မင်္ဂလာပါ ရွှေခေတ် ပရိသတ်ကြီးရေ။ ရွှေခေတ်အွန်လိုင်းတီဗွီကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်။
ကမ္ဘာပေါ်မှာရှိရှိသမျှ ရဲတပ်ဖွဲ့ဝင်တွေထဲမှာ ဘယ်နိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်တွေက အမြန်ဆုံးဖြစ်မလဲဆိုတာမျိုး တွေးဖူးကြလား မသိဘူးရှင့်။ ဆိုလိုတာက အမှုအခင်းတစ်ခုခုဖြစ်ပေါ်ပြီဆိုတာနဲ့ အခင်းဖြစ်ပွားတဲ့ နေရာကို အချိန်တိုတွင်းမှာ အမြန်ဆုံးရောက်နိုင်တဲ့ ရဲတပ်ဖွဲ့မျိုးကို ဆိုလိုတာပါ။ shwekhitonlinetv.com

ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အခင်းဖြစ်ပွားတဲ့ နေရာကိုအမြန်ဆုံးရောက်နိုင်ဖို့ဆိုတာ အခြေအနေအမျိုးမျိုး ပေါ်မူတည်နေပေမယ့် အဓိက ကျတာကတော့ သွားလာရေးအတွက် ယာဉ်တွေက အခြေခံအကျဆုံး အချက်ဆိုရင် မှားမယ်မထင်ပါဘူးနော် …။ shwekhitonlinetv.com
ဒူဘိုင်းက ရဲတပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ အမြန်ဆုံးပြိုင်ကားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ Aston Martin One-77

ဒီယာဉ်တွေထဲကမှ အသုံးအများဆုံးယာဉ်တွေက ကားတွေ၊ ဆိုင်ကယ်တွေလို့ ဆိုနိုင်မှာပါ။ ဒါကြောင့် အခု ဖော်ပြပေးနေတာကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေထဲကမှ အမြန်ဆုံးယာဉ်တွေကို ပိုင်ဆိုင်ထားတဲ့ ဒူဘိုင်းရဲ တွေရဲ့ ပြိုင်ကားတွေနဲ့ မိုးပျံဆိုင်ကယ်တွေ အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Audi R8

၃။ Bentley Continental GT

ယူအေအီး နိုင်ငံရဲ့ ရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့တာကတော့ (၁၉၅၆) ခုနှစ်ကဖြစ်ပြီး လက်ရှိအချိန်မှာ တပ်ဖွဲ့ဝင်အင်အားဟာ စုစုပေါင်း (၁၇,၅၀၀) လောက်ရှိတယ်လို့သိရပါတယ်။
ရဲတွေရဲ့ အကြီးအကဲဖြစ်တဲ့သူ က ဒူဘိုင်းရဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကမ္ဘာ့အမြန်ဆုံးရဲတွေဖြစ်ဖို့ စဉ်စားထားတဲ့ပုံပါပဲ။ shwekhitonlinetv.com
၄။ BMW i8

၅။ Bugatti Veyron

ဘာလို့လည်းဆိုတေ့ အရေးပေါ်လိုအပ်တဲ့အချိန်မှာ အသုံးပြုဖို့ Chevrolet, Toyota, Mazda နှင့် Nissan တို့လိုကုမ္ပဏီတွေဆီက ထုတ်လုပ်တဲ့ မော်တော်ယာဉ်တွေကို ငွေကြေးမြောက်များစွာ အကုန်အကျခံပြီးလုပ်ငန်းခွင်မှာ အသုံးပြုဖို့ ဝယ်ယူပေးထားလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Chevrolet Camaro SS

၇။ Ferrari FF

ချမ်းသာကြွယ်ဝတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လို့ ဒီလိုစိတ်ကူစိတ်သန်းမျိုးကို အကောင်အထည်ဖော်တာ သိပ်တော့အံ့အားသင့် စရာမရှိပါဘူး။
၈။ Lamborghini Aventador

၉။ Mercedes-AMG

ဒီလို ကားတွေတင် မကသေးဘူးနော် ဟယ်လီကော်ပတာတွေနဲ့ မိုးပျံနိုင်တဲ့ ကားတွေကိုပါ ပိုင်ဆိုင်ထားတာကြောင့် ဒူဘိုင်းမှာ ရဲတပ်ဖွဲဝင်ဖြစ်ရတာ အားကျစရာ ကောင်းတယ်ဆိုတာဖော်ပြရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်ပါရစေနော် … shwekhitonlinetv.com
၁၀။ Porsche 918

ရွှေခေတ်ပရိသတ်ကြီးလည်း ဘယ်ကားကို အကြိုက်ဆုံးလဲဆိုတာကို ပြောပေးသွားပါဦးနော် …
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။
Be the first to comment
You must log in to post a comment.