ကမ္ဘာပေါ်က အသားစားကြမ်းတဲ့ အပင် (၇) မျိုးအကြောင်း

အပင်တွေဆိုတာက ​မရွေ့လျားနိုင်ပဲတစ်နေရာတည်းမှာသာ ရပ်တည်နေထိုင်ကြတဲ့ သက်ရှိတွေဖြစ်ပါတယ်။ အပင်အများစုကတော့ နေရောင်ခြည်ကရရှိလာတဲ့ ဓါတ်တွေကို အစာအဖြစ် ချက်လုပ်ပြီး အသက်ရှင်နေထိုင်ကြပါတယ်။ အခု ပြောပြပေးသွားမယ့် အပင်တွေကတော့ နေရောင်ခြည်က ရတဲ့ ဓာတ်တွေကို မှီခိုစားသောက်ကြတဲ့အပြင် သတ္တဝါတွေရဲ့ အသားကိုလည်းစားသုံးတဲ့ အပင် အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Tropical Picther Plant

ပစ်ချာအပင်တွေဟာ အက်စစ်ဓါတ်လွန်ကဲတဲ့ မြေကြီးတွေပေါ်မှာ သသာဝအတိုင်းပေါက်ရောက်လေ့ရှိပြီး အသားစားကြမ်းတဲ့အပင်တွေအဖြစ် နာမည်ကျော်ကြားလှပါတယ်။ အရှေ့တောင်အာရှတစ်ဝိုက်နဲ့ သြစတြေးလျနိုင်ငံတို့မှာ အများဆုံးတွေ့နိုင်ပါတယ်။ အဆိုပါ ပစ်ချာအပင်တွေရဲ့ မျိုးစိတ်ပေါင်းကလည်း (၁၄၀) ကျော်ရှိပြီး အဲဒီထဲမှာမှ အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ ပစ်ချာအပင်တွေကတော့ အတော်လေး အသားစားကြမ်းတဲ့ အပင်တွေလို့ဆိုနိုင်ပါတယ်။ shwekhitonlinetv.com

ပစ်ချာအပင်တွေရဲ့ အစာတွေထဲမှာ အင်းဆက်တွေ သာမက ပုတ်သင်ညိုအကောင်ငယ်တွေ၊ ဖားပြုတ်တွေနဲ့ အခြားနို့တိုက်သတ္တဝါငယ်လေးတွေက အစ ပါဝင်လေ့ရှိပါတယ်။ ပစ်ချာအပင်တွေဟာ အဆိုပါအကောင်ဗလောင်တွေကို စားသုံးပြီးသွားပြီးနောက်မှာတော့ အဆိုပါ အစာတွေကို ခြေဖျက်ဖို့အတွက်ကလည်း အချိန် (၂) လလောက်အထိ ကြာမြင့်ပါတယ်။ shwekhitonlinetv.com

၂။ Cobra Lily

အရောင်အသွေးပေါင်းစုံနဲ့ မြင်လိုက်တာနဲ့ စိတ်အေးချမ်းသွားစေမယ့် လီလီပန်းတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ အင်မတန်ကိုမှ လှပတဲ့ ပန်းတွေပဲဖြစ်ပြီး တကူးတက စီးပွားဖြစ် စိုက်ပျိုးကြတဲ့သူတွေလည်းရှိပါတယ်။ အခုပြောပြပေးသွားမယ့် အပင်ကတော့ ကော်ဘရာလီလီဆိုတဲ့ အပင်က လီလီပန်းတွေလိုမျိုးလှပတဲ့ အပင်တစ်ပင်တော့မဟုတ်ပါဘူး။ ဒါ့အပြင် ကော်ဘရာလီလီတွေဟာ သတ္တဝါလေးတွေ၊ အင်းဆက်တွေကို ဖမ်းယူစားသောက်တတ်တဲ့အသားစားအပင်တွေလည်း ဖြစ်နေပါတယ်။ shwekhitonlinetv.com

