မိုက်ကယ်ဂျက်ဆင် ဝတ်ခဲ့တဲ့ အဝတ်အစားတွေရဲ့ နောက်ကွယ်က လျို့ဝှက်ချက်များ

ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘာကျော် အနုပညာရှင်ကြီး မိုက်ကယ်ဂျက်ဆင်ကိုတော့ ပရိသတ်ကြီးအားလုံးလည်း မှတ်မိနေကြဦးမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com

မိုက်ကယ်ဟာ အဆို၊ အကစွယ်စုံရတဲ့သူတစ်ဟောက်ဖြစ်သလို တီထွင်ဖန်တီးမှုအပိုင်းမှာလည်း ထးချွန်တဲ့ပါရမီရှိသူတစ်ဦးဆိုလည်းမမှားပါဘူး။ ဒါကြောင့် သူတီထွင်ဖန်တီးခဲ့တဲ့ သူမတူတဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်တွေနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက် အချို့ကို တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁။ ပွဲပြီးခါနီးလေ ဝတ်စုံဆိုဒ်သေးလာလေ။

မိုက်ကယ်ဂျက်ဆင်ဟာ Live Concert တွေမှာ မခိုမကပ်ဘဲ ရှိသမျှအားအင်တွေအသုံးပြုပြီး အစွမ်းကုန်ကြိုးစားကာ ပရိသတ်တွေကို ဖျော်ဖြေလေ့ရှိတဲ့သူဖြစ်ပါတယ်။ ဖျော်ဖြေပွဲအတွင်း ကပြသွားတဲ့ သူ့ရဲ့ကကွက် တော်တော်များများဟာလည်း အားစိုက်ထုတ်ပြီးကရတဲ့ ကကွက်တွေပါ။ shwekhitonlinetv.com

ဒါကြောင့် ဒီလိုပွဲတွေပြီးတဲ့အခါ သူ့အနေနဲ့ (၅) ပေါင်လောက် ခန္ဓာကိုယ်အလေးချိန်ကျသွားလေ့ရှိပြီးသူရဲ့ခါးကလည်း တစ်လက်မလောက် ပိုပိန်သွားတတ်ပါသတဲ့။ ဒါကြောင့် သေချာသတိထားကြည့်ရင် ကိုယ်ကျပ်ဝတ်တဲ့ မိုက်ကယ်ရဲ့ အဝတ်အစားတွေဟာ ဖျော်ဖြေပွဲပြီးခါနီးလေ ပိုပြီး ဆိုဒ်သေးလာလေဆိုတာ တွေ့မြင်နိုင်မှာပါ။ shwekhitonlinetv.com

၂။ လက်တစ်ဖက်ထဲမှာ အမြဲဝတ်တဲ့လက်အိတ်။

မိုက်ကယ်ရဲ့ လက်တစ်ဖက်မှာ အရေပြားရောဂါတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒါကိုဖုံးကွယ်ဖို့အတွက်မိုက်ကယ်က အဲ့ဒီလက်ကို လက်အိတ်ဝတ်ဆင်ခဲ့ပါတယ်။ ပုံမှန်အတိုင်းဆို လက်အိတ်ကနှစ်ဖက်ဝင်ဆင်ရမှာဖြစ်ျပမယ့် မိုက်ကယ်ကတစ်ဖက်တည်းမှာပဲ ဝတ်ဆင်ခဲ့ပြီး အများသံသယမဖြစ်အောင် ဒီလက်အိတ်ကိုစိန်စီကာ ဖက်ရှင်တစ်ခုအနေနဲ့ ဝတ်ဆင်ခဲ့သယောင် အာရုံလွှဲနိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

၃။ အနီရောင် လက်မောင်းစည်း ။

မိုက်ကယ်ဂျက်ဆင်က သူ့အဝတ်အစား၊ ဖက်ရှင်တွေကို အခြားသူတွေနဲ့ မတူစေချင်ပါဘူး။ ဒါဟာ သူ့အင်္ကျီလက်တစ်ဖက်မှာ လက်မောင်းစည်းလေးထားရခြင်းရဲ့ အဓိက အကြောင်းပြချက်ပါ။ ဒါက သူ့ရဲ့ကိုယ်ပိုင်ဖက်ရှင်ပုံပန်းသဏ္ဌာန်ကို ခွဲခြားသိမြင်စေပါတယ်။ ဒါ့ပြင် မိုက်ကယ်က သူ့ပရိသတ်တွေဘာကြောင့် အဲဒီ့လက်မောင်းစည်း ဝတ်ထားသလဲလို့တွေးချင်အောင်လုပ်ထားတာလဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Jacket ပေါ်က (၇၇၇) ။

မိုက်ကယ်က သူ့မွေးချင်းတွေထဲမှာ (၇) ယောက်မြောက်ဖြစ်ပါတယ်။ နောက်ပြီး သူမွေးတာက ၁၉၅၈ ခုနှစ်မှာဖြစ်ပါတယ်။ (၁၉) + (၅၈) ရဲ့ ပေါင်းလဒ်က (၇၇) လေ။ ဒါက သူ့ Jacket ပေါ်က (၇၇၇) ရဲ့အဓိပ္ပါယ်လို့သိရပါတယ်။ shwekhitonlinetv.com

၅။ အမြဲတမ်းအဖြူရောင်ခြေအိတ်ပဲဝတ်တဲ့ မိုက်ကယ်။

မိုက်ကယ်ဟာ အမြဲတမ်းခြေအိတ်အဖြူကိုပဲဝတ်ဆင်လေ့ရှိသူဆိုတာ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ ဒါဟာ အဖြူရောင်ကို မိုက်ကယ်ဟာ နှစ်သက်လို့ဆိုတာထက်ပိုတဲ့ အကြောင်းပြချက်တွေရှိနေပါတယ်။ သိပ္ပံနည်းကျသုံးသပ်ချက်တွေအရတော့ အဖြူရောင်ဟာ အလင်းပြန်နိုင်တာကြောင့် သူ့ရဲ့ခြေချောင်းလှုပ်ရှားမှုတွေကို ပရိသတ်တွေပိုမိုအာရုံစိုက်စေနိုင်တယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

ဒါကတော့မိုက်ကယ်ရဲ့ သူများနဲ့မတူဘဲ သိသာစွာကွဲပြားနေနတဲ့ ဝတ်စားဆင်ယင်မှုဖက်ရှင်အဆန်းတွေထဲက ရွှေခေတ် ပရိသတ်တွေ စိတ်ဝင်စားနိုင်လောက်မယ့် အချက်လေးတွေကို ကောက်နှုတ်ဖော်ပြခဲ့ခြင်းပဲဖြစ်ပါတယ်။  shwekhitonlinetv.com

ပရိသတ်ကြီးရော မိုက်ကယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကို ဝေမျှပေးခဲ့ပါဦးနော် …

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။