အလုပ်ဖြစ်အောင် ကြိုးစားရင်း အလွဲကြီး လွဲသွားကြသူများရဲ့ ဓာတ်ပုံ (၁၀) ပုံ

လောကမှာ လူဆိုတာ အမှားနဲ့ မကင်းတတ်ကြပါဘူး။ လူတိုင်းနီပါးတော့ တစ်သက်မှာတစ်ကြိမ် မလွဲမသွေ မှားယွင်းဖူးကြမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com

လုပ်ငန်းခွင်၊ ကျောင်း၊ နေအိမ်စတဲ့ နေရာတွေနဲ့ နယ်ပယ်အသီးသီးမှာပေါ့။ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ တစ်ချို့တစ်ချို့သော လုပ်ဆောင်ချက် အမှားတွေက နားလည်ရခက်လောက်အောင် စဉ်းစားလို့မရအောင်ကို လွဲချော်တတ်ပြီး အတော်လေးလဲ ရယ်ဖို့ကောင်းလှပါတယ်။ shwekhitonlinetv.com

ဒါကြောင့် အခုဖော်ပြပေးမယ့် အကြောင်းအရာလေးမှာတော့ သင့်ကို ငိုအားထက် ရယ်အားသန်စေမယ့် ထူးထူးဆန်းဆန်း လွဲချော်မှုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁။ အထိန်းအကွပ်တွေကို မနှစ်မြို့တဲ့ သစ်ပင်

ဒီပုံက အတော်လေးကို တွေးတွေးပြီးရယ်ချင်စရာပါပဲ။ ဘေးက အကာအရံတွေရဲ့ အပြင်ကို ကွေ့ကောက်ထွက်နေတာကြောင့် ဒီသစ်ပင်က လွတ်လပ်မှုကိုသာ ကြိုက်နှစ်သက်တဲ့ အပင်များလေလား လို့ အတွေးရောက်စေနိုင်ပါတယ်။ shwekhitonlinetv.com

၂။ ရဲဝံ့တဲ့ ဆောက်လုပ်ရေးပုံစံ

ဒီအိမ်ပိုင်ရှင်ကတော့ သာမန်ဆောက်လုပ်ရေးပုံစံကို ကြိုက်ပုံမရပါဘူး။ ဒီလိုဆောက်ထားတာဟာ ရေရှည်အတွက် မကောင်းသလို အန္တရာယ်လည်း များနိုင်ပါတယ်။ shwekhitonlinetv.com

၃။ ငှက်ပျောသီး ကို ဘယ်လိုခေါ်သလဲမေ့နေတဲ့အခါ

ဒီပုံကို ကြည့်လိုက်ပါဦး။ ဈေးဝယ်စင်တာက ဝန်ထမ်းဟာ ငှက်ပျောသီး (Banana) ဆိုတဲ့အခေါ်အဝေါ်ကိုမေ့နေပုံပါပဲ။ ဈေးဝယ်သူတွေအတွက် ငှက်ပျောသီးဆိုတဲ့ နာမည်နေရာမှာ သူအစားထိုးသုံးစွဲခဲ့တဲ့ နာမ်စားက “ရှည်လျားတဲ့ အဝါရောင်အရာများ” (Long Yellow Things) တဲ့လေ။ shwekhitonlinetv.com

၄။ ဘယ်ဘက်က ဖွင့်ရမှန်းမသိတဲ့ နို့ဘူး

လူတွေဟာ အမှားနဲ့မကင်းကြသလို စက်တွေကလည်း တစ်ခါတစ်ရံမှားတတ်တဲ့ သဘောရှိတယ် ထင်ပါတယ်။ Seal ပိတ်ထားတဲ့ဘက်မှာ အဖုံးကရှိမနေဘဲ ဆန့်ကျင့်ဘက်တစ်ဘက်မှာ မှားယွင်းပြီးအဖုံးကိုတပ်ထားတော့ သောက်တဲ့သူအဖို့ အတော်လေးကို ကို့ယားကားယားနိုင်မယ့်ပုံပါပဲ။ shwekhitonlinetv.com

၅။ နံရံထဲဝင်နေတဲ့ ရုပ်ရှင်ရုံက ထိုင်ခုံ

ဒီပုံကိုကြည့်ပြီးတော့ အတော်လေးကို စဉ်းစားရကျပ်မှာသေချာပါတယ်။ ဘယ်လိုအကြောင်းကြောင့် ဟိုဘက်က ထိုင်ခုံက ရုပ်ရှင်ရုံ နံရံထဲကို ဝင်နေရတာလဲ ဆိုတဲ့အကြောင်းအရင်းကိုတော့ တည်ဆောက်ခဲ့တဲ့လူတွေကိုယ်တိုင် ပဲသိမှာပါ။ shwekhitonlinetv.com

