တောင်ကိုရီးယား နိုင်ငံမှာသာရှိတဲ့ မယုံနိုင်စရာ ထူးထူးဆန်းဆန်း အချက်များ

အာရှတိုက်မှာရှိတဲ့ တောင်ကိုရီးယားနိုင်ငံဟာ ခေတ်မီနည်းပညာများနဲ့ အရှေ့တိုင်းရဲ့ ယဉ်ကျေးမှုထုံးတမ်း အစဉ်အလာများကို သဟဇာတဖြစ်အောင် ပေါင်းစပ်ထားတဲ့ ဆန့်ကျင်ဘက် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့် တောင်ကိုးရီးယားနိုင်ငံမှာ ရှိတဲ့ တစ်ချို့အရာတွေက ၎င်းတို့ နိုင်ငံသားတွေအတွက် အထူးအဆန်းမဟုတ်ပေမယ့် တစ်ခြားတိုင်းပြည်ကနေ အလည်အပတ်လာရောက်သူတွေအတွက်တော့ အထူးအဆန်း ဖြစ်နေတက်ပါတယ်။ ဘယ်လိုအရာလေးလဲဆိုတာ ကြည့်လိုက်ရအောင်နော် shwekhitonlinetv.com

၁။ ကာတွန်းဇာတ်ကောင်များနဲ့ မြေအောက်ရထားများ

တောင်ကိုရီးယား မြေအောက်ရထားတွေနဲ့ ပတ်သတ်တဲ့ ထူးခြားမှုတစ်ခုကတော့ မြေအောက်ရထားတွေရဲ့ ထိုင်ခုံတွေပေါ်မှာ ကာတွန်းဇာတ်ကောင်တွေရဲ့ ပုံတူရုပ်တုတွေထား ရှိထားတာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီကာတွန်းဇာတ်ကောင်တွေရဲ့ အသံနဲ့ ရထားဘူတာတွေရဲ့ နာမည်တွေကို ကြေငြာပေးပါတယ်။ shwekhitonlinetv.com

၂။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အထူးအခွင့်အရေး

တောင်ကိုရီးယားမှာရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအားလုံးဟာ အစိုးရထံကနေ အမေရိကန် ဒေါ်လာ (၅၀၀) ပါရှိတဲ့ အထူးခရက်ဒစ်ကဒ်ကို ရရှိကြပါတယ်။ ဒီငွေတွေကိုဆေးဝါးကုသမှု နဲ့ လိုအပ်တဲ့ဆေးဝါးတွေ ဝယ်ယူဖို့သုံးစွဲ နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အဆင်ပြေစွာအသုံးပြုနိုင်ရန် အတွက် လူမှုရေးစောင့်ရှောက်ကာကွယ်မှုတွေကို ရနိုင်ပါသေးတယ်။ မြေအောက်ရထား၊ ဘတ်စ်ကား နဲ့ ကားပါကင်လို နေရာမျိုးတွေမှာပေါ့။ shwekhitonlinetv.com

၃။ အရသာမြည်းစမ်းစားသုံးလို့ရတဲ့ စူပါမားကတ်များ

တောင်ကိုရီးယားနိုင်ငံက စူပါမားကတ်တွေမှာတော့ သစ်သီးတွေကို ဝယ်ယူသည်ဖြစ်စေ မဝယ်သည်ဖြစ်စေ အရသာကိုမြည်းစမ်းစားသုံးခွင့်ရှိပါတယ်။ ဒါကတော့ Customer တွေအတွက် အတော်လေးကို အဆင်ပြေစေမယ့် ဝန်ဆောင်မှုတစ်ခုပါပဲနော်။ shwekhitonlinetv.com

၄။ အရောင်တစ်မျိုးစီနဲ့ နေ့ကလေးထိန်းကျောင်းများ

တောင်ကိုးရီးယားနိုင်ငံက နေ့ကလေးထိန်းဌာနတစ်ခုစီမှာ ကွဲပြားတဲ့ အရောင်တမျိုးစီနဲ့ Uniform တွေရှိပြီး ဒါဟာ ကလေးတွေနဲ့ လေ့လာရေးခရီးလိုမျိုး၊ ကစားကွင်းလိုမျိုး နေရာတွေကို သွားတဲ့အခါ လူအုပ်ထဲ အလွယ်တကူရှာ ဖွေနိုင်ဖို့နဲ့ အခြားနေ့ကလေးထိန်း ကျောင်းတွေနဲ့ မရောနှောစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒီအကြံလေး မဆိုးဘူးနော် shwekhitonlinetv.com

၅။ အချိန်တိကျတဲ့ ဘတ်စ်ကားများ

တောင်ကိုးရီးယားနိုင်ငံက ဘတ်စ်ကားတွေအားလုံးက အသစ်တွေဖြစ်ပြီး လေအေးပေးစက်လည်း တပ်ဆင်ထားပြီး (၂၄) နာရီ (၇) ရက်ပတ်လုံး ဝန်ဆောင်မှုပေးပါတယ်။ ဒါ့အပြင် ယာဉ်မောင်းတွေ အားလုံးကလည်း အဖြူရောင်လက်အိတ်တွေနဲ့ နေကာမျက်မှန်တွေ ဝတ်ဆင်ထားကြပါသေးတယ်။ shwekhitonlinetv.com

