လူတိုင်းမထင်မှတ်လောက်အောင် ထူးဆန်းတဲ့ဒီဇိုင်းများကို တီထွင်ဖန်တီးခဲ့တဲ့ ဒီဇိုင်နာများရဲ့ လက်ရာများ

တခါတရံမှာ ထူးဆန်းပြီး အများနဲ့မတူ တမူထူးခြားတဲ့ ဒီဇိုင်းများကို ဖန်တီးနိုင်ဖို့အတွက် အချိန်ယူရလေ့ရှိပါတယ်။ ဒါပေမယ့်လည်း အခုဖော်ပြပေးမယ့် ဒီဇိုင်းများကိုတော့ တီထွင်ဖန်တီးသူတွေဟာ အချိန်ယူပြီး မစဥ်းစားခဲ့သလို ဖြစ်သလိုဖန်တီးခဲ့ကြတယ်လို့ ယူဆရပါတယ်။ ဒီလို ဖြစ်သလိုဖန်တီးပြုလုပ်မှုတွေကပဲ ထူးဆန်းပြီး ရယ်စရာဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် ဖြစ်ကတတ်ဆန်းတီထွင်ဖန်တီးခဲ့တဲ့ ဒီဇိုင်နာတွေရဲ့ ထူးဆန်းပြီးရယ်စရာကောင်းတဲ့ ပစ္စည်းများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ ဆင်ရဲ့ အီးအီးပါတဲ့ အပေါက်က ကလေးကစားစရာလျှော

ကလေးကစားကွင်းတခုမှာရှိတဲ့ လျှောတခုရဲ့ ရယ်ရမလို ငိုရမလို ဖြစ်စေတဲ့ ဒီဇိုင်းကို တွေ့ရမှာပါ။ ဆင်အကြီးကြီးတခုနဲ့ ချိတ်ဆက်ထားတဲ့ လျှောတခုဖြစ်တာကြောင့် ကလေးငယ်တွေကတော့ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ရပါတယ်။ shwekhitonlinetv.com

၂။ ရှက်တတ်သူများအတွက် ပါးစပ်လိုက်ကာ

အစားစားတဲ့အခါ ကိုယ့်ပါးစပ်မှာ ပေကျံသွားမှာ ဒါမှမဟုတ် ပလုတ်ပလောင်းစားနေတာကို လူမြင်သွားမှာ စိုးရိမ်တဲ့အခါ အသုံးပြုဖို့အတွက် ဖြစ်ပါတယ်။ ဒီပါးစပ်လိုက်ကာကို တပ်ထားပြီး စားသောက်မယ်ဆိုရင်တော့ နှုတ်ခမ်းကိုလက်နဲ့ကာပြီး စားစရာမလိုတော့ပါဘူးနော်။ အသုံးတည့်မယ်လို့ထင်ရပေမယ့်လည်း ဒီလိုတပ်ပြီးစားမယ်ဆိုရင်တော့ လူထူးလူဆန်းအဖြစ် အားလုံးအကြည့်ကို သိမ်းပိုက်မိမယ်ထင်ပါတယ်။ shwekhitonlinetv.com

၃။ ဘေးချင်းကပ်ရပ်အိမ်သာနှစ်လုံး

အိမ်သာထဲကို စုပြုံပြီးဝင်တတ်တဲ့ မိန်းကလေးတွေအတွက် တချိန်တည်းမှာ အလုပ်ဖြစ်စေမယ့် အိမ်သာပဲ ဖြစ်ပါတယ်။ ဒီလို ကြံကြံဖန်ဖန်တည်ဆောက်ထားတဲ့ မိန်းကလေးအိမ်သာကိုတော့ ဆွီဒင်နိုင်ငံ Gothenburg မြို့မှာ တွေ့ရမှာပါ။ shwekhitonlinetv.com

၄။ အသုံးမဝင်တဲ့ ဓာတ်လှေကားနှစ်ခု

အမြင့်ပေအနည်းငယ်သာရှိတဲ့ နေရာတခုမှာ ရိုးရိုးလှေကားမဟုတ်ပဲ ဓာတ်လှေကားကို တပ်ဆင်ထားကို တွေ့ရမှာပါ။ ခပ်နိမ့်နိမ့်နေရာတခုမှာ တပ်ဆင်ထားတဲ့ ဓာတ်လှေကားရဲ့ လုပ်ဆောင်ချက်ကတော့ တကယ့်ကို စဥ်းစားစရာပါပဲ။ ဒါပေမယ့် နောက်ပိုင်းကာလတွေမှာတော့ အဆိုပါလှေကားနှစ်ခုရဲ့ ထိပ်မှာအုတ်နံရံတခုကို ပိတ်ကာလိုက်ပြီး ဓာတ်လှေကားနှစ်ခုကိုပါ ရပ်နားလိုက်ပါတယ်။ shwekhitonlinetv.com