သူ့ရဲ့ ပုံစံကတော့ မြွေတစ်ကောင် ပါးပျဉ်းထောင်နေတဲ့ ပုံစံဖြစ်တာကြောင့် သူ့ကို ကော်ဘရာလီလီလို့ခေါ်ကြတာဖြစ်ပါတယ်။ အပင်ရဲ့အခေါင်းပေါက်ထဲက ဝင်လာတဲ့ အင်းဆက်တွေကို အလွတ်မပေးပဲ စားသုံးတက်တဲ့ အပင်တစ်မျိုးပါ။ အပင်ရဲ့ အတွင်းနံရံကို တည်ဆောက်ထားပုံကလည်း ပါးလျတဲ့ အကွက်တွေနဲ့မို့ အင်းဆက်တွေအတွက်တော့ မကြာခဏဆိုသလိုပဲ အဆိုပါအကွက်တွေမှာ သွားရောက်ကပ်ငြိတွယ်နေတတ်ကြပါတယ်။ ဒီလိုကပ်ငြိချိန်မှာ အင်းဆက်ဟာ လွတ်မြောက်ရေးအတွက် ရုန်းကန်ပေမယ့်နောက်ဆုံး ခြေကုန်လက်ပန်းကျပြီး အရှုံးပေးလိုက်ရချိန်မှာတော့ အင်းဆက်ရဲ့ ခန္ဓာကိုယ်ဟာ အပင်ရဲ့ အောက်ဆုံးအထိကျသွားခဲ့ကာ ကော်ဘရာလီလီအပင်ရဲ့အစာအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။ shwekhitonlinetv.com

၃။ Portuguese Sundew

ဒီအပင်ကတော့ အသားစားအပင်တွေထဲမှာ စနစ်တကျ လှုပ်ရှားနိုင်တဲ့ အပင်တစ်ပင်ဖြစ်ပါတယ်။ ပေါ်တူဂီဆန်ဒူးဆိုတဲ့ နာမည်အတိုင်း ပေါ်တူဂီနိုင်ငံမှာ များများစားစားတွေ့နိုင်မယ့်အပင်တွေဖြစ်ပါတယ်။ ဒီအပင်ဟာလည်း အခြားသော အသားစားအပင်တွေလိုမျိုး အင်းဆက် အကောင်ဗလောင်တွေကို ရနံ့နဲ့ အရင်ဆုံးဆွဲဆောင်ပါတယ်။ အဆိုပါ ရနံ့ဟာ အင်းဆက်တို့ သိပ်ကြိုက်တဲ့ ရနံ့တစ်မျိုးဖြစ်ပြီး အဲဒီရနံ့ရလိုက်တာနဲ့အင်းဆက်တွေဟာ လုံးဝကို မနေနိုင်ကြတော့ပါဘူး။ ဂေါ်တူဂီဆန်ဒူးအပင်ရဲ့ လှပတဲ့ မာယာကျော့ကွင်းအောက်မှာ အင်းဆက်တွေ အပြင်၊ လိပ်ပြာတွေ၊ ပျားပိတုန်းတွေ၊ ယင်ကောင်တွေ ကျရောက်လေ့ရှိပြီး အပင်ရဲ့ အစာအဖြစ်လည်း ဘဝပြောင်းသွားလေ့လည်းရှိပါတယ်။ shwekhitonlinetv.com

အင်းဆက်တွေဟာ အပင်ရဲ့ ကိုင်းပေါ်နားလိုက်ချိန်မှာ ကိုင်းကနေ ထွက်ရှိလာတဲ့အစေးဓါတ်ကြောင့် လှုပ်ရှားလို့မရနိုင်အောင်ဖြစ်သွားပါတော့တယ်။ ဒီအချိန်မှာတော့ ယခင်က ငြိမ်သက်နေတဲ့ အပင်ရဲ့ လက်တံရှည်တွေဟာ စတင်လှုပ်ရှားလာပြီး ကျော့ကွင်းထဲရောက်ရှိနေတဲ့ အင်းဆက်ကို အပြတ်ရှင်းဖို့ ရောက်ရှိလာပါတော့တယ်။ ဒီလိုနည်းနဲ့ သတ္တဝါတွေကို စားသုံးပြီး ပေါ်တူဂီဆန်ဒူးအပင်ဟာ အသက်ရှင်နေထိုင်တာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Roridula

