အသက် တစ်ချောင်း အပိုပါတယ်လို့ ခံယူထားတဲ့ အမျိုးသား (၁၀) ယောက်

Shwe Khit ပရိသတ်ကြီးရေ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက်ပိုပြီး ရှည်ရှည်နေနိုင်တယ်ဆိုတဲ့ အချက်ကို လက်ခံပါသလား ? တစ်ကယ်လို့ လက်မခံနိုင်ဘူးဆိုရင် အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ရင် သဘောပေါက်သွားမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအကြောင်းရင်းတွေကြောင့် အမျိုးသမီးတွေရဲ့ သက်တမ်းက ပိုရှည်ရလဲဆိုတာ အတူတူ လေ့လာကြည့်လိုက်ရအောင်နော် ။ shwekhitonlinetv.com

၁။ ဆရာကျတဲ့ သစ်ခုတ်သမား

ပုံထဲက အမျိုးသားကတော့ သစ်ပင်ဖြတ်တဲ့နေရာတွေမှာ တစ်ကယ့်ကို ဆရာကျလွန်းတဲ့သူပါပဲ ။ အပင်ပေါ် လှေကားတင်ပြီး တစ်ဖက်က လွှစက်နဲ့ ဖြတ်နေတာပါ ။ တစ်ကယ်လို့များ ဖြတ်လို့ မပြီးသေးခင် အပင်ကြီး လဲသွားလို့ကတော့ ဒီအမျိုးသားရဲ့ အနေအထားက တစ်ကယ့်ကို မတွေးရဲစရာပါပဲ ။ shwekhitonlinetv.com

၂။ နေရာမရွေး စားကြသူများ

အခုပုံကိုကြည့်လိုက်မယ်ဆိုရင် ဘေးက ဆိုင်းဘုတ်မှာရေးထားတာက ဒီဧရိယာအတွင်းမှာ အဆိပ်အတောက်တွေ ရှိနိုင်တာကြောင့် ဆေးလိပ်သောက်တာတို့ အစာစားတာတို့နဲ့ ရေသောက်တာတို့ မလုပ်ပါနဲ့ ပြောထားပါတယ် ။ ဒါပေမယ့်လည်း တားမြစ်ချက်တွေကို စိတ်မဝင်စားတဲ့ အမျိုးသားတစ်စုကတော့ အစားမပျက် ၊ အသောက်မပျက်ပါပဲ ။ shwekhitonlinetv.com

၃။ ကြံဖန်ပြီး အမြင့်တက်သူ

ဒီအမျိုးသားကတော့ ရုပ်ရှင်ဆန်ဆန် ကရိန်းနဲ့ကားကိုချည်ပြီး အပေါ်က အထပ်ကို တက်ပြနေတာပဲ ဖြစ်ပါတယ်။ တစ်ကယ်လို့ သင်ဟာ အထပ်မြင့်တွေကို တက်ဖို့ လှေကားက အဆင်မပြေဘူးဆိုရင်တောင် ဒီနည်းလမ်းကိုတော့ မသုံးတာ အကောင်းဆုံးပါပဲနော် ။ shwekhitonlinetv.com

၄။ မျက်လုံး အပိုပါသူ

နောက်ထပ် အန္တရာယ်ကို မကြောက်လန့်တတ်တဲ့သူ တစ်ယောက်ကတော့ အခု မြင်နေရတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။ ဂဟေဆော်တယ်ဆိုတာ အကာအကွယ်မပါပဲ အလုပ်လုပ်ရင် မျက်စိကို ပြင်းထန်စွာ ထိခိုက်စေပေမယ့်လည်း သူကတော့ ဒါတွေကို မမှုတဲ့ပုံစံပါပဲ ။ shwekhitonlinetv.com

၅။ သူငယ်ချင်းကို ယုံကြသူများ

အခုမြင်နေရတာကတော့ လှေကား မပါလို့ တစ်ယောက်ပေါ်တစ်ယောက်ဆင့်ပြီး ဓာတ်တိုင်ကို ပြင်ဆင်နေတဲ့ လျှပ်စစ်လုပ်သား တစ်စုပဲ ဖြစ်ပါတယ်။ ကြည့်လိုက်တာနဲ့တင် အတော်လေးကို အန္တရာယ်များလွန်းတဲ့ပုံစံမှန်း သိသာလှပါတယ်။ shwekhitonlinetv.com