စိတ်ကျေနပ်စရာအကောင်းဆုံးကတော့ ကားမှတ်တိုင်တွေမှာ ရှိတဲ့ LED ဘုတ်တွေမှာ ကားတွေရောက်ရှိမယ့် အချိန်ကို အနီးစပ်ဆုံး အတိအကျဖော်ပြပေးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ရတဲ့ အစီအစဉ်တင်ဆက်သူများ

တောင်ကိုရီးယား တီဗွီရုပ်သံလိုင်းတွေက အစီအစဉ်တင်ဆက်သူတွေဟာ တောင်ကိုရီးယားနိုင်ငံရဲ့ နှစ်သစ်ကူးနေ့ဖြစ်တဲ့ နှစ်စဉ် ဖေဖော်ဝါရီ (၁၂) ရက်ရောက်တိုင်း ရိုးရာဝတ်စုံတွေကိုသာဝတ်ဆင်ပြီး တီဗွီအစီအစဉ်တွေကို တင်ဆက်ရပါသတဲ့။ shwekhitonlinetv.com

၇။ သန်းခေါင်ယံထိ စာလုပ်ကျတဲ့ ကျောင်းသူ ကျောင်းသားများ

တောင်ကိုရီးယားနိုင်ငံဟာ ပညာရေးကိုအလေးပေးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ ကျောင်းနေအရွယ်ကလေး တွေကလည်းအတော်လေးကို စာကြိုးစားကြရပါတယ်။ မူလတန်းကျောင်းသား တွေက မနက် (၉) နာရီကနေ ည (၆) နာရီ၊ အလယ်တန်းကျောင်းသားတွေက တစ်ခါတစ်ရံ ည (၁၀) နာရီထိ စသဖြင့်အတန်းတက်ကြရပြီး အထက်တန်းကျောင်းသားတွေကတော့ နောက်တစ်နေ့ နံနက် (၁) နာရီထိအောင် တစ်ခါတစ်ရံ လေ့လာသင်ယူမှုတွေပြုလုပ်ရတက်ပါသတဲ့။ shwekhitonlinetv.com

ဒါကြောင့် သူတို့တွေရဲ့ အိပ်စက်ချိန်အများစုက ကျောင်းကားပေါ်မှာဖြစ်တက်ပြီး အခြားအားလပ်ရက်တွေမှာတော့ လေ့လာရေးခရီးသွားခြင်း၊ လူမှုကွန်ယက်များ အသုံးပြုခြင်းတွေကို ပြုလုပ်လေ့ရှိပါတယ်။ shwekhitonlinetv.com

၈။ ဆင်တူဝတ်ဆင်လေ့ရှိတဲ့ စုံတွဲများ

တောင်ကိုရီးယားမှာရှိတဲ့ စုံတွဲတွေဟာ သူတို့နှစ်ဦးအနေနဲ့အမြဲတမ်း အတူတကွ ရှိနေကြောင်းကို ပတ်ဝန်းကျင်ကို အသိပေးလိုကြသူတွေဖြစ်ပါတယ်။ ဒီအတွက်လည်း စုံတွဲတွေဟာ အဝတ်အစားနဲ့ ဖိနပ်လိုအရာတွေ ဆင်တူဝတ်ဆင်တက်ကြတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၉။ အမှိုက်ပုံး မရှိခြင်းနဲ့ ထူးခြားတဲ့ အများသုံးအိမ်သာများ

တောင်ကိုရီးယားနိုင်ငံသားတွေဟာ စည်းကမ်းရှိပြီး အလွန်သပ်ရပ်တာကြောင့် သူတို့နိုင်ငံက အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အမှိုက်ပုံးတွေ မထားရှိဘူးလို့သိရပါတယ်။ ဒါပေမယ့် မြေအောက်ရထား ဘူတာတိုင်း နှင့် ပန်းခြံတစ်ခုစီတိုင်းမှာ အများသုံးအိမ်သာတွေကို ထားရှိပါတယ်။ shwekhitonlinetv.com

ဒီ အိမ်သာတွေရဲ့ထူးခြားချက်ကတော့ မသန်စွမ်းသူများအတွက် သီးသန့်အခန်းများပါဝင်ခြင်းနဲ့ အမျိုးသမီးအိမ်သာတွေမှာ ကလေးအနှီး (Diapers) စတာတွေလဲနိုင်ဖို့အတွက် အထူးစားပွဲများထားရှိခြင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကတော့ ဘယ်နိုင်ငံမှ မတူညီဘဲ သိသာစွာကွဲထွက်နေတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ထူးခြားတဲ့ လက္ခဏာရပ်တွေ၊ သတ်မှတ်ချက်တွေ နဲ့ ဝန်ဆောင်မှု တွေပဲဖြစ်ပါတယ်။

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။