ထူးခြားတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ စူပါ ပါဝါ လူသားများ

ကမ္ဘာပေါ်မှာ လူဦးရေသန်းထောင်ပေါင်းများစွာရှိတာကိုတာ့ ရွှေခေတ်ပရိသတ်ကြီးအားလုံး သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် အဲ့ဒီလူတွေထဲမှာမှ သာမာန်လူတွေနဲ့မတူဘဲ ထူးခြားတဲ့ စွမ်းရည်တွေကိုပိုင်ဆိုင်ထားကြတဲ့ လူထူးလူဆန်းတွေကလည်း ရှိနေပြန်ပါတယ်။

အခုဖော်ပြပေးမှာကတော့ ဒီလို လူထူးလူဆန်းတွေထဲက နာမည်ကျော်တဲ့ ပုဂ္ဂိုလ်အချို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Liew Thow Lin (သံလိုက် လူသား)

သံလိုက်စွမ်းရည်များရှိတဲ့ လူထူးလူဆန်းတွေထဲမှာ Liew Thow Lin လို့အမည်ရှိတဲ့ တရုတ်လူမျိုးတစ်ဦးကတော့ Magnet Man ဆိုပြီး အတော်လေးကို ကျော်ကြားလှပါတယ်။ အဆိုပါ တရုတ်လူမျိုးဟာ သံထည်တွေတင်မကဘဲ မည်သည့်သတ္တုပစ္စည်းမဆိုသူ၏ခန္ဓာကိုယ်ပေါ်မှာ ကပ်ထားနိုင်စွမ်းရှိပါတယ်။  shwekhitonlinetv.com

မလေးရှားနည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင်များရဲ့ စမ်းသပ်ချက်အရ Liew Thow Lin ရဲ့အရေပြားမှာ ပွတ်တိုက်အားအလွန်မြင့်မားကြောင်း တွေ့ရှိရပြီး ဒီဖြစ်စဉ်ကြောင့် အရာဝတ္ထုတွေကို ခန္ဓာကိုယ်မှာကပ်နေအောင် စုပ်ယူထားနိုင်တာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ Mr.Ngoc (ဘယ်တော့မှ မအိပ်တဲ့ လူသား)

ဒီလူအတွက်တော့ ကော်ဖီဆိုတာ လိုမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ သူက (၄၃) နှစ်လုံးလုံး အိပ်စက်ခြင်းမရှိဘဲ နိုးကြားနေလို့ပဲဖြစ်ပါတယ်။ Mr. Ngoc ဟာ ဗီယက်နမ် အမျိုးသားတစ်ဦးဖြစ်ပြီ သူ့ကိုမွေးဖွားခဲ့တဲ့ ၁၉၄၂ ခုနှစ်ကစပြီး အိပ်မပျော်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရသူဖြစ်ပါတယ်။  shwekhitonlinetv.com

သူဟာ အဲ့ဒီလိုမျိုး မအိပ်တဲ့အတွက် အိပ်ရေးမဝသော်လည်း စိတ်ပိုင်းဆိုင်ရာ အနေအထားအရတော့ ကျန်းမာနေဆဲဖြစ်တဲ့အပြင် နေ့စဉ် လုပ်ငန်းဆောင်တာတွေ (အလေးအပင်မသလို ပင်ပန်းတဲ့အလုပ်တွေ) ကိုလည်း ပုံမှန်အတိုင်း ပြုလုပ်နေနိင်ပါသတဲ့။ shwekhitonlinetv.com

၃။ Shi Liliang (ရေပေါ် လမ်းလျှောက်သူ)

ကိုယ်ဖော့ပညာကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတဲ့ Shi Liliang အတွက်တော့ ရေပေါ်မှာလမ်းလျှောက်ရတာ အံ့သြစရာတော့မဟုတ်ဘူးလို့သိရပါတယ်။  shwekhitonlinetv.com

ဒီ ရှောင်လင် ဘုန်းတော်ကြီးဟာ ရေမျက်နှာပြင်ပေါ်မှာ ၁၂၅ မီတာ (ပေ ၄၀၀ ကျော်) ပြေးပြီး ၂၀၁၅ ခုနှစ်တုန်းက ကမ္ဘာ့စံချိန်တင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ shwekhitonlinetv.com

၄။ Ben Underwood (လင်းနို့ လူသား)

Ben Underwood ဆိုသူကတော့ သူ့မျက်စိနှစ်ဖက်စလုံးမှာ Retinoblastoma ဆိုတဲ့ မွေးရာပါကင်ဆာတစ်မျိးကို ခံစားခဲ့ရသူဖြစ်ပါတယ်။ ဒါကြောင့် သူဟာကလေးဘဝကတည်းက အမြင်အာရုံ ပျောက်ဆုံးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အရာဝတ္ထုတွေရဲ့ ချိုးချိုးချွတ်ချွတ်အသံတွေကို အထူးနားစွင့်ပြီးသတိပြုခဲ့ပါတယ်။  shwekhitonlinetv.com

လက်ရှိအချိန်မှာတော့ သူဟာဗီဒီယိုဂိမ်းကစားခြင်း၊ စက်ဘီးစီးခြင်း၊ စကိတ်စီးခြင်း၊ သစ်ပင်တက်ခြင်းတို့ကို ကောင်းမွန်စွာပြုလုပ်နိုင်တယ်လို့ သူ့ရဲ့မိခင်ကဆိုသည်။ ဒါတင်မကသေးဘဲ Ben ဟာ ပဲ့တင်သံကိုအမှောင်ထဲတွင် (လိုဏ်ဂူအတွင်းရှိ လင်းနို့များကဲ့သို့) သွားလာဖို့ အသုံးပြုနိုင်တယ်လို့လည်းသိရပါတယ်။  shwekhitonlinetv.com

၅။ Michel Lotito (အကုန် စားနိုင်တဲ့ လူသား)

ဒီပြင်သစ်ဖျော်ဖြေးရေး ပညာရှင်တစ်ဦးကတော့ ဘယ်အရာကိုမဆိုစားနိုင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ရာဘာ၊ သတ္ထု၊ ကြွေထည်၊ ဖန်ထည် စသဖြင့်အရာအားလုံးကို စားပစ်နိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ပြောကြားချက်အရတော့ လေယာဉ်ပျံတစ်စီးလုံးကိုတောင် စားပစ်နိုင်တယ်ဆိုပဲ။  shwekhitonlinetv.com

မယုံမရှိပါနဲ့ တစ်ကယ်စားနိုင်စွမ်းရှိတယ်ဆိုတာ မျက်မြင်တွေးဖူးသူတွေက သူ့ဘက်ကနေလောင်းကြေးထပ်ရဲပါသတဲ့။ ကဲ .. ဘယ်လိုတောင် အံ့သြဖွယ်ရာ အစွမ်းသတ္တိတွေပိုင်ဆိုင်ထားတဲ့ လူတွေပါလိမ့်နော် …. shwekhitonlinetv.com

နောက်ထပ်လည်း ဒီလိုစိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေကို ရွှေခေတ် ပရိသတ်ကြီးအတွက် ကြိုးစားရှာဖွေ တင်ဆက်ပေးသွားပါ့မယ်နော်။ ပရိသတ်ကြီးရော ဒီလို စူပါပါဝါ ရရှိထားတဲ့ သူတွေကို ဘယ်လို မြင်လဲဆိုတာ ပြောပေးသွားပါဦးနော် … shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။