သာမန်နဲ့ မတူဘဲ ထူးခြားပြီး ကွဲထွက်နေတဲ့ အနုပညာ ဖန်တီးမှုများ

ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို တစ်ခြားစကြဝဠာတစ်ခုကလာတယ်လို့ဆိုရလောက်အောင် သာမန်နဲ့မတူဘဲ ထူးထူးခြားခြား စိတ်ကူးစိတ်သန်းနဲ့ တီထွင်ဖန်တီးမှုစွမ်းရည်တွေကိုပိုင်ဆိုင်ထားတဲ့ လူအချို့အကြောင်းကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ ဒါကတော့ တစ်ဆက်တည်းတောက်လျှောက်ရေးဆွဲထားတဲ့ ပန်းချီကားဖြစ်ပါတယ်။ အတော်လေးကိုလက်ရာမြောက်ပြီး ချီးကျူးဖို့ကောင်းတာကတော့အမှန်ပါပဲ။ shwekhitonlinetv.com

၂။ ဒီမိန်းကလေးကလည်း ကိတ်မုန့်ဖုတ်တဲ့ပညာရပ်မှာအတော်လေးကို ပါရမီရှိတဲ့သူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ သူဖုတ်ထားတဲ့ ကိတ်မုန့်လေးတွေကိုကြည့်ပါဦး။ စားရက်စရာတောင်မရှိပါဘူးနော်။ shwekhitonlinetv.com

၃။ သေးငယ်လှတဲ့ အရုပ်ကားလေးတွေကို ပန်းချီဆွဲတဲ့ကင်းဗက်စသဖွယ်အသုံးပြုပြီးဖန်တီးထားတဲ့ ပန်းချီကားတွေပါ။ ရူးသွပ်ချင်စရာ စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးမှုတစ်ခုလို့ဆိုရမလိုပါပဲ။ shwekhitonlinetv.com

၄။ အမြင်အာရုံကို လှည့်စားထားတဲ့ ခြေသုတ်ခုံတစ်ခုပါ။ ငှက်ပျောသီးကတော့ ဒီခြေသုတ်ခုံဖန်တီးဖို့အတွက် စကေးချတဲ့အရာတစ်ခုအဖြစ်အသုံးပြုထားတာပါ။ shwekhitonlinetv.com

၅။ ဝိုး …… ချစ်စရာကောင်းလွန်းတဲ့ပျား အရုပ်ကလေးတွေပါလား။ ဒါမျိုး ပုံစံတူ စုစုပေါင်းအကောင်ရေ (၁၂၀) တောင်ရှိတာပါ။ ဘယ်လောက်တောင်စိတ်ရှည်ရှည်ထားပြီးဖန်တီးထားသလဲဆိုတာ တွေးကြည့်တာနဲ့တင် သိနိုင်ပါတယ်။ shwekhitonlinetv.com

၆။ ဒါကတော့ စကြဝဠာထဲက နက်ဗျူလာတစ်ခုအသွင် ဒီဇိုင်းဖန်တီးပြုလုပ်ထားတဲ့ လော့ကတ်သီးလေးတစ်ခုဖြစ်ပါတယ်။ အတော်လေးကိုလှပပြီး လက်ရာမြောက်လွန်းပါတယ်နော်။ shwekhitonlinetv.com

၇။ ဒီအမျိုးသားကတော့ သူ့ရဲ့လက်မောင်းကများပြားလှတဲ့ အမာရွတ်တွေကိုဖုံးပြီး သွေးကြောတွေအဖြစ် တက်တူးရေးဆွဲထားတာပါ။ မြင်သူတိုင်းကတော့ သူ့ရဲ့လက်မောင်းကို စိတ်မဝင်စားဘဲမနေနိုင်အောင်ဖြစ်မိမှာ အမှန်ပါပဲ။ shwekhitonlinetv.com

၈။ ဒါကတော့ ကမ္ဘာ့အသေးဆုံးစစ်တုရင်ခုံလေးလို့ပြောလို့ရပါတယ်။ ဘယ်လောက်တောင်အနုစိတ်ပြီးဖန်တီးထားတာပါလိမ့်နော် ….. shwekhitonlinetv.com

၉။ ဒီလူကတော့ သူ့ရဲ့ ဒူးခေါင်းတည့်တည့်ကအမာရွတ်ကို တက်တူးပန်းချီနဲ့ပေါင်းစပ်ဖန်တီးပြီး လူစိတ်ဝင်စားအောင်ပြုလုပ်ထားတာဖြစ်ပါတယ်။ သူ့အိုင်ဒီယာကလည်း မဆိုးဘူးလို့ဆိုရမှာပါ။ shwekhitonlinetv.com

၁၀။ ဒီ အိမ်လေးကတော့ ကျွန်တော့်တူမလေးရဲ့ (၃) နှစ်ပြည့်မွေးနေ့အတွက် ကျွန်တော့်အဖေက ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply