ထူးဆန်းတဲ့ အကြောင်းအရင်းတွေကြောင့် မီးရထားလမ်း လုံးဝ မရှိတဲ့ နိုင်ငံများ

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းလိုလိုမှာတော့ မီးရထားတွေဆိုတာ ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းကနေ ယနေ့အထိ အခြေခံကျကျ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ အသုံးချနေတဲ့ အရာတွေဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း တစ်ချို့ကမ္ဘာ့နိုင်ငံတွေမှာတော့ မီးရထားသယ်ယူပို့ဆောင်ရေးစနစ် မရှိဘူးလို့သိရပါတယ်။ ဒါကြောင့် ဒီလိုမီးရထားမရှိတဲ့နိုင်ငံတွေကို ရွှေခေတ်ပရိသတ်ကြီးအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးမယ်ဆိုရင်တော့ …. shwekhitonlinetv.com

၅။ အိုက်စလန်

ဥရောပတိုက်က အိုက်စလန်နိုင်ငံမှာလည်း အများပြည်သူအသုံးပြုနိုင်တဲ့ မီးရထားလမ်းတွေရှိမနေပါဘူး။ ဒါပေမယ့် မီးရထားစက်ခေါင်းအဟောင်းတွေနဲ့ မီးရထားလမ်းအဟောင်းတွေကိုတော့ ပြတိုက်လိုနေရာမျိုးမှာတွေ့ရှိရနိုင်ပါတယ်။ shwekhitonlinetv.com

၄။ အိုမန်

အရှေ့အလယ်ပိုင်းဒေသက အိုမန်နိုင်ငံမှာလည်း အဓိကရထားလမ်းတွေမရှိပါဘူး။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်သွယ်ဖို့အတွက် မီးရထားလမ်းတွေဖောက်လုပ်ဖို့ အစီအစဉ်တော့ရှိတယ်လို့သိရပါတယ်။ ချွင်းချက်အနေနဲ့ (Al Hoota) လိုဏ်ဂူမှာတော့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် လိုဏ်ဂူကိုကြည့်ရှုလေ့လာဖို့ ပြေးဆွဲပေးတဲ့ ရထားလေးတွေရှိပါတယ်။ ဒီရထားလေးတွေက (၄) မိနစ်လောက်ကြာတဲ့ ခရီးစဉ်အတွက် ခရီးအကွာအဝေး ပေ (၁၃၀၀) လောက်ကိုပြေးဆွဲပေးတာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ ယီမင်

ယီမင်မှာ ရထားလမ်းမရှိတာဟာ နိုင်ငံရဲ့ စီးပွားရေးအခြေအနေဆိုးရွားခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာတော့ အိမ်နီးခြင်းနိုင်ငံတွေနဲ့ ယှဉ်ရင် ဆက်သွယ်ရေး၊ အခြေခံအဆောက်အဦး အစရှိတဲ့အပိုင်းတွေမှာ ယီမင်ဟာ အများကြီးနိမ့်ကျလျက်ရှိပါတယ်။ လက်ရှိအချိန်မှာတော့ ယီမင်အစိုးရအနေနဲ့ လမ်းပန်းဆက်သွယ်ရေးကို ယခုထက်ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ဖို့ အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ ဆိုမာလီယာ

ဆိုမာလီယာမှာရှိတဲ့ တစ်ခုတည်းသော ရထားလမ်းက (Mogadishu-Villabruzzi Railway) ဖြစ်ပြီး အီတလီတို့တည်ဆောက်ခဲ့တာဖြစ်တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။ (The Shebelle) မြစ်နဲ့ စိုက်ပျိုးရေး ဧရိယာတွေကိုသာ အများဆုံးဆက်သွယ် သွားလာခဲ့ပြီး (၁၉၄၀) အရောက်မှာ ဗြိတိသျှတွေက ဒီရထားလမ်းကိုဖျက်ဆီးခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာ ပြန်လည်ပြုပြင်ခြင်းမရှိတော့ဘူးလို့သိရပါတယ်။ shwekhitonlinetv.com

၁။ ချက်ဒ်

ချက်ဒ် နိုင်ငံရဲ့ အထွေထွေသယ်ယူ ပို့ဆောင်ရေးစနစ်နဲ့ အခြေခံအဆောက်အဦးတွေကတော့ အတော်လေးကို အားနည်းလှတယ်လို့ဆိုနိုင်ပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရဲ့ အရှေ့ပိုင်းနဲ့မြောက်ပိုင်းတွေမှာဖြစ်ပါတယ်။ မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးကတော့ အနောက်တောင်ပိုင်းဒေသတွေသာ အသုံးတည့်ပါတယ်။ ကင်မရွန်းနဲ့ ဆူဒန်နိုင်ငံတွေကတော့ ရထားလမ်းပန်းဆက်သွယ်ရေးအတွက် ချက်ဒ် အစိုးရထံ ကမ်းလှမ်းမှုတွေပြုလုပ်ထားပါတယ်။ shwekhitonlinetv.com

ဒီစာရင်းမှာပါဝင်တဲ့နိုင်ငံတွေထဲ မှာ အိုက်စလန် နဲ့ အိုမန်က လွဲရင်ကျန်တဲ့နိုင်ငံတွေက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းမှာ ပါဝင်တဲ့နိုင်ငံတွေဖြစ်ခြင်း၊ ကျယ်ဝန်းတဲ့ နိုင်ငံဧရိယာရှိပေမယ့် လူဦးရေသိပ်သည်းမှုခြင်း၊ တောင်ကုန်းတောင်တန်းထူထပ်ခြင်း စတဲ့ အချက်တွေကလည်း ရထားပို့ဆောင်ရေးစနစ် မရှိခြင်းရဲ့ အဓိကအကြောင်းရင်းတွေပဲဖြစ်ပါတယ်နော် … shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply