ဗရုတ်သုတ်ခတွေ မဖြစ်ခင် လျှပ်တပြတ် ရိုက်ကူးမိခဲ့တဲ့ ဓာတ်ပုံ (၁၀) ပုံ

အခုတစ်ခေါက် တင်ဆက်ပေးသွားမှာကတော့ ဓာတ်ပုံအလန်းလေးတွေ အတွက် သေချာပြင်ဆင် ရိုက်ကူးခဲ့ပေမဲ့ အဆင်မပြေဖြစ်သွားရတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ် shwekhitonlinetv.com

တစ်ခါတစ်လေမှာ သေချာအချိန်ယူ ရိုက်ကူးခဲ့ပေမဲ့ အမှတ်တမဲ့ အခြေအနေ တချို့ကြောင့် အခုလို အဆင်မပြေနိုင်တဲ့ အခြေအနေလေးတွေ ကြုံဖူးကြပြီလား ပရိတ်သတ်ကြီးရေ shwekhitonlinetv.com

၁။ ကိတ်မုန့်တစ်ခုရဲ့ ရာဇဝင်

အစားအသောက် လှလှလေးတွေ မြင်ရင် ဓာတ်ပုံရိုက်တတ်တဲ့ အကျင့် ရှိကြမယ် ထင်ပါတယ်နော်။ ပုံထဲက မိန်းကလေးကလည်း ကိတ်မုန့်လှလှလေးကို သူမနဲ့ အတူတူ မှတ်တမ်းတင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံရိုက်လိုက်တဲ့ အခါမှာတော့ မထင်မှတ်ပဲ ကိတ်မုန့်က ပြုတ်ကျပြီး သူမရဲ့ အခုလို အရမ်း ထိတ်လန့်သွားတဲ့ ပုံဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ ပုံလှလှလေးလည်း မရသလို ကိတ်မုန့်လည်း မစားရတော့ဘူးပေါ့နော်။ shwekhitonlinetv.com

၂။ မှန်တံခါးကို အနမ်းပေးလိုက်တဲ့ မိန်းကလေး

မှန်တံခါးကို ဝင်တိုက်ရင်း လက်ထဲမှာ ကိုင်ထားတဲ့ အချိုရည်ခွက်တွေနဲ့ တကယ့်ကို မသက်မသာ အနေအထားဖြစ်နေတဲ့ မိန်းကလေးကို တွေ့ရမှာပါ။ အခုလို ဖြစ်သွားတဲ့ အနေအထားကတော့ တော်တော်ကို အရှိန်ပြင်းပြင်းနဲ့ ပြေးလာရာက မှန်ကို မမြင်ပဲ တိုက်မိသွားတဲ့ ပုံစံပါပဲနော်။ မျက်နှာကို ကြည့်လိုက်တာနဲ့ သူမရဲ့ ခံစားချက်ကို သိသွားမယ် ထင်ပါတယ်။ shwekhitonlinetv.com

၃။ လေပေါ်ပျံနေတဲ့ စူပါဝူးမန်း

စူပါဝူးမန်းလို့တော့ မထင်လိုက်ပါနဲ့နော် ။ စက်ဘီးရဲ့ ရှေ့ဘီးက မြောင်းအဖုံးမှာ ညပ်သွားခဲ့တာကြောင့် ပုံထဲကလို လေပေါ်ဝဲနေတဲ့ ဒီဇိုင်း ဖြစ်သွားရတာပါ။ အခုလို အခြေအနေကို အမိအရ မှတ်တမ်းတင်လိုက်နိုင်တဲ့ ဓာတ်ပုံရိုက်တဲ့သူကိုတော့ တကယ့်ကို ချီးကျုးစရာပဲနော်။ shwekhitonlinetv.com

