လူတိုင်းကို အံ့သြမှင်တက်သွားစေမယ့် ကမ္ဘာတဝှမ်းက မတူကွဲပြားပြီး ထူးဆန်းတဲ့ အလေ့အထများ

နိုင်ငံအသီးသီးမှာ မတူကွဲပြားတဲ့ ဓလေ့ထုံးတမ်းတွေ ရှိပြီး တချို့ဓလေ့ထုံးတမ်းတွေဟာ ရှေးကျပြီး ထူးဆန်းလွန်းတဲ့ ရိုးရာဓလေ့တွေ ရှိကြပါတယ်။ ဒါ့အပြင် ယနေ့တိုးတက်လာတဲ့ ခေတ်နဲ့အညီပြောင်းလဲလာတဲ့ ဓလေ့ထုံးတမ်းတွေလည်း ရှိကြပါတယ်။ ဒီတခါမှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကမ္ဘာတဝှမ်းက ထူးဆန်းလှတဲ့ ရိုးရာဓလေ့ထုံးတမ်းများကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ မီးပုံပွဲတော်

ဂျာမနီနိုင်ငံ နေရာအနှံ့အပြားမှာ ပြုလုပ်လေ့ရှိတဲ့ မီးပုံပွဲပဲဖြစ်ပါတယ်။ အီစတာပွဲတော်ရက်မစတင်ခင်ညမှာ ပြုလုပ်ကြပြီး လူတရပ်စာမက မြင့်မားတဲ့ ထင်းတွေကို စုစည်းပြီး မီးပုံပွဲကျင်းပကြတဲ့ပွဲတော်တခုပါ။ ဒီပွဲတော်ဟာ အရမ်းကိုရှေးကျလွန်းပြီး နွေဦးကို ကြိုဆိုကာ ဆောင်းရာသီရဲ့ နတ်ဆိုးတွေကို နှင်ထုတ်တဲ့ ရိုးရာပွဲတော်ပဲ ဖြစ်ပါတယ်။ North-Rhine Westphalia ဆိုတဲ့ နေရာတော်တော်များများမှာဆိုရင်တော့ ထင်းစည်းတွေတင်ထားတဲ့ တွန်းလှည်းကြီးတခုလုံးကို မီးရှို့ပြီး တောင်စောင်းအတိုင်း တွန်းထုတ်ကာပွဲတော်ကို ကျင်းပကြပါတယ်။ shwekhitonlinetv.com

၂။ အသံထွက်အောင်စားသောက်တတ်ခြင်း

အစားစားသုံးတဲ့အခါ အသံထွက်ခြင်းဟာ ရိုင်းစိုင်းတဲ့ အပြုအမူတခုအဖြစ် နိုင်ငံတော်တော်များများက သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံမှာတော့ ခေါက်ဆွဲစားတဲ့အခါ အသံမြည်အောင် မစားသုံးခြင်းဟာ ရိုင်းစိုင်းတယ်လို့ မှတ်ယူကြပါတယ်။ ဒါ့ကြောင့် ဂျပန်နိုင်ငံရောက်တဲ့အခါ ခေါက်ဆွဲကို အသံမြည်အောင် စားသောက်တတ်ဖို့လိုမယ်နော်။ shwekhitonlinetv.com

၃။ အစားအသောက်ထဲမှာ ငွေသားထည့်သွင်းခြင်း

ဘိုလီးဗီးယားနိုင်ငံမှာတော့ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို ကူးပြောင်းတဲ့အခါ ကြိုဆိုတဲ့အနေနဲ့ ကိတ်မုန့်တွေထဲမှာ ငွေသားကိုထည့်သွင်းပြီး ကိတ်မုန့်ဖုတ်တဲ့ ဓလေ့ရှိပါတယ်။ ကိတ်မုန့်ကိုစားရင်း ငွေသားကို ရှာတွေ့သွားသူဟာ နောင်လာမယ့်နှစ်သစ်မှာ ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ shwekhitonlinetv.com

