အလိုက်ကန်းဆိုး မသိတဲ့ လူတချို့ရဲ့ စိတ်ပျက်စရာ အပြုအမူများ

အခုဖော်ပြမယ့် အကြောင်းအရာကတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ကိုယ်ထင်ရာ ကိုယ်လုပ်တတ်တဲ့ ရိုင်းစိုင်းတဲ့ အပြုအမူ ရှိတဲ့သူတွေအကြောင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အဲ့ဒီလို ကိုယ်ထင်ရာ ကိုယ်လုပ်တတ်တဲ့ လူတွေနဲ့ အများသုံး ပို့ဆောင်ရေးဖြစ်တဲ့ ဘတ်စ်ကားတို့ ရထားပေါ် တို့မှာ တွေ့ရမယ်ဆိုရင်တော့ အခုလို စိတ်ပျက်စရာ အခြေအနေမျိုးတွေ ဖြစ်လာမှာ အသေအချာပါပဲနော်။ shwekhitonlinetv.com

၁။ ရထားပေါ်က အလိုက်မသိတဲ့ မိန်းကလေး

အခုပုံမှာ မြင်တွေ့ရတာကတော့ ရထားထိုင်ခုံမှာ ခြေပြစ်လက်ပြစ် အိပ်နေတဲ့ မိန်းကလေးပဲ ဖြစ်ပါတယ်။ အိပ်နေတာပဲ ပတ်၀န်းကျင်ကို နှောင့်ယှက်နေတာမှ မဟုတ်တာလို့ ထင်ရပေမဲ့လည်း တကယ်တမ်းမှာတော့ တော်တော်ကို ဆိုးဝါးတဲ့ အပြုအမူပါပဲ။ လက်ရော ခြေထောက်ပါ ရှေ့ထိုင်ခုံကို တွန်းထားတဲ့အပြင် ခြေထောက်ကလည်း ရှေ့က ထိုင်ခုံထိ ကျူးကျော်နေတာဖြစ်လို့ အများသုံး နေရာမှာ အခုလိုလုပ်တာ လုံးဝ မသင့်တော်ပါဘူးနော်။ shwekhitonlinetv.com

၂။ စားသောက်ဆိုင်ရဲ့ ဆိုးဝါးလှတဲ့ ဝန်ဆောင်မှု

အခုပုံကို မြင်လိုက်ရရင်တော့ ဘာအမှားတစ်ခုမှ မရှိဘူးလို့ ထင်ရမှာပါ။ တကယ်တန်းမှာတော့ အဆိုပါ အမျိုးသားက သူ့ရဲ့ အသားညှပ်ပေါင်မုန့်ကို လက်နဲ့ ကိုင်စားနေတဲ့ အခိုက်အတန့်မှာပဲ စားပွဲထိုးက သူ့ရဲ့ အသားညှပ်ပေါင်မုန့်ထည့်တဲ့ ပန်းကန်ပြားကိုယူသွားခဲ့တာပါ။ စားသောက်ဆိုင်ကို လာပြီး စားသောက်နေတဲ့ ဧည့်သည် အဆင်ပြေရဲ့လားဆိုတာကို သေချာမစူးစမ်းပဲ လုပ်လိုက်တာ ဖြစ်လို့ အရမ်းကို ရိုင်းတဲ့ အပြုအမူပါပဲ။ ကိုယ်စားနေတုန်းမှာ အခုလို ဖြစ်သွားခဲ့ရင်တော့ သေချာပေါက် ဒေါသထွက်မိမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၃။ တောင်ကုန်းပေါ်က လှပတဲ့ အိမ်လေး

ရုတ်တရက် ကြည့်မယ် ဆိုရင်တော့ အရမ်းကို လှပပြီး နေချင်ဖွယ်ကောင်းတဲ့ အိမ်လေးတစ်လုံးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သေချာကြည့်လိုက်မယ်ဆိုရင်တော့ တောင်ကုန်းရဲ့ အစွန်းမှာ ဖောက်ထားတဲ့ အိမ်ရဲ့ တံခါးကို တွေ့ရမှာပါ ။ အိမ်ဒီဇိုင်းဆွဲတဲ့ သူရဲ့ ဆန္ဒအလျောက် သေချာဆောက်လုပ်ပေးခဲ့ပေမဲ့ တောင်ကုန်းအစွန်းက တံခါးကတော့ မြင်ရသူတိုင်းကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ အမှန်ပဲနော်။ shwekhitonlinetv.com

၄။ ဘတ်စ်ကားပေါ်က စိတ်အနှောင့်အယှက်ဖြစ်စရာ အမျိုးသမီး

ပုံထဲက ဘတ်စ်ကားစီးသူ အမျိုးသမီးကတော့ အရမ်းကို စိတ်တိုစရာ အနေအထားဖြစ်နေခဲ့တာပါ ။ သူမရဲ့ နောက်မှာရှိတဲ့ ထိုင်ခုံ ၂ ခုံပေါ်မှာ သူမရဲ့ ပိုက်ဆံအိတ်နဲ့ အ၀တ်အစားကို ပြစ်တင်ထားခဲ့ပြီး သူမကိုယ်တိုင်ကတော့ မတ်တပ်ရပ်ပြီး စာအုပ်ဖတ်နေတာ ဖြစ်ပါတယ်။ သူမကိုယ်တိုင်လည်း မထိုင်တဲ့ ထိုင်ခုံ ၂ ခုကို အခုလို လုပ်ထားပြီး ကိုယ်တိုင်က မတ်တပ်ရပ်နေတဲ့ အနေအထားဟာဆိုရင် အရမ်းကို ရိုင်းတဲ့ အပြုအမူပါပဲနော်။ shwekhitonlinetv.com