၄။ ဆိုင်ကယ်သမားရဲ့ ဆေးရုံမရောက်ခင် အခိုက်အတန့်

ပုံတစ်ခုလုံးကို ရုတ်တရက် ကြည့်မယ်ဆိုရင်တော့ သာမန်ထက် မပိုတဲ့ ပုံရိပ်လို့ ထင်ရမှာပါနော်။ သေချာကြည့်လိုက်မယ်ဆိုရင်တော့ ဆိုင်ကယ်သမားရဲ့ ရှေ့ဘီးချော်ထွက်သွားတဲ့ ပုံကိုတွေ့ရမှာပါ။ ဆိုင်ကယ်သမားရဲ့ ရှေ့ဘီးချော်တာကို သိလိုက်ရတဲ့ ခဏမှာပဲ စိုးရိမ်သွားတဲ့ မျက်နှာသွင်ပြင်ကို အမိအရ ရိုက်ကူးလိုက်နိုင်တဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အဖွဲ့လိုက် အမှတ်တရ အလွဲ

ပါတီ တစ်ခုမှာ အဖွဲ့လိုက်စုပြီး ဓာတ်ပုံရိုက်ထားတဲ့ ပုံလေး ဖြစ်ပါတယ်။ ဘယ်လောက်ပျော်စရာကောင်းနေလဲဆိုတာ ပုံထဲက သူတို့ရဲ့ မျက်နှာလေးတွေဟာ သက်သေပါပဲနော်။ ပုံထဲမှာ အားလုံးဟာ ပျော်ရွှင်ပြီး လှပနေပေမဲ့ အင်္ကျီအဖြူရောင်နဲ့ ကောင်လေးရဲ့ လက်ထဲက အရက်အချို့ ဖိတ်ကျနေခဲ့တာပါ။ ဓာတ်ပုံရိုက်ပြီးသွားတဲ့ အခါမှာတော့ ဘယ်လိုတွေ အော်ဟစ်ပြီး ဘယ်လိုတွေ လွဲနေမလဲဆိုတာ မြင်ယောင်နေမယ် ထင်ပါတယ်။ အမှတ်တမဲ့ကနေ အမှတ်တရ ဖြစ်သွားစေမယ့် ပုံရိပ်လေးဖြစ်သွားမှာတော့ အသေအချာပါပဲနော်။ shwekhitonlinetv.com

၆။ နှင်းလျှောစီးခဲ့သူ

ကော်ဖီခွက်ကို ကိုင်ထားတဲ့ အမျိုးသားတစ်ဦး နှင်းတွေကြားထဲမှာ ချော်လဲသွားတာကို တွေ့ရမှာပါ။ သူ လျှောက်လာတဲ့ လမ်းက ကုန်းလျှောအဆင်း ဖြစ်နေပြီး နှင်းတွေနဲ့ ဖုံးနေတာကြောင့်လည်း ချော်လဲရတာ ဖြစ်ပါတယ်။ နှင်းတွေကြားထဲမှာ ချော်လဲရုံသာမက ကော်ဖီပူပူတွေပါ လက်ပေါ်ဖိတ်ကျမယ့် အဖြစ်က တော်တော်ကို ဆိုး၀ါးနေပါပြီနော်။ shwekhitonlinetv.com

၇။ ရေမစိုခင် အခိုက်အတန့်

အိန္ဒိယနိုင်ငံမှာရှိတဲ့ ကျောင်းတစ်ခုရှေ့မှာ ကျောင်းသားကျောင်းသူတွေ စု၀ေးကာ ဓာတ်ပုံရိုက်နေခဲ့ကြတာ ဖြစ်ပါတယ်။ အဖွဲ့လိုက် ပုံထဲမှာ အလှဆုံး အကောင်းဆုံး ဖြစ်ဖို့ ကြိုးစားနေခဲ့တာကြောင့် အပေါ်မှာ ရေလောင်းဖို့ ကြံစည်နေတဲ့ အဖွဲ့ကို သတိမထားနိုင် ဖြစ်ခဲ့တာပါ။ ဓာတ်ပုံရိုက်ဖို့အတွက် အပြိုင်အဆိုင် ပြင်ဆင်နေတဲ့ အဖွဲ့ရဲ့ ရေမစိုခင် အခိုက်အတန့်လေးကို အမိအရ ရိုက်ကူးထားနိုင်လိုက်တဲ့ ပုံရိပ်လေး ဖြစ်ပါတယ်။ ရေလောင်းပြီးရင်တော့ နောက်ဆုံးကလူတွေ ရေစိုလေးတွေနဲ့ ရွှဲရွှဲစိုနေတဲ့ ပုံစံလေးကို တွေးမိကြမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၈။ ကင်မရာနဲ့ စိန်ပြေးတမ်း ကစားသူ

