှာရုံတင်ပြသခဲ့တဲ့ The Suicide Squad (2) ဟာအတော်လေးကိုစိတ်ပျက်စရာကောင်းတယ်လို့ဆိုရမှာပါ။ အဆိုးဆုံးကတော့ ဝင်ငွေပိုင်းမှာဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် အမေရိကန်ဒေါ်လာ (၁၈၅) သန်းလောက်အကုန်အကျခံရိုက်ကူးခဲ့ပေမယ့် ပြည်တွင်း (အမေရိကန်နှင့်ကနေဒါ နှစ်နိုင်ငံ) Box Office မှာဝင်ငွေ အမေရိကန်ဒေါ်လာ (၅၅) သန်းသာရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၂။ Blade Runner 2049 (2017)

သိပ္ပံဇာတ်ကားတွေထဲမှာအကောင်းဆုံးကားတစ်ကားလို့ပြောလို့ရတဲ့ Blade Runner 2049 ရဲ့ Box Office ဝင်ငွေကလည်း ထင်မှတ်မထားလောက်အောင်ကိုနည်းပါးလွန်းခဲ့ပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဒါရိုက်တာဖြစ်တဲ့ Denis Villeneuve ဟာဒီဇာတ်ကားကို စွဲမက်ဖွယ်ကောင်းအောင် အသေအချာဖန်တီးခဲ့တာပါ။ ဒါကြောင့်လည်း ဒီဇာတ်ကားဟာ cinematography နဲ့ visual effects အတွက် အကယ်ဒမီဆုတွေရခဲ့ပါတယ်။ ဒါပေမယ့်လည်း Box Office ဝင်ငွေကတော့အတော်လေးကို နည်းပါးခဲ့ပြီး ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ သန်း (၁၀၀) အောက်သာရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၃။ Ad Astra (2019)

နာမည်ကျော်မင်းသား ဘရက်ပစ် (Brad Pitt) ပါဝင်သရုပ်ဆောင်ထားတဲ့ Ad Astra ဇာတ်ကားကလည်းရုပ်ရှင်အသိုင်းအဝိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခြင်းခံခဲ့ရတဲ့ အာကာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာသန်း (၈၀) ကနေ သန်း (၁၀၀) ကြားအသုံးပြုပြီးရိုက်ကူးဖန်တီးခဲ့ပေမယ့် တစ်ကမ္ဘာလုံးမှာရုံတင်ပြီး ရရှိခဲ့တဲ့ဝင်ငွေစုစုပေါင်းကတော့ အမေရိကန်ဒေါ်လာ (၁၃၅) သန်းပဲရှိခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။ shwekhitonlinetv.com

၄။ Fight Club (1999)

ဘရက်ပစ် (Brad Pitt)၊ ဂျရတ်လီတို (Jared Leto)၊ အက်ဒ်ဝါ့နော်တန် (Edward Norton) တို့လို နာမည်ကျော်မင်းသားတွေပါဝင် သရုပ်ဆောင်ထားတဲ့ Fight Club ဇာတ်ကားကတော့ မထွက်ရှိခင်မှာ အမှုဆောင်အဖွဲ့ဝင်တွေအနေနဲ့ ဇာတ်ကားရဲ့ Final Version ကိုမကြိုက်ကြကြောင်း ကောလဟလတွေထွက်ပေါ်ခဲ့ပါတယ်။ ဒီလို အငြင်းပွားစရာကိစ္စတွေဖြစ်ခဲ့လို့ ဇာတ်ကားထွက်ရှိချိန်မှာ ဈေးကွက်ချဲ့ထွင်မှုကို လျော့ချလိုက်တာကြောင့် ပြည်တွင်း Box Office မှာဝင်ငွေ အမေရိကန်ဒေါ်လာ (၃၇) သန်းသာရရှိခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ဒီရုပ်ရှင်ရဲ့တန်ဖိုးကို သိပြီးချီးကျူးခဲ့ကြပါတယ်။ shwekhitonlinetv.com

၅။ The Shawshank Redemption (1994)

နာမည်ကျော်စာရေးဆရာကြီး Stephen King ရဲ့ Master Piece တစ်ခုဖြစ်တဲ့ Rita Hayworth and Shawshank Redemption ကိုပုံဖော်ထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားဟာ ရုပ်ရှင်သမိုင်းမှာအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးတာက ပရိသတ်တွေကြိုက်နှစ်သက်ကြတဲ့ ဒီရုပ်ရှင်ဇာတ်ကားဟာ ပြည်တွင်း Box Office မှာဝင်ငွေ အမေရိကန်ဒေါ်လာ (၂၈) သန်းသာရရှိခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။