မယုံနိုင်လောက်အောင် ထူးဆန်းလွန်းပြီး မြင်ရခဲတဲ့ ဓာတ်ပုံ (၁၀) ပုံ

ဒီတစ်ခေါက်မှာတော့ Shwe Khit Online TV ပရိသတ်ကြီး အပျင်းပြေစေဖို့အတွက် ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်နော်။ shwekhitonlinetv.com

တစ်ကယ့်ကို မဖြစ်နိုင်တဲ့ အခြေအနေတွေလားဆိုတာ အောက်မှာကြည့်ပြီး လေ့လာကြည့်လိုက်ရအောင်နော်…  shwekhitonlinetv.com

၁။ ကမ္ဘာ့ အမာကျောဆုံး စက်ဘီး

သာမန်မျိုးဆို ကားက စက်ဘီးကို ဝင်တိုက်လိုက်ရင် စက်ဘီးပဲ ရစရာမရှိအောင် ပျက်စီးသွားမှာပါ။ ဒါပေမယ့် ဒီပုံမှာတော့ ကားကနေ အနောက်က ဝင်တိုက်တာတောင် စက်ဘီးက ဘာမှ မဖြစ်ပဲ ကားပဲ ချိုင့်ဝင်သွားတာကတော့ တစ်ကယ့်ကို အံ့အားသင့်စရာပါပဲ။ စက်ဘီးထုတ်တဲ့ ကုမ္ပဏီကတော့ ဒီပုံလေးကို အသုံးချပြီး အိုင်ဒီယာကောင်းကောင်းနဲ့ ကြော်ငြာလို့တောင် ရပါတယ်။ shwekhitonlinetv.com

၂။ မိမိရဲ့ အမြတ်တနိုးထားတဲ့ ဖိနပ်လေး ပျောက်မှာစိုးသောအခါ

ဒီဖိနပ်ပိုင်ရှင်ကတော့ သူ့ဖိနပ်လေးကို တော်တော်ချစ်မြတ်နိုးတဲ့ ပုံပါပဲ။ စက်ဘီးတွေမှာ ချိတ်တဲ့သော့ပုံစံလေးနဲ့ ဘယ်သူမှ မယူနိုင်အောင် သော့ခတ်ထားတာပါ။ တစ်ကယ့်ကို ကြံကြံဖန်ဖန်စဉ်းစားတတ်တဲ့ ဖိနပ်ပိုင်ရှင်ပါပဲ။ shwekhitonlinetv.com

၃။ လေဝင်လေထွက် အကောင်းဆုံးကား

တစ်ကယ်လို့ သင်ဟာ ကားမောင်းနေရင်း လေတဝူးဝူး ဝင်တာကိုမှ ကြိုက်တယ်ဆိုရင် အမိုးဖွင့်ကားတွေ ၊ ဂျစ်ကားတွေ ဝယ်စီးစရာ မလိုတော့ပါဘူး။ ဒီလို ကားမျိုးလေးသာ စီးလို့ကတော့ လေဝင်လေထွက် ကောင်းမယ့်အပြင် ကားမောင်းတဲ့အခါမှာလည်း ဘေး ဘယ် ညာ ကို ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။ shwekhitonlinetv.com

၄။ ထရပ်ကားပေါ်က ဂေါ်ဇီလာကြီး

အမှတ်တမဲ့ ကြည့်လိုက်ရင် တစ်ကယ့် ဂေါ်ဇီလာကြီးလားဆိုပြီး လန့်သွားလောက်စရာပါ။ တစ်ကယ်တော့ ပန်းခြံတစ်ခုမှာ အလှပြဖို့အတွက် ပြင်ဆင်ထားတဲ့ ဂေါ်ဇီလာအရုပ်ကြီးပဲ ဖြစ်ပါတယ်။ ဖန်တီးထားတဲ့သူ လက်ရာမြောက်လွန်းလို့ တစ်ကယ့် အစစ်လို့ ထင်သွားရပါတယ်။ shwekhitonlinetv.com

၅။ နံရံပေါ်ကပဲ မောင်းချင်တဲ့ ဒရိုင်ဘာ

အခုပုံမှာ မြင်နေရတဲ့ ကားဆရာကတော့ သာမန်ထက် ပိုထူးပြီး မောင်းချင်သလားလို့တောင် ထင်ချင်စရာပါ။ တစ်ကယ်ဖြစ်သွားတာကတော့ မတော်တဆ ယာဉ်တိုက်မှုတစ်ခုက နေပြီး အခုလိုမျိုး ကားတစ်စီးက အိမ်နံရံပေါ် ကပ်ပြီး တင်သွားတာပါ။ ပရိသတ်ကြီးလည်း ကားမောင်းတဲ့အခါ ဒီလိုမျိုး မဖြစ်အောင် သတိလေးကပ်ပြီး ဆင်ဆင်ခြင်ခြင် မောင်းကြပါနော်။ shwekhitonlinetv.com