၄။ သွားအကျိုးကို လွှင့်ပြစ်ခြင်း

နိုင်ငံတော်တော်များများမှာ ကလေးတွေ သွားကျိုးတဲ့အခါ ခေါင်းဦးအောက်မှာ ထားအိပ်လေ့ရှိကြပါတယ်။ ဒါမှသာ သွားနတ်သမီးဟာ သွားတွေကို ယူဆောင်သွားနိုင်တယ်လို့ အယူရှိကြပါတယ်။ ဒါပေမဲ့ ဂရိနိုင်ငံမှာတော့ သွားအကျိုးကို ခေါင်မိုးပေါ်ကို ပြစ်လွှတ်ကြပါတယ်။ ပြီးရင်တော့ နောက်ထွက်မယ့်သွားဟာ ကျန်းမာကြံ့ခိုင်တဲ့သွားဖြစ်ဖို့အတွက် ဆုတောင်းတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်ရော သွားအကျိုးတွေကို ဘယ်လိုလုပ်လေ့ရှိလဲဆိုတာ ဖြေပေးခဲ့ပါဦးနော်။ shwekhitonlinetv.com

၅။ ခရမ်းချဥ်သီးနဲ့ပြစ်ပေါက်ခြင်းဓလေ့

La Tomatina လို့ခေါ်တဲ့ ပွဲတော်တခုဟာ စပိန်နိုင်ငံမှာ ကျင်းပတဲ့ လူတွေအချင်းချင်း တယောက်နဲ့တယောက် ခရမ်းချဥ်သီးနဲ့ပြစ်ပေါက်တဲ့ ဓလေ့ရိုးရာပွဲတော်တခု ဖြစ်ပါတယ်။ ဒီရိုးရာကို ၁၉၄၅ ခုနှစ်က စတင်ခဲ့တာဖြစ်တာကြောင့် ရှေးကျတဲ့ပွဲတော်တခုတော့ မဟုတ်ခဲ့ပါဘူး။ ခရမ်းချဥ်သီးပွဲတော်ကို သြဂုတ်လရဲ့ နောက်ဆုံးပတ် ဗုဒ္ဓဟူးနေ့မှာ နှစ်စဥ်ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်ကို စတင်ခဲ့တာကတော့ ကလေးတွေ တယောက်နဲ့တယောက် အစားအစာတွေနဲ့ ပြစ်ပေါက်ကစားရာကနေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ခရမ်းချဥ်သီးနဲ့ မပြစ်ပေါက်ခင်မှာ အရင်ဆုံး ခရမ်းချဥ်သီးကို ကြိတ်ချေပြီးမှ ပြစ်ပေါက်ရမယ်လို့ စည်းမျဥ်းသတ်မှတ်ထားကြပါတယ်။ ဒါမှသာ ပွဲတော်ကျင်းပတဲ့အခါ အားလုံးထိခိုက်ဒဏ်ရာမရပဲ ပျော်ပါးနိုင်မှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဆောင်းရာသီမှာ ရေခဲမုန့်စားသုံးခြင်း

သာမန်လူတွေအတွက်ကတော့ နွေရာသီလို ပူပြင်းလွန်းတဲ့ ရာသီမှာ ရေခဲမုန့်စားသုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ မွန်ဂိုလီးယားနိုင်ငံမှာတော့ ဆောင်းရာသီရဲ့ အအေးဆုံးအချိန်ကာလမှာ ရေခဲမုန့်စားသုံးတတ်ကြပါတယ်။ မွန်ဂိုလီးယားနိုင်ငံက ရေခဲမုန့်ရောင်းချတဲ့ လမ်းဘေးစျေးသည်တွေဟာ ရေခဲမုန့်ထည့်စရာ အေးခဲသေတ္တာတွေ မလိုအပ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရေခဲမုန့်ရောင်းချနေတဲ့အချိန်မှာ ပြင်ပရာသီဥတုဟာ အနှုတ် ၂၂ ဒီဂရီဖာရင်ဟိုက် အောက်ကို ရောက်ရှိနေလို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ တောင်ကိုရီးယားနိုင်ငံရဲ့ ကလေးမွေးနေ့ပွဲ