၆။ ကိုယ့်အလုပ်ကိုယ်မလုပ်တဲ့ CCTV များ

CCTV ဆိုတာက လုံခြုံရေးကိစ္စတွေအတွက် အသုံးဝင်လှတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီပုံမှာပါတဲ့ CCTV တွေကတော့ ကိုယ့်အလုပ်ကိုယ် လုပ်ချင်ပုံမပေါ်ပါဘူး။ ကြည့်ပါဦး လူတွေ၊ လှုပ်ရှားမှုတွေကို စောင့်မကြည့်ဘဲ ကျောခိုင်းထားကြတယ်လေ။ shwekhitonlinetv.com

၇။ သတိပေးချက်ကို လျစ်လျူရှုထားသူ

ကွဲလွယ်ရှလွယ်တဲ့ အရာဝတ္ထုတွေကို ထုပ်ပိုးတဲ့ သစ်သားပုံး၊ စက္ကူပုံးစတာတွေမှာ အထဲမှာပါတဲ့ အရာတွေ ပျက်စီးဆုံးရှုံးမှုမရှိအောင်၊ ပုံးပေါ်မှာ ဒီလိုသတိပေး သင်္ကေတတွေနဲ့ ဖော်ပြထားတာကို အားလုံးပဲမြင်ဖူးကြမယ်ထင်ပါတယ်။ shwekhitonlinetv.com

ဒီသင်္ကေတတွေက ပုံးတွေကို အထက်အောက် မှန်အောင် ထားဖို့ သတိပေးထားတာ ဖြစ်ပါတယ်။ ဒီကားဆရာကတော့ ဒီသတိပေးစာနဲ့သင်္ကေတ ကိုမမြင်တာလား ? ဂရုမစိုက်တာလားဆိုတာတော့ သူကိုယ်တိုင်သာသိမှာပါ။ shwekhitonlinetv.com

၈။ အရာရာကို ဖြေရှင်းနိုင်တဲ့ တိပ်

ရေစိုခံတိပ် (Duct Tape) ဆိုတာက ကော်ကပ်အားကောင်းမွန်ပြီးတော့ ရေစိုလည်းခံတဲ့ တိပ်တွေဖြစ်ပြီး လုပ်ငန်းခွင်တွေမှာ အများဆုံးအသုံးပြုတဲ့ တိပ်အမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့် ဒီပုံကိုကြည့်မယ်ဆိုရင် တော့ ဒီတိပ် ရဲ့ ဘက်စုံအသုံးဝင်မှုကို အံ့အားသင့်ဖွယ်တွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ သနားစရာ တံခါး

တံခါးဆိုတာ လုံခြုံဖို့နဲ့ ပစ္စည်းတွေ အခိုးမခံဖို့ တပ်ဆင်ကြတာပါ။ ဒါပေမဲ့ ဒီတံခါးကတော့ သနားစရာပါ။ တံခါးအောက်ကနေ ဘယ်သူမဆို ဝင်လို့ ရနိုင်တဲ့ တပ်ဆင်ပုံကြောင့် တံခါးက သနားစရာ ဖြစ်လို့ နေပါတယ်။ shwekhitonlinetv.com

၁၀။ နဲနဲလောက် အတွက်အချက် မှားသောအခါ

အင်ဂျင်နီယာတွေ အတွက်အချက် မှားသွားလို့ တံတားက ကွက်တိ မဆက်နိုင်တော့တဲ့ ပုံပါပဲ။ ဒီပုံအတိုင်းဆို အတွက်အချက်မှားသွားတာကို ပြန်ပြင်လို့ မလွယ်ပါဘူးနော်။ shwekhitonlinetv.com

ဒီပုံတွေကြည့်ပြီးရင်တော့ ဒါတွေဟာ တကယ်ပဲတမင်သက်သက် လုပ်ခဲ့တဲ့ အမှားတွေ၊ အလွဲတွေလား၊ မတော်တဆလွဲချော်တဲ့ ရိုးသားတဲ့ အမှားတွေလားဆိုတာကို ရွှေခေတ်ပရိသတ်ကြီးက ဝေဖန်သုံးသပ်ပေးကြပါဦးနော် … shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။