ပေါက်ပေါက်ရှာရှာ တီထွင်ထားတဲ့ ကမ္ဘာ့အထူးဆန်းဆုံး ဖက်ရှင်ဒီဇိုင်း (၁၀) မျိုး

ကမ္ဘာကြီးဟာ တစ်နေ့ထက်တစ်နေ့ တိုးတက်ပြောင်းလဲလာတာနဲ့ အမျှ ဖက်ရှင်ခေတ်ရေစီးကြောင်းကလည်း အမြဲမပြတ်​စီးဆင်းပြောင်းလဲနေတာကို ဂရုပြုမိကြမယ် ထင်ပါတယ်နော်။ တစ်ခေတ်ပြီး တစ်ခေတ် ဆန်းသစ်တီထွင် ပြောင်းလဲလာမှုကတော့ တကယ့်ကို အံ့မခန်းပါပဲ ။ shwekhitonlinetv.com

အခုတစ်ခါ ဖော်ပြပေးမယ့် အကြောင်းအရာကတော့ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ အထူးဆန်းဆုံးနဲ့ အလန်းစား ဖက်ရှင်များပဲ ဖြစ်ပါတယ်။

၁။ အဝိုင်းပုံစံ မျက်ခုံးဖက်ရှင်

ဒီဘက်ခေတ်မှာ မျက်ခုံးမွှေး ဒီဇိုင်းဆန်းဆန်းတွေကလည်း ဖက်ရှင် ခေတ်ရေစီးကြောင်း တစ်ခုရဲ့ ပြယုဂ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုဖော်ပြထားတဲ့ ဒီဇိုင်းကတော့ တစ်ခါမှ မမြင်ဘူးတဲ့ ကို့ရို့ကားရား ဖက်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ အဝိုင်းပုံစံ မျက်ခုံးမွှေးဆွဲပြီး အပြင်ထွက်မယ်ဆိုရင်တော့ အားလုံးရဲ့ အကြည့်တွေကို ဖမ်းစားနိုင်မှာ အသေအချာပါပဲ။ shwekhitonlinetv.com

၂။ ဒီဇိုင်းဆန်းတဲ့ ဂျင်းအင်္ကျီ

အိမ်မှာ မဝတ်တော့တဲ့ ဂျင်း၀တ်စုံတွေနဲ့ အခုလို အရမ်းလန်းတဲ့ ဝတ်စုံကို ဖန်တီးနိုင်ပါတယ်နော်။ ဂျင်းကာလာရောင်စုံနဲ့ စုဆပ်ပြီး ချုပ်ထားတဲ့ အင်္ကျီဒီဇိုင်းက ကြည့်လိုက်တာနဲ့တင် ဖန်တီးမှုအားကောင်းတဲ့ ဒီဇိုင်းအဖြစ် မြင်ရမှာပါ။ ပိတ်စတွေကို ဟိုတစ်စ ဒီတစ်စ တွဲစပ်ပြီး ချုပ်တာကလည်း ယနေ့ခေတ်မှာတော့ အရမ်းကို ခေတ်မှီတဲ့ ဖက်ရှင်ဖြစ်လို့နေပါပြီ။ ဒါ့ကြောင့် အဝတ်အစားအဟောင်းတွေကို လွှင့်မပြစ်နဲ့တော့နော်။ shwekhitonlinetv.com

၃။ ကျောက်ခေတ်ရဲ့ ဂူအောင်းလူသား အင်္ကျီ

ကြည့်လိုက်တာနဲ့တင် စိတ်ရှုပ်စရာကောင်းတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ လည်ပင်းနဲ့ လက်မောင်း နားက တွဲလောင်းကျနေတဲ့ အမျှင်တွေကလည်း စိတ်ကျေနပ်မှုမပေးနိုင်သလို ရိုးရှင်းတဲ့ အလှတရားကိုလည်း ခံစားမိမယ် မထင်ပါဘူးနော်။ ဒီအင်္ကျီကို ဝတ်ကြည့်မယ်ဆိုရင်တော့ ကျောက်ခေတ်က ဂူအောင်းလူသားကို ဝိုင်းကြည့်ကြသလိုမျိူး ပတ်ဝန်းကျင်ရဲ့ အာရုံစိုက်ခြင်းကို သေချာပေါက် ရစေမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဖဲကြိုးသဏ္ဍာန် မျက်ခုံးမွှေး

ဘယ်သူနဲ့မှ မတူတဲ့ မိတ်ကပ်အပြင်အဆင်ကို ဖန်တီးချင်တဲ့ မိန်းကလေးတွေအတွက် ဆန်းသစ်တီထွင်မှု အပြည့်ရှိစေမဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ပုံမှန် မျက်ခုံးမွှေးဆွဲတဲ့အပေါ်မှာ ဖဲကြိုးသဏ္ဍာန်လေးကို ပုံဖော်လိုက်ရုံပါပဲနော်။ ရိုးရှင်းလွယ်ကူပြီး ဆန်းသစ်တဲ့ ဖက်ရှင်လေး ဖြစ်ပေမဲ့ မျက်ခုံး တစ်ဖက်နဲ့ တစ်ဖက်ကတော့ ပုံစံတူလေး ဖြစ်နေမှ အဆင်ပြေမဲ့ ဖက်ရှင်လေး ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အဆုံးမဲ့ ဒီဇိုင်းနဲ့ ဘောင်းဘီရှည်