၆။ အရှိန်ထိန်းနိုင်သူ

ပုံထဲက အမျိုးသားကတော့ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို လိုသလို ထိန်းချုပ်နိုင်တဲ့ပုံစံပါပဲ ။ ကားက ဖြေးဖြေးလေးနဲ့ တည့်သွားရင် ကိစ္စမရှိပေမယ့် အရှိန်ပြင်းပြင်းနဲ့ ကွေ့မိလိုက်ရင်တော့ ကားပေါ်ကလူနဲ့ ပစ္စည်းရဲ့ အနေအထားက မတွေးရဲစရာပါပဲ ။ shwekhitonlinetv.com

၇။ ဟန်ချက်ညီသူ

ဆိုင်းဘုတ်မှာရေးထားတာက လုပ်ငန်းခွင်အတွင်း လုံခြုံမှုရှိစေဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ ရေးထားတာပါ ။ ဒါပေမယ့်လည်း ဆိုင်းဘုတ်အပေါ်မှာ တက်ပြီး အလုပ်လုပ်နေတဲ့သူကတော့ ဒါတွေကို ဂရုစိုက်မအားတဲ့ပုံစံပါပဲ ။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ဆိုင်းဘုတ်ပေါ်ကို ဒီလူ ဘယ်လိုလုပ်ပြီး တက်သွားလဲ ဆိုတာပါပဲ ။ shwekhitonlinetv.com

၈။ ဆေးသုတ် ဆရာကျသူ

အခုပုံကို ကြည့်လိုက်မယ်ဆိုရင် တံခါးအပေါ်မှာ တက်ပြီး မကြောက်မလန့် ဆေးသုတ်နေတဲ့ အမျိုးသား တစ်ဦးကို တွေ့ရမှာပါ ။ တစ်ကယ်လို့များ အာ့ဒီအချိန်မှာ တစ်ယောက်ယောက်က တံခါးကို သတိမထားမိပဲ တွန်းလိုက်မိမယ်ဆိုရင်တော့ ပရိသတ်ကြီးပဲ ဒီအမျိုးသားအတွက် စဉ်းစားကြည့်ပေးလိုက်ပါတော့နော် ။ shwekhitonlinetv.com

၉။ ရဲတင်းလွန်းသူ

ပုံထဲမှာတော့ အမျိုးသားတစ်ဦးဟာ ဝရန်တာဘောင်ကို ဂန်းနဲ့ အပေါက်ဖောက်ဖို့ ကြိုးစားနေတဲ့ပုံပါပဲ ။ အာ့လိုဖောက်နေရင်း လက်ချော်သွားလို့ နေရာလွဲသွားမယ်ဆိုရင်တော့ သူ့အဖြစ်ကတော့ တစ်ကယ့်ကို မတွေးရဲချင်လောက်အောင်ပါပဲ ။ shwekhitonlinetv.com

၁၀။ သေနတ်ကို မကြောက်သူ

အခုလိုမျိုး Mirror Selfie ကတော့ လုံးဝကို မရိုက်သင့်ဘူးလို့ပဲ အကြံပေးပါရစေ ။ တစ်ခါတုန်းက အမျိုးသားတစ်ဦးဟာ အခုလိုမျိုး Selfie ရိုက်ရင်း ကျည်မတော်တဆ ထွက်သွားကာ အသက်ဆုံးရှုံးသွားတဲ့ ဖြစ်ရပ်ရှိခဲ့ဘူးပါတယ်။ အခုပုံထဲက အမျိုးသားကတော့ ဒီအန္တရာယ်တွေကို အလေးမထားတဲ့ ပုံပါပဲ ။ shwekhitonlinetv.com

ဒီလောက်ဆိုရင်တော့ အပေါ်မှာပြထားတဲ့ ပုံလေးတွေကို ဖတ်ကြည့်ပြီး အမျိုးသမီးတွေက ဘာကြောင့် အသက်ရှည်ရလဲဆိုတဲ့ အကြောင်းရင်းကို သဘောပေါက်မိကြမယ်လို့ ထင်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ပရိသတ်ကြီးအတွက် ထူးဆန်းတဲ့အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။