Shwe Khit ပရိသတ်ကြီးရေ ဒီတစ်ခေါက်မှာတော့ တက်တူးထိုးထားတဲ့ မိန်းကလေးတစ်ယောက်က အင်တာနက်ပေါ်ကို ထူးဆန်းတာ တစ်ခု ဝေမျှပေးလိုက်ပါတယ်။ shwekhitonlinetv.com

ဒါကတော့ သူမရဲ့ တက်တူးမထိုးခင်ကပုံတွေနဲ့ ထိုးပြီးသားပုံတွေကို ယှဉ်ပြပေးထားတာပါ။ သူမရဲ့ တက်တူးမထိုးခင်ပုံနဲ့ ထိုးပြီးသားပုံတွေ ဘယ်လိုတောင် ကွာခြားမှုရှိနေလဲဆိုတာ ကြည့်လိုက်ပါအုန်းနော်။ shwekhitonlinetv.com

သူမရဲ့ နာမည်ကတော့ Amber Luke ဖြစ်ပြီး ဩစတေးလျ Model တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ တစ်ကိုယ်လုံးကို တက်တူးအပြည့်ထိုးဖို့အတွက် ပေါင် ၂ သောင်း ကျော်လောက် ကုန်ကျခဲ့ပါတယ်။ ဒီလောက်ငွေကုန်သွားတဲ့ အကြောင်းရင်းက တစ်ကိုယ်လုံးကို တက်တူးအပြည့်ထိုးတဲ့အပြင် မျက်လုံးပါ တက်တူးထိုးလိုက်တာကြောင့်ပါ။ shwekhitonlinetv.com

Amber ဟာ Cele တစ်ယောက်ဖြစ်ပြီး သူမရဲ့ Instagram အကောင့်မှာ Follow လုပ်ထားသူပေါင်း (၈)သောင်းကျော်လည်း ရှိပါတယ်။ shwekhitonlinetv.com
အသက် (၂၄) နှစ်ရှိပြီဖြစ်တဲ့ Amberဟာ အရင်တစ်ချိန်တုန်းက တက်တူးလုံးဝ မထိုးရသေးတဲ့ပုံနဲ့ အခုလက်ရှိပုံရိပ်တို့ကို ယှဉ်တွဲပြီး ပြလိုက်တဲ့ အခါမှာတော့ ကြည့်ရသူအပေါင်းကို အတော်လေး အံ့သားသင့်စေသွားခဲ့ပါတယ်။ shwekhitonlinetv.com

Amber ရဲ့ ပထမဦးဆုံး တက်တူးကိုတော့ အသက် (၁၄) နှစ်မှာ စတင်ထိုးခဲ့တာ ဖြစ်ပြီး အခုဆိုရင်တော့ သူမကိုယ်ပေါ်မှာ တက်တူး အခု ( ၁၀၀ ) ကျော်နီးပါး ရှိနေပြီပဲ ဖြစ်ပါတယ်။
Amber ဟာ အခုလို မျိုး တက်တူးထိုးတဲ့ အပေါ်မှာ နောင်တ လုံးဝမရပဲ အရင်ကထက်ပိုပြီး စိတ်ပိုင်းဆိုင်ရာမှာ ကြံ့ခိုင်မှု ပိုရှိလာတယ်လို့လည်း ပြောခဲ့ပါတယ်။ shwekhitonlinetv.com

Amber ဟာ အခုလက်ရှိမှာတော့ နာမည်ကြီး ဖက်ရှင်ကြော်ငြာတွေနဲ့ မဂ္ဂဇင်း မျက်နှာဖုံးတွေအတွက် ကြော်ငြာပေးနေရပြီး အောင်မြင်တဲ့လူတစ်ယောက် ဖြစ်လို့နေပါပြီ။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။