အခုတွေ့ရတဲ့ ပုံလေးကတော့ ပုံရိပ်ကောင်းလေးတွေ ရဖို့အတွက် ကင်မရာရော ဓာတ်ပုံဆရာပါ ရေကန်ထဲ ဒိုင်ပဲထိုးချနေတာ မဟုတ်ပါဘူးနော်။ ပုံရိပ်ကောင်းလေးတွေ ရဖို့ သေချာပြင်ဆင်နေရင်း အရှိန်လွန်ပြီး ကင်မရာ ရေထဲကျသွားခဲ့တာပါ။ ကင်မရာ ရေထဲမကျခင် အခိုက်အတန့်မှာ ဓာတ်ပုံဆရာ အပြေးအလွှားလှမ်းဖမ်းနေတဲ့ ပုံလေးကတော့ တကယ့်ကို ကြေကွဲစရာပါပဲနော်။ shwekhitonlinetv.com

၉။ ဘီယာခွက်လေးရဲ့ နောက်ဆုံးအခိုက်အတန့်

ပါတီတစ်ခုမှာ သူငယ်ချင်းတွေ စုပြီး ပျော်ရွှင်နေကြတဲ့အချိန် ရုတ်တရက် ရိုက်ကူးခဲ့မိတဲ့ ပုံလေး ဖြစ်ပါတယ်။ အဖြူရောင် အင်္ကျီ၀တ်ထားတဲ့ သူရဲ့ လက်ထဲကနေ ချော်ထွက်ပြီး မှောက်ကျလာတဲ့ ဘီယာခွက်ကြောင့် တကယ့်ကို အမှတ်တရ ဖြစ်သွားစေမယ့် ပုံရိပ်လေး ဖြစ်ခဲ့တာပါ။ ဘီယာတွေ ခေါင်းပေါ်ကနေ လောင်းချခံရသလို ဖြစ်ခဲ့တဲ့ ပန်းရောင် အင်္ကျီနဲ့ မိန်းကလေးရဲ့ အဖြစ်ကတော့ တကယ့်ကို မတွေးရဲစရာပဲနော်။ shwekhitonlinetv.com

၁၀။ ဘီယာသင်္ကြန်ကျနေသူ နှစ်ဦး

အခုမြင်နေရတဲ့ စုံတွဲကတော့ တစ်ယောက်နဲ့ တစ်ယောက် ကောင်းချီးသြဘာပေးဖို့အတွက် ဘီယာခွက်ချင်းတိုက်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခွက်တိုက်တာ အရမ်းကို အားပါသွားခဲ့တာကြောင့် ဘီယာတွေ တစ်ယောက်အပေါ်ကို တစ်ယောက် လောင်းချသလို ဖြစ်ခဲ့ရတာပါ။ ခွက်ချင်း ထိပြီး အရမ်းလန်းတဲ့ ပုံရိပ်လေးအဖြစ် ဓာတ်ပုံရိုက်ချင်ပေမဲ့လည်း အခုလို ဘီယာသင်္ကြန်ပဲ ဖြစ်သွားရပါတယ်။ shwekhitonlinetv.com

သူငယ်ချင်းတို့ရော အခုလို တစ်ခုခု မဖြစ်ခင် ရုတ်တရက် ရိုက်မိလိုက်ထားတဲ့ ပုံလေးတွေ ရှိလားဆိုတာ ပြောခဲ့ပါဦးနော်။

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။