မူလရုပ်ရည်သွင်ပြင်ကို ခန့်မှန်းလို့မရတော့တဲ့အထိ ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်များ

မူလရုပ်ရည်သွင်ပြင်ကို ဘယ်လိုမှ ခန့်မှန်းလို့မရတော့တဲ့အထိ ဇာတ်ကောင်နဲ့ အံဝင်ခွင်ကျ တသားတည်းသရုပ်ဆောင်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တခုတော့ မဟုတ်ပါဘူး။ ကြည့်ရှုနေတဲ့ ပရိတ်သတ်ကိုယ်တိုင်က ဒီဇာတ်ကောင်ကို သရုပ်ဆောင်နေသူဟာ ဘယ်သူလဲဆိုတာ မခန့်မှန်းနိုင်တဲ့အထိ ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်များစွာ ရှိပါတယ်။ ဒီလို ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေနဲ့ သူတို့ရဲ့ ဇာတ်ကောင်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ Helena Bonham Carter

အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးကြီး Helena Bonham Carter ကတော့ ဇာတ်ကောင်ပုံစံနဲ့ တသားတည်းသရုပ်ဆောင်နိုင်တဲ့နေရာမှာ ဆရာတဆူပဲ ဖြစ်ပါတယ်။ သူမရဲ့ အကောင်းဆုံး ဇာတ်ကားပေါင်းများစွာထဲမှာ Alice in Wonderland ဇာတ်ကားကလည်း တခုအပါအဝင်ပါ။​ မင်းသမီးကြီးကတော့ အဆိုပါဇာတ်ကားထဲမှာ Red Queen အဖြစ်ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး သူမရဲ့ ချောမောလှပတဲ့ ရုပ်ရည်ကိုပါ ခန့်မှန်းလို့မရတော့တဲ့အထိ အပြောက်မြောက်ဆုံး သရုပ်ဆောင်နိုင်ခဲ့သူပါ။ shwekhitonlinetv.com

၂။ Hugh Grant

မင်းသားကြီး Hugh Grant ကတော့ Cloud Atlas ရုပ်ရှင်မှာ Kona Chief နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ မင်းသားကြီးရဲ့ မူလရုပ်ရည်ကိုတောင် ဘယ်လိုမှ ခန့်မှန်းလို့မရတော့ပဲ ဇာတ်ကောင်ကိုသာ မြင်ယောင်စေတဲ့အထိ အပြောင်မြောက်ဆုံး သရုပ်ဆောင်နိုင်ခဲ့သူပါ။ shwekhitonlinetv.com

၃။ Marion Cotillard

ပြင်သစ်သရုပ်ဆောင် အဆိုတော် နဲ့ ရုပ်ရှင်ထုတ်လုပ်သူ မင်းသမီး Marion Cotillard ကိုတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်။ La Môme ရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသမီးနေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အားလုံးရဲ့ ရင်ထဲမှာ ထင်ကျန်စေခဲ့ပါတယ်။ shwekhitonlinetv.com

၄။ Emma Thompson

အသက် ၆၀ ကျော်ရှိပြီဖြစ်တဲ့ မင်းသမီးကြီး Emma Thompson ကတော့ အနုပညာသက်တမ်းတလျှောက်လုံးမှာ အအောင်မြင်ဆုံး ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနိုင်ခဲ့သူပါ။ Nanny McPhee ဆိုတဲ့ ရုပ်ရှင်မှာတော့ Nanny McPhee ဆိုတဲ့ ပုံဆိုးဆိုးအဖွားကြီးနေရာကနေပြီး သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မင်းသမီးကြီးရဲ့ ချောမောလှပတဲ့ ရုပ်ရည်ကို မှန်းဆလို့မရနိုင်တော့တဲ့အထိ ပြင်ဆင်ပြီး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် အားလုံးရဲ့ ချီးကျူးခြင်းကို ရရှိခဲ့တဲ့ ဇာတ်ကောင်ဆိုလည်း မမှားပါဘူး။ shwekhitonlinetv.com

၅။ Kate Winslet

တိုက်တန်းနစ် ရုပ်ရှင်ရဲ့ မင်းသမီး Kate Winslet ကိုတော့ မသိတဲ့သူ မရှိလောက်ဘူး ထင်ပါတယ်။ တိုက်တန်းနစ် ရုပ်ရှင်ထဲမှာတော့ ပြစ်မျိုးမှဲ့မထင် အချောအလှကောင်မလေးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kate Winslet ဟာ The Reader ရုပ်ရှင်ထဲမှာတော့ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ shwekhitonlinetv.com

၆။ Steve Carell

ဟာသသရုပ်ဆောင် မင်းသား Steve Carell ကလည်း Foxcatcher ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ပြီး သူ့ရဲ့ အရည်အချင်းကို ပြသခဲ့ပါတယ်။ ယခုချိန်မှာတော့ အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာ ဟာသရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ဆုတံဆိပ်များလည်း အများအပြားရရှိထားပါတယ်။ shwekhitonlinetv.com

