ကမ္ဘာပေါ်က ထူးဆန်းတဲ့ နယ်နိမိတ်စည်းမျဉ်း ရှိကြတဲ့ နိုင်ငံများ

အခုတစ်ခါ ရွှေခေတ်ပရိသတ်တွေကိုဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာပါ်မှာရှိတဲ့နိုင်ငံတွေရဲ့ ထူးဆန်းအံ့သြဖို့ကောင်းတဲ့ နယ်နိမိတ်စည်းမျဉ်းတွေ အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဘယ်လိုမျိုး ထူးခြားတဲ့နယ်နမိတ်စည်းမျဉ်းတွေက နိုင်ငံနှစ်နိုင်ငံကြားကို ပိုင်းခြားထားလဲဆိုတာကို ဆက်လက်ဖတ်ရှုပေးကြပါဦးနော် … shwekhitonlinetv.com

ပိုလန် နှင့် ယူကရိန်း

ပိုလန် နဲ့ ယူကရိန်း နယ်စပ်က အေးချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ နယ်စပ်တစ်ခုဖြစ်ပါတယ်။ ဒီနယ်စပ်မှာတော့ လယ်ယာမြေတွေကို ငါးပုံသဏ္ဏန်ဖန်တီးပြီး အလှဆင်ထားပါတယ်။ အဆိုပါနေရာမှာ နှစ်စဉ်ပွဲတော်တစ်ခု ကျင်းပလေ့ရှိပြီး အဲ့ဒီ ပွဲတော်ကိုတော့ `The Land Art Festival´ လို့အမည်ပေးထားပါတယ်။ shwekhitonlinetv.com

အမေရိကန် နှင့် ကနေဒါ

ကမ္ဘာပေါ်မှာ အရှည်ဆုံး နယ်စည်းခြားမျဉ်းကတော့ အမေရိကန် နဲ့ ကနေဒါနိုင်ငံ ကို ပိုင်းခြားထားတဲ့မျဉ်းဖြစ်ပါတယ်။ မိုင်ပေါင်း (၅၅၀၀) ဝန်းကျင်ရှည်လျားပြီး မြောက်မှတောင်ဆိုရင်တော့ အမေရိကန်နိုင်ငံပိုင် အလာစကာ နဲ့ ကနေဒါနိုင်ငံပိုင် ယူကွန်းပြည်နယ် ကိုလည်းကောင်း အရှေ့အနောက်ဆိုရင်ရင်တော့ အမေရိကန် နိုင်ငံပိုင် ပြည်နယ် (၁၂) ခုနဲ့ ကနေဒါနိုင်ငံပိုင် စီရင်စု (၇) ခုကိုတာက်လျောက် ပိုင်းခြားထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

တရုတ် နှင့် နီပေါ

တရုတ်နဲ့ နီပေါနိုင်ငံကို ပိုင်းခြားထားတဲ့ အရာကတော့ ကမ္ဘာပေါ်မှာအမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်ကြီးပဲဖြစ်ပါတယ်။ ဒီထက်ပိုမိုကောင်းမွန်ပြီး ကြီးကျယ်တဲ့ နယ်မြေပိုင်းခြားတဲ့ အရာကတော့ မရှိလောက်ဘူးထင်ပါရဲ့။ shwekhitonlinetv.com

ဂျာမနီ နှင့် နယ်သာလန်

ဒီနယ်ခြားစည်းမျဉ်းကတော့ အဆောက်အဦးတစ်ခုတည်းမှာ ရှိနေတာဖြစ်ပြီး ဂျာမနီနဲ့ နယ်သာလန် နိုင်ငံကို ပိုင်းခြားထားတာပဲဖြစ်ပါတယ်။ ဒီနယ်နိမိတ်မျဉ်းရဲ့တစ်ဖက်မှတာ့ ဂျာမနီနိုင်ငံရဲ့ စာတိုက်ပုံးနဲ့ ရဲအရာရှိတစ်ဦးရှိနေပြီး အခြားတစ်ဖက်မှာတော့ နယ်သာလန် နိုင်ငံရဲ့စာတိုက်ပုံးနဲ့ ရဲအရာရှိတစ်ဦး ရှိနေပါတယ်။ တစ်ချိန်တည်းမှာ နိုင်ငံ (၂) နိုင်ငံကို တစ်ပြိုင်နက်ရောက်ချင်တယ်ဆိုရင်တော့ ဒီနေရာကိုသွားသင့်ပါတယ်နော် … shwekhitonlinetv.com

ဆွီဒင် နှင့် နော်ဝေ

ဆွီဒင်နှင့်နော်ဝေ နိုင်ငံတို့ကိုတော့ Svinesund လို့အမည်ပေးထားတဲ့ ပေါင်းကူးတံတားနဲ့ ကန့်သတ်ခွဲခြားထားပါတယ်။ ဒီပေါင်းကူးတံတားက ဆွီဒင်နိုင်ငံ Strömstad မြို့နဲ့ နော်ဝေနိုင်ငံ Halden မြို့ကိုဆက်သွယ်ထားတာဖြစ်ပြီး တံတားပေါ်မှာတော့ ဘယ်ဘက်ခြမ်းကိုဆွီဒင်နဲ့ ညာဘက်နော်ဝေနိုင်ငံတို့က ပိုင်ဆိုင်ကြောင်းဖော်ပြထားပါတယ်။ shwekhitonlinetv.com

ဟုတ်ကဲ့ အခုဖော်ပြပေးသွားတာကတော့ ကမ္ဘာပေါ်က ထူးဆန်းတဲ့ နယ်နိမိတ်စည်းမျဉ်းတွေ ရှိကြတဲ့ နိုင်ငံတွေထဲက နိုင်ငံအချို့ကို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ထပ်လည်း အလျဉ်းသင့်သလို စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ရွေးချယ်တင်ဆက်ပေးသွားပါမယ်နော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။