ရိုရစ်ဂျုလာအပင်တွေဟာ တောင်အာဖရိကနိုင်ငံမှာပဲ အတွေ့များတဲ့ အပင်တစ်ပင်ပဲဖြစ်ပါတယ်။ အပင်ရဲ့ လက်တံတွေမှာ အမွှေးအမျှင်တွေပါရှိပြီး ထိုအမွှေးအမျှင်တွေကို တခြားအသားစားအပင်တွေလိုမျိုး သားကောင်တွေကို ဖမ်းဆီးရာမှာ အသုံးချလေ့ရှိပါတယ်။ ရိုရစ်ဂျုလာအပင်ရဲ့ လက်တံတွေဟာ စေးကပ်တဲ့အရာတွေပါဝင်ပြီး ယင်ကောင်လိုအင်းဆက်တွေ ဝင်ရောက်လာချိန်မှာတော့ ယင်ကောင်ဟာ ပြန်ထွက်နိုင်စွမ်းမရှိတော့ဘဲ တစ်ခါတည်းကို ဘဝနိဂုံးအဆုံးသတ်ကို ရောက်ရှိသွားပါတော့တယ်။ သိပ်မကြာခင်မှာတော့ ဒီအပင်တွေဖမ်းထားတဲ့ အင်းဆက်အသေတွေကို စားမယ့် – ပိုးမွှားတွေဟာ ရောက်ရှိလာပြီး သေဆုံးနေပြီးသားဖြစ်တဲ့ အင်းဆက်အသေကောင်ကို စားသောက်ပါတော့တယ်။ အဆိုပါ ပိုးကောင်မွှားကောင်တွေဟာ ရိုရစ်ဂျုလာအပင်က ဖမ်းဆီးပေးထားတဲ့ အင်းဆက်အကောင်တွေကို စားသုံးပြီးချိန်မှာတော့ စွန့်ပစ်အညစ်အကြေးတွေကို ထုတ်လုပ်ခဲ့ပါတယ်။ shwekhitonlinetv.com

ရိုရစ်ဂျုလာအပင်အတွက်တော့ အဆိုပါ ပိုးမွှားကောင်တွေရဲ့ စွန့်ပစ်အညစ်အကြေးဟာ အစာဖြစ်ပြီး လုံလောက်တဲ့ အာဟာရဓါတ်ကို အဆိုပါ အညစ်အကြေးတွေကနေပဲ ရရှိခဲ့တာပါ။ ဆိုရရင် ရိုရစ်ဂျုလာအပင်တွေဟာ ပိုးကောင်မွှားကောင်တွေ စားဖို့ အစားအစာတွေကို မာယာနဲ့ သတ်ဖြတ်ဖန်တီးပေးခဲ့ပြီး ထိုပိုးမွှားတွေကျန်ရှိနေခဲ့တဲ့ အညစ်အကြေးကိုမှ အစာအဖြစ် စားတယ်ဆိုတော့ အစာကွင်းဆက်သဘောတရားနဲ့ကြည့်ရင် မျိုးစိတ် ၂-ခု အတွက်အလုပ်လုပ် ပေးတဲ့ အသားစားအပင်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Venus Flytrap

နတ်သမီးထောင်ချောက်လို့ လူသိများတဲ့ (Venus Flytrap) ကိုတော့ အသားစားတဲ့ အပင်တစ်ပင်အဖြစ် လူသိများကြပါတယ်။ ကျောင်းစာသင်ခန်းတွေမှာ သင်ကြားခဲ့ရတဲ့ အပင်တစ်ပင်ဖြစ်ပြီး အပြင်ဘက်မှာလည် အပင်အရေအတွက်များများစားစားရှိနေတဲ့ အပင်တွေလည်းဖြစ်ပါတယ်။ သူတို့တွေရဲ့ ပွင့်အာနေတဲ့ ပွင့်ရွက်တွေပေါ်မှာ လာနားတဲ့ အင်းဆက်တွေကို ဖမ်းယူစားသောက်တဲ့ အပင်လည်းဖြစ်ပါတယ်။ နတ်သမီးထောင်ချောက်အပင်တွေရဲ့ မူလမျိုးစိတ်က မြောက်ကာရိုလိုင်းနားပြည်နယ်တစ်ဝိုက်မှာဖြစ်ပြီး အခုအချိန်မှာတော့ မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတွေမှာလည်း စိုက်ပျိုးထားနိုင်တာ တွေ့ရပါတယ်။ shwekhitonlinetv.com

