မယုံကြည်နိုင်လောက်အောင် ထူးခြားဆန်းပြားလှတဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်များ

အခုတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကို ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ သူများတွေလိုမဟုတ်ဘဲ ထူးထူးဆန်းဆန်းတွေလုပ်ပြပြီး ဂင်းနစ်မှတ်တမ်းစံချိန်တင်ခဲ့ကြတဲ့ လူအချို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ အလေးဆုံးဓား (ချွန်ထက်သောအရာဝတ္ထု) ကို မျိုချပြသူ

၂၀၀၇ ခုနှစ်တုန်းက Thomas Blackthorne ဆိုတဲ့သူဟာ အလေးချိန် (၈၃) ပေါင် (၁၂) အောင်စလေးတဲ့ တူဓား (လမ်းတူးစက်) ကိုမျိုချပြီး (၃) စက္ကန့်ကြာအောင်နေပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာကမ္ဘာပေါ်မှာအလေးဆုံးဓား (ချွန်ထက်တဲ့အရာ) ကိုမျိုချပြနိုင်သူအဖြစ် ဂင်းနစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ သူ့အနေနဲ့အခြားသောဂင်းနစ်စံချိန်တွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ shwekhitonlinetv.com

၂။ အချိန်အကြာဆုံး Plank ထောက်နိုင်သူ

Plank ထောက်တာကတော့ Gym ဆော့သူတွေ Yoga လေ့ကျင့်ခန်း ပြုလုပ်သူတွေနဲ့ သိပ်မစိမ်းတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ သာမန်လူတစ်ယောက်အဖို့တော့ အများဆုံးမိနစ်ပိုင်းသာ Plank ထောက်နိုင်မှာဖြစ်ပေမယ့် တရုတ်နိုင်ငံသား Mao Weidong ဆိုသူကတော့ အချိန် (၈) နာရီနဲ့ (၁) မိနစ်ကြာအောင် Plank ထောက်ပြပြီး ဂင်းနစ်စံချိန်တင်ထားပါတယ်။ shwekhitonlinetv.com

၃။ မုတ်ဆိတ်မွှေးဖြင့်အလေးချိန်အများဆုံး မတင်နိုင်သူ

လစ်သူရေးနီးယား နိုင်ငံသား Mr Kontrimas ဆိုတဲ့သူကတော့ တစ်ကယ့်ကိုထူးထူးခြားခြား အာဂလူသားပါပဲ။ ဘာကြောင့်လဲဆိုတော့ သူ့မှာသန်မာလွန်းတဲ့ မုတ်ဆိတ်မွှေးတွေကိုပိုင်ဆိုင်ထားလို့ပဲဖြစ်ပါတယ်။ ဒီမုတ်ဆိတ်မွှေးတွေနဲ့ပဲသူဟာ အလေးချိန် (၆၃.၈၀) ကီလိုဂရမ်လောက်ကို ၂၀၁၃ ခုနှစ်ကမ ပြနိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ပြနိုင်တာကတော့ ကမ္ဘာပေါ်မှာ သူတစ်ဦးတည်းသာရှိပါသေးတယ်။ shwekhitonlinetv.com

၄။ အကြီးဆုံး ပင်ပေါင်ဘတ်တံ

သင်က Table Tennis အားကစားနည်းကိုနှစ်သက်တဲ့သူတစ်ယောက်ဖြစ်ပြီး အမြဲရှုံးလို့စိတ်ညစ်နေပါသလား ? ဒါဆိုရင်တော့ Rise Brands ကုမ္ပဏီကပြုလုပ်ခဲ့တဲ့ ဒီလိုပင်ပေါင်ဘတ်တံနဲ့ ဆော့ကြည့်ဖို့အကြံပြုပါရစေ။ ဟုတ်ပါတယ်။ ဒီဘတ်တံကြီးနဲ့ဆို တော်ရုံနဲ့ရှုံးနိမ့်မယ်လို့ မထင်တော့ပါဘူးနော်။ ဂင်းနစ်မှတ်တမ်းဝင်ခဲ့တဲ့ ဒီကမ္ဘာ့အကြီးဆုံးပင်ပေါင်ဘတ်တံကြီးကတော့ (၁၁) ပေ (၇.၈) လက်မ အမြင့်ရှိပြီး (၆) ပေ (၇.၈) လက်မ အကျယ်ရှိပါတယ်။ shwekhitonlinetv.com

၅။ မုတ်ဆိတ်မွှေးထဲသွားကြားထိုးတံ အများဆုံးထိုးထားနိုင်သူ

ဒီလူကတော့ကြံကြံဖန်ဖန်လုပ်ရပ်နဲ့ ဂင်းနစ်စံချိန်တင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Joel Strasser လို့အမည်ရတဲ့ဒီလူက သူ့ရဲ့မုတ်ဆိတ်မွှေးထဲမှာ သွားကြားထိုးတံအချောင်းပေါင်း (၃၅၀၀) ကိုထိုးထည့်ထားပြီး ဂင်းနစ်စံချိန်တင်ခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အကြီးဆုံးခါးလှည့်ကွင်းကို လှည့်ပြီးစံချိန်တင်ခဲ့သူ

သင်က Hula Hoop (ခါးလှည့်ကွင်း) တွေကိုလှည့်တာကျွမ်းကျင်တဲ့သူတစ်ယောက်ဆိုရင်တော့ Getti Kehayova လို့အမည်ရတဲ့ ဒီအမျိုးသမီးလိုမျိုး ဂင်းနစ်မှတ်တမ်းဝင်အောင်ကြိုးစားကြည့်သင့်ပါတယ်။ သူမက အချင်း (၁၇) ပေ (ဝ.၂၅) လက်မ ရှိတဲ့ ခါးလှည့်ကွင်းကိုလှည့်ပြီး ဂင်းနစ်စံချိန်တင်ထားတဲ့သူပါ။ shwekhitonlinetv.com

၇။ အချိန်အကြာဆုံး Kissing (အနမ်း) ပေးနိုင်သည့်စုံတွဲ

ထိုင်းနိုင်ငံက Ekkachai နဲ့ Laksana Tiranarat လို့အမည်ရတဲ့ စုံတွဲတစ်တွဲကတော့ အတော်လေးကိုကြံကြံဖန်ဖန်နိုင်လွန်းလှတဲ့ ဂင်းနစ်စံချိန်တစ်ခုကိုတင်နိုင်ခဲ့ပါတယ်။ ဒီစုံတွဲဟာ အချိန်အကြာဆုံးအနမ်းပေးရတဲ့ပြိုင်ပွဲတစ်ခုမှာ (၅၈) နာရီ (၃၅) မိနစ် (၅၈) စက္ကန့်ကြာအောင် မနားတမ်း အနမ်းပေးပြီး ဂင်းနစ်စံချိန်ပါတင်ခဲ့တာဖြစ်ပါတယ်။ ဘယ်လောက်တောင်လေ့ကျင့်ခဲ့ရသလဲတော့ မသိပါဘူး။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။