နှစ်ထောင်ချီကြာလဲ ဘယ်တော့မှ မပုတ်သိုးတဲ့ အစားအစာများ

မိမိတို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ တစ်ချို့အစားအစာတွေဟာ သတ်မှတ်ရက်ထက်ကျော်လွန် ပြီးမှစားသုံးရင် ဘေးထွက်ဆိုးကျိုးများစွာ ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ နှစ်ပေါင်းထောင်ချီကြာမြင့်ရင်တောင် သက်တမ်းကုန်ဆုံးပျက်စီးခြင်းမရှိတဲ့ အစားအစာတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ သဘာဝပျားရည်

အချို့က ပျားရည်ကို ဘုရားရဲ့ဆေး လို့တင်စားပြောဆိုကြပါတယ်။ အမှန်တကယ်လည်းပျားရည်က ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးစွမ်းနိုင်ပြီး ခန္ဓာကိုယ်အလှအပအတွက်လည်းများစွာ အသုံးတည့်လှပါတယ်။ သဘာဝအတိုင်းရှိနေတဲ့ ပျားရည်ကို ဘက်တီးရီးယားပိုးမွှားတွေဖျက်စီးနိုင်စွမ်း မရှိတာကြောင့် တစ်ချို့ပျားရည်တွေဆို နှစ်ထောင်နဲ့ချီပြီးသက်တမ်းရှိတယ်လို့သိရပါတယ်။ ဒီအချက်ကို ရှေးဟောင်းသုတေသန ပညာရှင် Dr. Elizabeth Trattner က အီဂျစ်ဂူသချိၤုင်းထဲမှာ ရှာဖွေတွေ့ရှိတဲ့ နှစ် (၃,၀၀၀) သက်တမ်းရှိပျားရည်နဲ့ သက်သေပြဖူးပါတယ်။ shwekhitonlinetv.com

၂။ ဆား

သန့်စင်တဲ့ Sodium Chloride (အိမ်သုံးဆား) ဟာဆိုရင်နှစ်ပေါင်း သန်းနဲ့ချီပြီးကို ထားသိုလို့ရတယ်လို့ သိရပါတယ်။ ဒါတင်မကသေးပါဘူး ဆားဟာ အခြားအစားအစာတွေမှာရှိနေတဲ့ ရေဓာတ်ကိုထုတ်ယူပေးပြီး ကြာရှည်စွာ သိုလှောင်ထားဖို့ပြုလုပ်ပေးနိုင်ပါသေးတယ်။ shwekhitonlinetv.com

၃။ ရှာလကာရည်

ပန်းသီးရှာလကာရည်ဆိုတာကတော့ အလှအပကျန်းမာရေးအတွက် အလွန်အသုံးဝင်လှတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အစာအိမ်နာကျင်တဲ့ဝေဒနာကို သက်သာစေသလို ခန္ဓာကိုယ်အလေးချိန်လျော့ချလိုသူတွေအတွက်လည်း သင့်တော်လှပါတယ်။ ရှာလကာရည်မှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်ကြောင့် မိမိကိုယ်ကို ထိန်းသိမ်းထားပြီးသားဖြစ်စေပြီး အခြားအစားအစာ တွေလို အအေးဓာတ်လည်း မလိုပါဘူး။ ဒါ့အပြင် ရှာလကာရည်ကို အသုံးပြုပြီး အခြားအစားအစာ တွေကိုလည်း ကြာရှည်ခံအောင်ပြုလုပ်လို့ရပါတယ်။ shwekhitonlinetv.com

၄။ သကြား


သကြားကလည်း ဆားလိုပါပဲ အစိုဓာတ်နဲ့ အပူဒဏ်တွေကနေ ရှောင်ရှားပြီး ထားသိုမယ်ဆိုရင်အစဉ်အမြဲတည်ရှိ နေနိုင်တယ်လို့သိရပါတယ်။ ဒီနေရာမှာတစ်ခုရှိတာကတော့ သန့်စင်ထားတဲ့ သကြားကို ဆိုလိုတာမဟုတ်ဘူးဆိုတာပါပဲ။ shwekhitonlinetv.com

၅။ မချက်ပြုတ်ရသေးတဲ့ဆန်

အပူအအေးမျှတတဲ့ နေရာမှာသာထားမယ်ဆိုရင် ဆန်ဟာလည်းအချိန်ကာလကြာမြင့်စွာ သိုမှီးထားလို့ ရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ချွင်းခြက်တစ်ခုအနေနဲ့ကတော့ ဆန်တိုင်းအထားအသိုမခံဘဲ ဆန်ကြမ်းအများစုသာ ဒီလို အထားခံတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ယမကာများ

အဖျော်ယမကာတွေဟာ ဆိုရင်လည်း နှစ်ကာလကြာမြင့်တဲ့အထိအထားခံတဲ့အစားအစာတွေထဲမှာ ထည့်သွင်းသတ်မှတ်လို့ရပါတယ်။ ၎င်းတို့ဟာ လေနှင့်ထိတွေ့ပြီး အောက်စီဂျင်ဓာတ်တိုးခြင်းဖြစ်စဉ်ဖြစ်ပေါ်မှ သာ ဖွဲ့စည်းတည်ဆောက်ပုံဆုံးရှုံးကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ပြောင်းမှုန့်

ပြောင်းဖူးအစေ့အဆံတွေကို ကြိတ်ထားတဲ့ ပြောင်းမှုန့်တွေဟာလည်း လုံခြံုံတဲ့နေရာမှာသာ သိုလှောင်ထားမယ်ဆိုရင် ၎င်းတို့ကိုမစိုစွတ်သရွေ့ ပျက်စီးသွားခြင်းမရှိဘူးလို့သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။