အဆိုပါအပင်တွေဟာ အသားစားအပင်တွေလို့ဆိုပေမယ့် လူတွေအတွက်တော့ အန္တရာယ်မရှိတဲ့ အပင်တွေလည်း ဖြစ်တာကြောင့် စိတ်ချလက်ချစိုက်ပျိူးထားလို့ရတဲ့ အပင်ပါ။ တကယ်တော့ နတ်သမီးထောင်ချောက်အပင်တွေဟာ ဆေးဖက်လည်း ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ နတ်သမီးထောင်ချောက်အပင်တွေဟာ ကာနီိဗိုရာ (Carnivora) လို့ခေါ်တဲ့ ဆေးတစ်မျိုးကို ထုတ်လုပ်ပေးနိုင်စွမ်းရှိတဲ့ အပင်တစ်ပင်ဖြစ်ပြီး အဆိုပါ ကာနီဗိုရာဟာ အရေပြားကင်ဆာ၊ HIV နဲ့ အသက်ကြီးရင့်သူတွေရဲ့ အဆစ်အမြစ်ကိုက်ခဲမှုကိုလျော့ချတဲ့နေရာမှာ အသုံးပြုပါတယ်။ shwekhitonlinetv.com

၆။ Waterwheel Plant

ဝါးတားဝှီးဆိုတဲ့ နာမည်ဆိုတဲ့အတိုင်း ဒီအပင်တွေဟာ ရေနေအသားစားအပင်တွေဖြစ်ပါတယ်။ အပင်ရဲ့ ထူးခြားချက်ကတော့ အမြစ်လုံးဝမရှိဘဲ ရှင်သန်နိုင်တာပါ။ဝါးတားဝှီးအပင်တွေဟာ ကန်ရေပြင်ရဲ့ မျက်နှာပြင်ပေါ်မှာပဲမျောပါနေတဲ့ အပင်တွေ ဖြစ်ပြီး ရေထဲမှာ ရှိနေတဲ့ အင်းဆက်တွေ၊ ရေလာသောက်တဲ့ အင်းဆက်တွေကို ဖမ်းယူစားသောက်တတ်တဲ့အပင်တွေပဲဖြစ်ပါတယ်။ အင်းဆက်တွေကို စားဖို့ ခွက်လို ပုံသဏ္ဌာန်အဆင်းရှိတဲ့အရာပေါင်း ငါးခုကနေ ကိုးခုအထိ ရှိတတ်ပါတယ်။ အင်းဆက်တွေကို ဖမ်းယူတဲ့နေရာမှာလည်း အလွန်မြန်ဆန်တဲ့ အသားစားအပင်လို့လည်း နာမည်ကြီးတဲ့ အပင်တစ်ပင်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Moccasin Plant

ရုတ်တရက်ကြည့်လိုက်ရင် ပန်းအိုးငယ်လေးတစ်အိုး အပင်တစ်ပင်ပေါ်မှာတွယ်ကပ်ညှိနေတယ်လို့ ထင်ရတဲ့ အပင်တစ်မျိုးပဲဖြစ်ပါတယ်။ သူတို့ဟာလည်း အသားစားအပင်မျိုးနွယ်တစ်ခုဖြစ်ပြီး အင်းဆက်တွေကို စားရာမှာ နာမည်ကြီးတဲ့ အပင်တွေဖြစ်ပါတယ်။ မော့ကစင်အပင်တွေဟာလည်း အင်းဆက်တွေကိုဖျားယောင်းသွေးဆောင်းဖို့အတွက် အလွန်အရသာရှိတဲ့ အနံ့တစ်မျိုးကို ထုတ်လုပ်ပါတယ်။ အင်းဆက်တွေရောက်ရှိလာချိန်မှာတော့ သူတို့ရဲ့ အဖုံးတွေကို အုပ်ဖုံးလိုက်ကာ တစ်ခါတည်း ဖမ်းယူထားလိုက်ပါတော့တယ်။ ဖမ်းယူရရှိထားတဲ့အင်းဆက်တွေကို အစာအဖြစ်ချက်လုပ်ပြီးလိုအပ်တဲ့ အာဟာရဓါတ်တွေကို ထုတ်ယူစားသောက်ကြပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။