အခုတစ်ခါ ဖော်ပြပေးမဲ့ ဘောင်းဘီလေးကတော့ ပုံမှန်မြင်တွေ့ နေကျ ပုံစံတွေနဲ့ အရမ်းကို ကွာတဲ့ ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။ ပေါင်တစ်၀က်လောက်နေစပြီး ဒူးရဲ့ အောက်ခြေအထိ ဘောင်းဘီကို ခေါက်ထားပြီး အထပ်ထပ် ဖြစ်နေတဲ့ ပုံစံလေးနဲ့ ဒီဇိုင်းဆွဲပြီး ချုပ်လုပ်ထားတာပါ။ ခြေတံရှည်တဲ့သူတွေအတွက် အဆင်ပြေပေမဲ့ ခြေတံတိုတဲ့သူတွေ အနေနဲ့ကတော့ လုံး၀ကို ရှောင်ရမယ့် ဒီဇိုင်းပါနော်။ shwekhitonlinetv.com

၆။ ဒေါက်ဖိနပ် မလိုတဲ့ ဘောင်းဘီ

ဒီဖက်ရှင် ဒီဇိုင်းလေးကတော့ မိန်းကလေးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျမယ်လို့ ထင်ပါတယ်နော်။ ၀တ်ထားတဲ့ အင်္ကျီ ဘောင်းဘီရဲ့အရောင်နဲ့ ဖိနပ်အရောင် လိုက်ဖက်မှုရှိရဲ့လား ဆိုပြီး ဦးနှောက်ခြောက်ရမယ့် အခြေအနေကနေ လွတ်မြောက်စေမယ့် ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဘောင်းဘီနဲ့ ဖိနပ် တွဲချုပ်ထားတဲ့ ဖက်ရှင်ကြောင့် ဖိနပ်ဆိုဒ်အဆင်ပြေဖို့အတွက်သေသေချာချာ ရွေးချယ်ဖို့တော့ လိုမယ်နော်။ shwekhitonlinetv.com

၇။ အမှိုက်အိတ် အင်္ကျီ

ရုတ်တရက် ကြည့်လိုက်တာနဲ့ အမှိုက်အိတ်ကြီး ၀တ်ထားသလို ဖြစ်သွားစေတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ သူမတူတဲ့ ဖက်ရှင်ဖြစ်စေဖို့ ဆန်းသစ်မှုတွေနဲ့ ဖန်တီးခဲ့ပေမဲ့လည်း အဆုံးသတ်မှာတော့ စိတ်မကောင်းစရာ အမှိုက်အိတ် ဒီဇိုင်း ဖြစ်သွားခဲ့ရတာပါ။ ခန္ဓာကိုယ် ပြည့်ဖြိုးသူတွေအတွက် ရှောင်သင့်တဲ့ ဖက်ရှင်ဒီဇိုင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ နှစ်မျိုးသုံး ဘောင်းဘီဒီဇိုင်း

တစ်ချိန်တည်းမှာပဲ ဘောင်းဘီအတိုရော အရှည်ပါ ၀တ်လို့ရမယ့် ဒီဇိုင်း ၂ မျိုးနဲ့ ဘောင်းဘီပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေ အတွက်ကတော့ ဘောင်းဘီအတိုရော အရှည်ပါ တစ်ခါတည်း ရတာ ဖြစ်လို့ အရမ်းကို အဆင်ပြေပြီး ပိုက်ဆံလည်း ချွေတာရာရောက်တဲ့ ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ထွင်းဖောက်မြင်ရတဲ့ စကတ်တို

အကြည်ရောင် လက်ကိုင်အိတ်ခေတ်စားလာတဲ့ ယနေ့ခေတ်ကြီးမှာ ထပ်မံ ထွက်ပေါ်လာတာကတော့ အကြည်ရောင် စကတ်အတိုပဲ ဖြစ်ပါတယ်။​ပလပ်စတစ်အိတ်ကို ဖြတ်ပြီး ချုပ်ထားသလားလို့တောင် ထင်ရတဲ့ ဒီဇိုင်း ဖြစ်လို့နေပါတယ်။ အောက်ခံဘောင်းဘီကို ဖော်ပြီး ၀တ်ချင်တဲ့ သူတွေအတွက် ရည်ရွယ်ချုပ်လုပ်ထားပေမဲ့ လူကြိုက်နည်းမယ့် ဒီဇိုင်း ဖြစ်မယ်ဆိုတာ ပြောစရာလိုမယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၁၀။ ကျွတ်ကျွတ်အိတ် ဖက်ရှင်

အိမ်မှာ ကျွတ်ကျွတ်အိတ်တွေ ပိုနေတဲ့အခါ အခုလို ဖက်ရှင်လေး ချုပ်၀တ်ကြည့်နိုင်ပါတယ်နော်။ ငွေကုန်ကြေးကျလည်း အရမ်းနည်းပြီး အင်္ကျီပိတ်စအတွက်လည်း ခေါင်းစားစရာမလိုတဲ့ ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။ အင်္ကျီရော စကတ်ပါ ဖက်ရှင်ကျကျ တွဲဖက်၀တ်ဆင်နိုင်သလို လက်ကိုင်အိတ်အတွက်လည်း အထူးသီးသန့် ခေါင်းစားစရာ မလိုပါဘူးနော်။ shwekhitonlinetv.com

ပရိသတ်ကြီးလဲ ဘယ်ဒီဇိုင်းကို အကြိုက်ဆုံးလဲဆိုတာ ရွေးပေးခဲ့ပါဦးနော်။

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။