သာမန်နိုင်ငံတွေနဲ့မတူပဲ တောင်ကိုရီးယားနိုင်ငံမှာတော့ ကလေးငယ် ၁ နှစ်ပြည့်တဲ့ မွေးနေ့ပွဲမှာ ကလေးငယ်တွေကို သူတို့အရွယ်ရောက်လာတဲ့အခါ ဖြစ်လာနိုင်တဲ့ ကံကြမ္မာကို ရွေးချယ်ခိုင်းကြပါတယ်။ အဆိုပါ ရိုးရာဓလေ့ကို doljabi လို့ခေါ်ပါတယ်။ ကလေးငယ်ရဲ့ ရှေ့မှာ ပိုက်ဆံ ၊ စာအုပ် ၊ ဆရာဝန်အသုံးအဆောင် ၊ ရှေ့နေအသုံးအဆောင် စသည်ပစ္စည်းတို့ကို ချပြထားပါတယ်။ ထိုထဲက ပစ္စည်းတွေကို ကလေးငယ်ကို ရွေးချယ်ခိုင်းခြင်းအားဖြင့် ကလေးငယ်ရဲ့ အနာဂတ်ကို ခန့်မှန်းကြပါတယ်။ ဥပမာအားဖြင့် ကလေးငယ်ဟာ ပိုက်ဆံကို ရွေးချယ်ခဲ့မယ်ဆိုရင် အနာဂတ်မှာ ချမ်းသာတဲ့သူ ဖြစ်နိုင်ပြီး စာအုပ်ကို ရွေးချယ်မယ်ဆိုရင်တော့ ပညာတတ်ဖြစ်မယ်လို့ ဆိုလိုပါတယ်။ shwekhitonlinetv.com

၈။ ထိုင်ခုံပေါ်မှ ခုန်ချခြင်း

နိုင်ငံအသီးသီးမှာတော့ နှစ်သစ်ကိုကြိုဆိုတဲ့ မတူညီတဲ့ ဓလေ့ထုံးတမ်းတွေ ရှိကြပါတယ်။ ဒိန်းမတ်နိုင်ငံမှာလည်း ထူးဆန်းတဲ့ နှစ်သစ်ကြိုဆိုနည်း ရှိကြပါတယ်။ ဒိန်းမတ်နိုင်ငံသားတွေဟာ နာရီလက်တံ ညသန်းခေါင်ကို မရောက်သေးခင်အချိန်မှာ ခုံပေါ်ကို တက်နေပြီး နှစ်သစ်ကို ရောက်ရှိသွားပြီဆိုရင်တော့ ခုံပေါ်ကနေ ခုန်ချလိုက်တာတဲ့ ဓလေ့ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ခုံပေါ်ကနေ မခုန်ချခဲ့မိဘူးဆိုရင်တော့ လာမယ့်တနှစ်ပတ်လုံး ကံဆိုးမယ်လို့ အယူရှိကြပါတယ်။ shwekhitonlinetv.com

၉။ တသက်လုံးမှာ ဆံပင်တခါသာ ညှပ်ခြင်း

တရုတ်နိုင်ငံမှာရှိတဲ့ Huangluo Red Yao ဆိုတဲ့ရွာဟာ ကမ္ဘာ့ဆံပင်အရှည်ဆုံး အမျိုးသမီးတွေ နေထိုင်ရာနေရာအဖြစ် နာမည်ကြီးပါတယ်။ သူတို့ဟာ ဆံပင်ရှည်တွေကို ရစ်ပတ်ထုံးနှောင်ပြီး ခေါင်းပတ်အောက်မှာ ရစ်ခွေထည့်ထားလေ့ ရှိကြပါတယ်။ ပွဲတော်ရက်ကျင်းပတဲ့အခါမှာတော့ သူတို့ရဲ့ ဆံပင်တွေကို ဖြည်ချပြီး ခေါင်းလျှော်ခြင်း ခေါင်းဖီးခြင်းတို့ကို ပြုလုပ်ကြပါတယ်။ သူတို့တွေရဲ့ ဆံပင်အရှည်ဟာ ပျမ်းမျှအားဖြင့် ၃.၃ ပေအထိ ရှည်လျားကြပါတယ်။ Yao အမျိုးသမီးတွေဟာ သူတို့ရဲ့ ဆံပင်တွေကို အရှည်ထားခြင်းအားဖြင့် သက်တမ်းရှည်ရှည်နေထိုင်ရမယ်လို့ ယုံကြည်ကြပါတယ်။ သူတို့ရဲ့ ဆံပင်ကို အသက် ၁၈ နှစ်ရောက်တဲ့အချိန်မှသာ ဆံပင်ညှပ်ခြင်းကို ပြုလုပ်ကြပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် အဆိုပါ မိန်းကလေးဟာ အိမ်ထောင်ပြုလို့ရပြီလို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။