၅။ အိမ်သာအကြီးကြီးဘေးက အိမ်သာသေးသေးလေး

ထိုင်ဝမ်နိုင်ငံမှာတွေ့မြင်ရမယ့် အိမ်သာအကြီးနဲ့ အိမ်သာအသေးလေး ဖြစ်ပါတယ်။ ကလေးငယ်ရှိတဲ့ မိဘတွေအတွက် ရည်ရွယ်ပြီးဆောက်လုပ်ထားတာလို့ ယူဆရပါတယ်။ မိခင် ဒါမှမဟုတ် ဖခင်လည်း အိမ်သာအသုံးပြုရင်း ကလေးငယ်ကိုလည်း စောင့်ပေးနိုင်စေဖို့ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အဆိုးဝါးဆုံးလျှောစောက်

ကလေးကစားကွင်းတခုမှာ တွေ့မြင်ရတဲ့ အဖုအထစ်များနဲ့ လျှောစောက်ဖြစ်ပါတယ်။ လျှောစောက်တွေကို ကလေးတွေကစားတဲ့အခါ လျှောချပြီးကစားတာအပြင် အဆိုပါလျှောစောက်ရဲ့ ဆန့်ကျင်ဘက်အပေါ်ကို ကုတ်ကတ်တက်ပြီးလည်း ကစားတတ်ပါသေးတယ်။ ဒီလိုအခြေအနေတွေကြောင့် လျှောစောက်ကနေ ပြန်တက်နိုင်ဖို့အတွက် အဖုအထစ်တွေ တပ်ဆင်ခဲ့တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း သူတပ်ဆင်ထားတဲ့ အဖုအထစ်တွေကြောင့် လျှောစီးလို့တော့ ဘယ်လိုမှရတော့မှာ မဟုတ်ပါဘူး။ shwekhitonlinetv.com

၇။ မှန်အကွဲတွေကို သန့်ရှင်းနိုင်ဖို့အတွက် တံမြက်စည်း

မှန်အိမ်ထဲမှာ တံမြက်စည်းနဲ့ ဂေါ်ပြားတခုကို ထည့်ထားပြီး မှန်ကွဲတဲ့အခါ သန့်ရှင်းရေးလုပ်ဖို့အတွက်လို့ ရေးထားတာကို တွေ့ရမှာပါ။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဒီလိုဖန်တီးထားလဲဆိုတာ မသိနိုင်ပေမယ့် တကယ့်ကို အသုံးမဝင်ပဲ ကြောင်တောင်တောင်နိုင်တဲ့ အိုင်ဒီယာပါပဲနော်။ shwekhitonlinetv.com

၈။ ရေချွေတာနိုင်စေဖို့

ရေချွေတာနိုင်စေဖို့အတွက် လက်ဆေးကန်နဲ့ အိမ်သာရေဆွဲချတဲ့ကန်ကို တဆက်တည်းဖန်တီးပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အိမ်သာများမှာလည်း ဒီလိုရေချွေတာတဲ့ နည်းစနစ်ကို တွေ့ရှိနိုင်ပြီး ကမ္ဘာအနှံ့အပြားမှာလည်း အဆိုပါနည်းစနစ်အတိုင်း ကျင့်သုံးနေတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၉။ စိတ်ကသိကအောက်ဖြစ်စေတဲ့ လှေကား

တိုနေတဲ့ လှေကားထစ်လေးတခုကြောင့် ကြည့်ရတာကို ဘယ်လိုမှအဆင်မပြေဖြစ်စေမယ့် ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုကြောင့် လှေကားတခုလုံးမှာ ဒီနေရာလေးတခုပဲ ကွက်ပြီးတိုသွားလဲဆိုတာ တီထွင်ဖန်တီးသူပဲ သိနိုင်မှာပါ။ shwekhitonlinetv.com

၁၀။ ပြောင်းပြန်ဖြစ်နေတဲ့ မီးစိမ်းနဲ့ မီးနီ

ပုံမှန်အခြေအနေတွေမှာ ဘက်ထရီတွေကို အားသွင်းတဲ့အခါ အားမရှိတော့ရင် အနီရောင်နဲ့ ပြသပြီး အားဝင်ပြီး အားပြည့်တဲ့အခါ မီးစိမ်းနဲ့ ပြသလေ့ရှိပါတယ်။ ဒါပေမယ့် ပုံမှာတွေ့မြင်ရတဲ့ ရိတ်စက်တခုကတော့ အားပြည့်နေရင် မီးနီနဲ့ပြသပြီး အားသွင်းဖို့လိုအပ်တဲ့အချိန်မှာဆိုရင်တော့ မီးစိမ်းနဲ့ ပြသပါတယ်။ မျက်စိလည်အောင် တီထွင်ဖန်တီးထားတဲ့ ရိတ်စက်ကြောင့် အသုံးပြုရသူအဖို့ အဆင်မပြေနိုင်ပါဘူးနော်။ shwekhitonlinetv.com