၇။ Meryl Streep

မင်းသမီးကြီး Meryl Streep ကိုတော့ မသိသူရှိမယ်မထင်ပါဘူးနော်။ Meryl Streep ကတော့ Angels in America မှာတော့ လှပချောမောတဲ့ ရုပ်ရည်သွင်ပြင်ကို ခန့်မှန်းလို့မရနိုင်လောက်တဲ့အထိ သရုပ်ဆောင်နိုင်ခဲ့သူပါ။ အောင်မြင်လှပတဲ့ မင်းသမီး Meryl Streep အဖြစ်ကနေ မုတ်ဆိတ်မွှေးထူထူနဲ့ တွန့်ရှုံ့နေတဲ့ အရေပြားတွေနဲ့ ပုံဆိုးပန်းဆိုးသရုပ်ဆောင်နိုင်ခဲ့သူပါ။ shwekhitonlinetv.com

၈။ Nicole Kidman

ချောမောလှပတဲ့ မင်းသမီးကြီး Nicole Kidman ကတော့ Destroyer နဲ့ The Hours ရုပ်ရှင်ဇာတ်ကားတွေမှာ သူမတူတဲ့ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ လှပလွန်းတဲ့သူမရဲ့ မူလသွင်ပြင်ရုပ်ရည်ကိုတောင် မမှတ်မိနိုင်တော့လောက်တဲ့အထိ ပြင်ဆင်ပြီး သရုပ်ဆောင်နိုင်ခဲ့တာပါ။ shwekhitonlinetv.com

၉။ Tom Cruise

မင်းသားကြီး Tom Cruise ကတော့ အက်ရှင်ဇာတ်ကားတွေမှာ အန္တရာယ်ရှိတဲ့ ဇာတ်ကွက်နေရာတွေမှာတောင် လူစားမထိုးပဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်သရုပ်ဆောင်တဲ့သူပါ။ Tropic Thunder ဇာတ်လမ်းမှာတော့ ထိပ်ပြောင်ပြောင် မုတ်ဆိတ်မွှေးမသပ်မရပ်နဲ့ အသက်ကြီးရင့်တဲ့ ဇာတ်ကောင်စရိုက်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ shwekhitonlinetv.com

၁၀။ Tilda Swinton

ရုပ်ပြောင်းရုပ်လွှဲနဲ့ မမှတ်မိတော့လောက်အောင် သရုပ်ဆောင်နိုင်တဲ့နေရာမှာတော့ Tilda Swinton ကို ချန်ထားခဲ့လို့ မရပါဘူး။ Suspiria နဲ့ The Grand Budapest Hotel ဇာတ်ကားတွေမှာ တွန့်လိတ်နေတဲ့ အရေပြားတွေနဲ့ အသက်ကြီးကြီး ဇာတ်ကောင်စရိုက်တွေမှာ အံ့ဝင်ခွင်ကျ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

၁၁။ Cate Blanchett

အအောင်မြင်ဆုံး အနုပညာရှင်ဆိုတာ ဇာတ်ကောင်စရိုက်မှာ ပရိတ်သတ်တွေ စီးမျောသွားနိုင်စေဖို့ သရုပ်ဆောင်နိုင်သူတွေကို ခေါ်ဆိုတာပါ။ Cate Blanchett ဆိုတဲ့ မင်းသမီးကြီးကတော့ အအောင်မြင်ဆုံးအနုပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထပ်တူညီစွာ Manifesto မှာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ချောမွေ့လှတဲ့ အသားအရည်ကို ရုပ်ဆိုးအောင်ပြုလုပ်ပြီး မုတ်ဆိတ်မွှေးအတုတွေနဲ့ မညီမညာညစ်ပတ်လှတဲ့ သွားတွေကို ပြင်ဆင်ပြီး သရုပ်ဆောင်ခဲ့သူပါ။ shwekhitonlinetv.com

၁၂။ Halle Berry

မြန်မာပရိတ်သတ်နဲ့ မစိမ်းလှတဲ့ မင်းသမီးကြီး Halle Berry ကတော့ အက်ရှင်ဇာတ်ကားကောင်းများစွာနဲ့ ဒရမ်မာဇာတ်ကားများမှာ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်သူပါ။ Cloud Atlas ဇာတ်ကားမှာတော့ ဆေးမှင်တွေနဲ့ အရေပြားကို ဖုံးအုပ်ထားပြီး ပုံပန်းမကျလှတဲ့ ဆံပင်တို့နဲ့ ဇာတ်ကောင်စရိုက်အတိုင်း အံ့ဝင်ခွင်ကျ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

၁၃။ Christian Bale

ဆွဲဆောင်မှုရှိပြီး ယောက်ျားဆန်လှတဲ့ Christian Bale ကိုတော့ Vice ဇာတ်ကားမှာ ခပ်ဝဝအမျိုးသားတယောက်အဖြစ် တွေ့မြင်ရမှာပါ။ အသက် ၄၈နှစ်ရှိပြီဖြစ်ဝဲ့ Christian Bale ကတော့ အခုချိန်ထိလည်း အောင်မြင်မှုများကို ဆောင်ယူနိုင်နေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၄။ Eddie Redmayne

ဇာတ်ကောင်စရိုက်နဲ့ အံခွင်ဝင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တွေကို ရေတွက်မယ်ဆိုရင်တော့ Eddie Redmayne ကိုလည်း ထည့်တွက်ရပါမယ်။ The Theory of Everything မှာ Stephen Hawking ပုံစံအတိုင်း ထပ်တူညီသရုပ်ဆောင်နိုင်ခဲ့သလို The Danish Girl မှာတော့ Gay တယောက်ပုံစံအဖြစ် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply