တက်တူး လုံးဝမထိုးသင့်တဲ့ ခန္ဓာကိုယ်ပေါ်က နေရာ (၇) မျိုး

ပရိသတ်ကြီးရေ ဒီတစ်ခေါက်မှာ ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဘ၀မှာ တက်တူး လုံး၀မထိုးသင့်တဲ့ နေရာ (၇) မျိုး အကြောင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

တက်တူးဆိုတာ ခန္ဓာကိုယ်ပေါ်မှာ ရေးဆွဲတဲ့ အနုပညာတစ်ရပ် ဆိုပေမယ့်လည်း ခန္တာကိုယ်ပေါ်မှာ လုံးဝကို မထိုးသင့်တဲ့ နေရာတွေလည်း ရှိပါတယ်။ ဒါဆို ဘယ်လို နေရာတွေကို မထိုးသင့်ဘူးလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော် … shwekhitonlinetv.com

၁။ တံတောင်ဆစ်

တက်တူး Specialists တော်တော်များများက တံတောင်ဆစ်မှာ တက်တူး ထိုးကြတာကို သိပ်ပြီး အကြံမပေးကြပါဘူး။ အကြောင်းကတော့ တံတော်ဆစ်နေရာဟာ ဆေးကျန်အောင် အတော်လေး ဆွဲရလို့ပဲ ဖြစ်ပါတယ်။ တံတောင်ဆစ်နားက အရေပြားဟာ အတော်ထူတဲ့ အတွက်ကြောင့် တက်တူး artists တွေဟာ အချိန်အတော်လေးပေးပြီး ခဲရာခဲဆစ် ဆွဲကြရပါတယ်။ ဒါ့ကြောင့် တက်တူးထိုးတော့မယ်ဆိုရင် တံတောင်ဆစ်ကို မထိုးတာ အကောင်းဆုံးပါပဲ။ တစ်ကယ်လို့ ထိုးမယ်ဆိုရင်လည်း ဆေးကောင်းကောင်းနဲ့ အချိန်ပေးထိုးမှ အချိန်ကြာတဲ့အထိ ဆေးထင်နေမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဒူးခေါင်းအနောက်ဘက်

နောက်ထပ် မထိုးသင့်တဲ့နေရာကတော့ ဒူးခေါင်းအနောက်ဘက်နားပါ။ အဲဒီနေရာမှာ အာရုံကြောများစွာ ရှိတဲ့အပြင် အတော်လေးကို နာမယ့် အနေအထားမှာ ရှိပါတယ်။ ဒါ့ကြောင့် ဒီလို ဒူးခေါင်းအနောက်မှာ ထိုးမယ်ဆိုရင် တော်တော်လေးကို အနာခံမှ ဖြစ်မှာပါ။ shwekhitonlinetv.com

၃။ လက်နဲ့ လက်ချောင်းတစ်ဝိုက်

နောက်ပိုင်းမှာ တက်တူးပုံစံတွေ ဆန်းပြားလာတာနဲ့အမျှ ခန္ဓာကိုယ်အနှံ့ တက်တူးအမျိုးမျိုး ထိုးကြတာလည်း ရှိပါတယ်။ ဒါပေမယ့် လက်နဲ့ လက်ချောင်းတစ်ဝိုက်မှာ ထိုးတာက နေရောင်ခြည် ဒဏ်ကို ထိတွေ့တာ များတာကြောင့် ဆေးမြန်မြန် မှိန်စေနိုင်ပါတယ်။ shwekhitonlinetv.com

၄။ နံရိုးနား

နံရိုးနားမှာ ထိုးတာက တစ်ကယ့်ကို မပြောပြတတ်လောက်အောင် နာကျင်စေနိုင်ပါတယ်။ ထိုးဖူးတဲ့ သူဆိုရင် ဒီခံစားချက်ကို သိကြမှာပါ။ အထူးသဖြင့် အမျိုးသမီးတွေ နံရိုးနားမှာ ထိုးတဲ့အခါ အနာကျက် နှေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး Bra ဝတ်တဲ့အခါ အဲဒီနေရာက အတော်လေးကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်ပါသေးတယ်။ shwekhitonlinetv.com

၅။ မျက်နှာ

မျက်နှာဆိုတဲ့ နေရာကလည်း အာရုံကြောတွေ အများအပြားရှိနေတဲ့အပြင် တစ်ကယ့်ကို sensitive ဖြစ်လွန်းတဲ့ နေရာလည်း ဖြစ်ပါတယ်။ တက်တူးဆရာတွေ ပြောကြတာကတော့ မျက်နှာမှာ တက်တူးထိုးတာဟာ (၂) နှစ် ကနေ (၃) နှစ်လောက်ပဲ ခံတယ်လို့ပဲ အာမခံကြပါတယ်။ တစ်ကယ်လို့ သင်ဟာ မျက်နှာတစ်ဝိုက်မှာ တက်တူးထိုးမယ်လို့ ဆုံးဖြတ်ထားရင် နေ့တိုင်း sunscreen သုံးပေးဖို့တော့ လိုပါတယ်။ shwekhitonlinetv.com

၆။ ခြေချင်းဝတ်နဲ့ ညို့သကျည်း

ခြေချင်းဝတ်နဲ့ ညို့သကျည်း နေရာတွေဟာ Shoes ဖိနပ်နဲ့ ခြေအိတ်တွေ ဝတ်တဲ့အခါ အလွယ်တကူ ပွတ်တိုက်လွယ်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးတွေကြောင့် ထိုနေရာတွေကို တက်တူးထိုးတဲ့အခါ တက်တူးဆေးက ခဏလေးနဲ့ မှိန်သွားတတ်ပါတယ်။ ဒါ့အပြင် အာရုံကြောတွေ ရှိတဲ့နေရာမို့လို့ နံကြားကို တက်တူးထိုးသလောက်နီးပါး နာပါတယ်။ shwekhitonlinetv.com

၇။ ချိုင်းနေရာ

ချိုင်းနေရာဟာ တက်တူးထိုးသမျှထဲမှာ အနာကျင်ဆုံးလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ထိုးနေစဉ် အတွင်းမှာလည်း နာကျင်ရသလို ထိုးပီး သွားတဲ့ အချိန်မှာလည်း အတော်ကြာတဲ့အထိ တဆစ်ဆစ် နာကျင်နေရမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တက်တူးထိုးတော့မယ်ဆိုရင် အတော်လေး အာသီသပြင်းနေမှသာ ချိုင်းနေရာကို ထိုးသင့်ပါတယ်နော်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ တက်တူးထိုးတဲ့အခါ ရှောင်ရှားသင့်တဲ့ နေရာတွေကို ဗဟုသုတအဖြစ် သိစေရန် ဖော်ပြပေးတာပဲ ဖြစ်ပါတယ်။ တက်တူးထိုးတယ်ဆိုတာ မကောင်းတဲ့အရာ မဟုတ်ပေမယ့်လည်း ကိုယ့်ရဲ့ အကြိုက်နဲ့ သင့်တော်မယ့်နေရာကို တစ်ကယ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့သာ ထိုးဖို့ အကြံပြုချင်ပါတယ်နော်။ shwekhitonlinetv.com

ပရိသတ်ကြီးရော ဘယ်နေရာမှာ တက်တူးထိုးဖို့ စဥ်းစားနေလဲဆိုတာ ပြောပြပေးသွားပါဦးနော် …

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။