၁၁။ အသုံးမဝင်ဖြစ်ခဲ့ရတဲ့ ပန်ကာ

ပန်ကာတွေကို တပ်ဆင်တဲ့အခါ လေဝင်လေထွက်မရှိတဲ့ နေရာ ဒါမှမဟုတ် အိမ်ရဲ့အတွင်းဘက်မှာ အအေးဓာတ်လိုချင်တဲ့အခါ တပ်ဆင်လေ့ရှိကြတာကို သိမှာပါ။ ဒါပေမယ့် ပုံမှာတွေ့မြင်ရတဲ့ပန်ကာကတော့ လေဝင်လေထွက်ကောင်းလှတဲ့ ဝရန်တာရဲ့ မျက်နှာကျက်ခပ်မြင့်မြင့်မှာ တပ်ဆင်ထားတာကို တွေ့ရမှာပါ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ပန်ကာကို ဝရန်တာမှာ တပ်ဆင်ထားတာလဲဆိုတာကိုတော့ အိမ်ပိုင်ရှင်တွေပဲ သိနိုင်မယ်ထင်ပါတယ်။ shwekhitonlinetv.com

၁၂။ ဝရန်တာက ရေချိုးဇလုံ

တိုးတက်ပြောင်းလဲလာတာနဲ့အမျှ လူတွေဟာ အိမ်သာတက်ရင်း ရေချိုးရင်းနဲ့ သဘာဝရှုခင်းတွေကို ခံစားကြည့်ချင်လာကြပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းအဆောက်အဦးတွေမှာ အိမ်သာရေချိုးခန်းတွေကို မှန်တွေနဲ့ကာရံပြီး ဆောက်လုပ်လာကြပါတယ်။ ဒါကြောင့်လည်း ပုံမှာတွေ့မြင်ရတဲ့ အဆောက်အဦးမှာ ရေချိုးကန်တွေကို ဝရန်တာမှာ ဆောက်လုပ်ထားတာကို တွေ့မြင်ရမှာပါ။ ရှူခင်းတွေကြည့်ရင်း ရေချိုးနိုင်ပေမယ့် လုံခြုံမှုတော့ ရရှိနိုင်မှာ မဟုတ်ပါဘူးနော်။ shwekhitonlinetv.com

၁၃။ ရေပိုက်ခေါင်းတွေများလွန်းတဲ့ ရေချိုးကန်

ရေချိုးကန်တခုမှာ ရည်ညွှန်းချက်တွေများပြားလွန်းတဲ့ ရေပိုက်ခေါင်းတွေကို တွေ့မြင်ရမှာပါ။ ရိုးရိုးရှင်းရှင်းကိုသာ ကြိုက်နှစ်သက်ကြတဲ့ ဒီနေ့ခေတ်မှာတော့ ဒီလိုရှုပ်ယှက်ခတ်နေတဲ့ ဒီဇိုင်းနဲ့ ရေချိုးကန်ဟာ အရမ်းကို ခေတ်နောက်ကျနေခဲ့မှာ အမှန်ပါပဲ။ shwekhitonlinetv.com

၁၄။ တိုလွန်းတဲ့ လိုက်ကာ

ရေချိုးခန်းမှာ ရေချိုးတဲ့အခါ လုံခြုံနိုင်ဖို့အတွက် ဖုံးကွယ်ပေးထားတဲ့ လိုက်ကာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပုံမှာတွေ့မြင်ရတဲ့ လိုက်ကာကတော့ ဘယ်နေရာကို ဖုံးပေးလဲဆိုတာ မသိနိုင်လောက်အောင်ကို သူ့ရဲ့ ရည်ရွယ်ချက်က ပျောက်ဆုံးနေပါတယ်။ ဒီလိုရေချိုးခန်းကိုသာ အသုံးပြုရမယ်ဆိုရင်တော့ ဘယ်လိုမှကို အဆင်မပြေနိုင်ပါဘူးနော်။ shwekhitonlinetv.com

၁၅။ အတွင်းခံပုံစံဖြစ်နေတဲ့ မီးဆိုင်း

ကြယ်လေးတွေ ကြွေကျလာသလို ဖြစ်စေမယ့် ဒီဇိုင်းနဲ့ ဖန်တီးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ စိတ်ကူးကောင်းခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ တောက်ပနေတဲ့ အတွင်းခံဘောင်းဘီအကြီးကြီးသာ ဖြစ်သွားစေခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။