၆။ သူငယ်ချင်းအတွက် စိတ်ပူပေးနေတဲ့ ကျားကြီး

တိရစ္ဆာန်ရုံမှာ လာရောက်အပန်းဖြေသူတွေကို ဖျော်ဖြေပေးနိုင်ရန် တစ်ကယ့် ကျားအပြင် အရုပ်ကျားတွေကိုပါ ထားပေးထားပါတယ်။ အရုပ်ထဲမှာဝင်နေတဲ့သူက ပူလွန်းအားကြီးပြီး မူးမေ့လဲသွားတာကြောင့် ကျန်းမာရေး ဝန်ထမ်းတွေက ထမ်းစင်နဲ့ ခေါ်ထုတ်သွားခဲ့ရပါတယ်။ ဒါကို လှောင်အိမ်ထဲက ကျားက စိတ်ပူပန်ပြီး ကြည့်နေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ခေတ်သစ် ငှက်အစာကျွေးနည်း

ရိုးရိုးတန်းတန်း ငှက်အစာကျွေးရတာကို ပျင်းနေပြီဆိုရင်တော့ ဒီပုံစံလေးအတိုင်း ကျွေးလို့ရပါတယ်နော်။ ဒါပေမယ့် တစ်ခုသတိထားရမှာက ကိုယ့်မှာ အောက်ခံတစ်ခုခု ဝတ်ထားလိုပါတယ်။ မဟုတ်ရင် ငှက်တွေ စားတာလွန်သွားလို့ အိမ်ပြန်ရင် လက်ကလေး ဖုံးပြီး ပြန်သွားရနိုင်လို့ပါနော်။ shwekhitonlinetv.com

၈။ ကြက်တွေရဲ့ အချစ်တော်ကြီး

ဒီပုံလေးထဲမှာတော့ ကောင်လေးကို ကြက်တွေက လိုလိုလားလားနဲ့ကို တွယ်ကပ်နေတာပါ။ တစ်ခါတစ်လေမှာ ကိုယ်နဲ့အနေနီးတဲ့ တိရစ္ဆာန်လေးတွေဟာ အမြဲတွယ်ကပ်လေ့ရှိတယ်ဆိုတာ ဒီပုံလေးက သက်သေပြနေသလိုပါပဲ။ shwekhitonlinetv.com

၉။ အမှိုက်ပုံးထဲက ဂီတ

တစ်ကယ့်ကို ပေါက်ပေါက်ရှာရှာ လုပ်လွန်းတဲ့သူလိုတောင် ပြောရမှာပါ။ လူတစ်ကိုယ်စာတောင် မနည်းဝင်အောင် လုပ်ရတဲ့ ဒီပုံးကြီးထဲမှာ ဂီတာတစ်လက်နဲ့ သံစဉ်တွေ ဟစ်ကြွေးနေဖို့ဆိုတာ တော်တော် အပင်ပန်းခံပြီး လုပ်နိုင်မှ ရမှာပါ။ shwekhitonlinetv.com

၁၀။ ငှက်ပျောသီးကို တော်ဝင် ဆန်ဆန် အချိုတည်းနည်း

သာမန်စားနေကျအတိုင်း ငှက်ပျောသီးကို အခွှံနွှာပြီး စားရတာ သဘောမကျဘူးဆိုရင် ဒီနည်းလမ်းလေး အလုပ်ဖြစ်မှာပါ။ တစ်ကယ့်ကို ပေါက်ပေါက်ရှာရှာ လုပ်လွန်းတဲ့ ပုံဖြစ်ပေမယ့် လုပ်ကြည့်ရင် အသုံးတည့်စေမယ့် နည်းလမ်းဆိုရင်လည်း မမှားပါဘူး ။ shwekhitonlinetv.com

ပရိသတ်ကြီးရော ဒီပုံလေးတွေကို ကြည့်ပြီး အပျင်းပြေမယ်လို့ ယူဆ မိပါတယ်။ ဒီပုံလေးတွေထဲက ဘယ်ပုံက အရယ်ရဆုံးလဲဆိုတာကို ပြောပေးခဲ့ပါဦးနော် …  shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။