၅။ ကားမောင်းပြီး စည်းကမ်းမရှိသူ

အနီရောင် ကားလှလှလေးကို မောင်းနှင်တဲ့ သူကတော့ အရမ်းကို တန်ဖိုးကြီးတဲ့ ကားကို မောင်းနှင်ခဲ့ပေမဲ့ ယာဥ်စည်းကမ်းကို တကယ်ကို နားမလည်တဲ့သူ ဖြစ်လို့နေပါတယ် ။ သူဟာ ကား ( ၄ ) စီးရပ်ရမယ့် ကားပါကင်နေရာမှာ သူ့ရဲ့ ကားကို ကန့်လန့်အနေအထားနဲ့ ရပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အခုလို ရှေ့နောက်မကြည့်တဲ့ လုပ်ရပ်ကြောင့် နောက်ထပ် ကားပါကင်မှာ ရပ်နားမယ့် ကားတွေအတွက် ရပ်စရာ နေရာမရှိ ဖြစ်ခဲ့ရပါတယ်။ shwekhitonlinetv.com

၆။ အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ ရေချိုးခန်းကြွေခင်း

ရေချိုးခန်း ကြမ်းပြင်အတွက် ကြွေပြားဒီဇိုင်းထုတ်တဲ့သူကိုပဲ အပြစ်တင်စကား ဆိုရမှာပဲနော်။ ရေချိုးခန်း ကြမ်းပြင်ရဲ့ ကြွေပြားဒီဇိုင်းက အခုလို လူတွေအများကြီး လက်မြောက်ပြီး မော့ကြည့်နေတဲ့ ပုံစံဖြစ်တာကြောင့် ရေချိုးရသူအဖို့ ကိုယ့်ကို အောက်ကနေ လူတွေ ထမ်းပိုးထားတဲ့ ခံစားချက်ကို ရရှိစေမှာ ဖြစ်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်နေတဲ့ အခိုက်မှာ အခုလို လူအများကြီး အောက်ကနေ မော့ကြည့်နေတဲ့ ပုံက ဘယ်လိုမှကို အဆင်မပြေနိုင်ပါဘူးနော်။ shwekhitonlinetv.com

၇။ စိတ်အနှောက်အယှက်ပေးသူ

အခုမြင်ရတဲ့ ပုံကတော့ လေယာဥ်ပေါ်က စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ လူရဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လက်နှစ်ဖက်ကို ထိုင်ခုံနောက်မှာ ပြစ်ပြီး ထားလိုက်တဲ့ အတွက်ကြောင့် သူ့ရဲ့ နောက်တည့်တည့်မှာ ရှိတဲ့ ခရီးသည်ကတော့ အရမ်းကို စိတ်တိုနေမယ် ထင်ပါတယ်။ အခုလို တစ်ဖက်သားကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူကို လုံးဝကို မလုပ်သင့်ပါဘူးနော်။ shwekhitonlinetv.com

၈။ ပတ်ဝန်းကျင်ကို ထည့်မတွက်တဲ့ လေယာဥ်စီးသူ

မြင်လိုက်ရတာနဲ့တင် စိတ်တိုသွားစေမယ် ထင်ပါတယ်နော်။ လေယာဥ်စီးနင်းလိုက်ပါလာတဲ့ အမျိုးသမီးကတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း သူ့ရဲ့ဆံပင်တွေကို နောက်ခုံအထိ ဖားလျားချထားတာ ဖြစ်ပါတယ်။ ပိုဆိုးဝါးတဲ့ အချက်ကတော့ သူမရဲ့ ဆံပင်တွေက နောက်ခုံက ခရီးသည်ရဲ့ တီဗွီ စကင်ရ်ကိုပါ ဖုံးနေတာပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက် အားမနာတဲ့ သူမရဲ့ အကျင့်ကတော့ အရမ်းကို ဆိုးဝါးလွန်းလှပါတယ်။ shwekhitonlinetv.com

၉။ အသားညှပ်ပေါင်မုန့်ရဲ့ ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်

အခုမြင်နေရတာကတော့ အသားညှပ်ပေါင်မုန့်ပါလို့ ငြင်းခုန်ရတော့မယ့်အထိ ဖြစ်စေတဲ့ ပေါင်မုန့်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်ပြောင်းနဲ့ ကြည့်မှပဲ သေချာမြင်ရမယ့် အသား အရွယ်အစားကို ပေါင်မုန့်ထဲ ညှပ်ထည့်ထားလို့ပါ။ အသားညှပ်ပေါင်မုန့်လုပ်တဲ့ စားဖိုမှုးတော့ မေတ္တာပို့နေကြမယ် ထင်ပါတယ်။ shwekhitonlinetv.com

၁၀။ အများသုံးအိမ်သာထဲက စက္ကူ

အများသုံး နေရာတွေက ပစ္စည်းတွေကို အလေးမထားပဲ စိတ်ကြိုက်သုံးပြီး တချို့ဆို ဖျက်ဆီးပြစ်ခဲ့တာမျိုးတွေကို ကြုံဖူးကောင်း ကြုံဖူးကြမယ် ထင်ပါတယ်နော်။ အခုပုံထဲမှာ မြင်ရတာကတော့ အများသုံး အိမ်သာထဲက စက္ကူလိပ်တွေကို အသုံးပြုခြင်းလည်း မရှိပဲ အလကားဖြစ်အောင် ဆွဲထုတ်ထားကို တွေ့ရမှာပါ။ အခုလို လုပ်ရပ်ဟာ နိုင်ငံကြီးသား မပီသတဲ့ လုပ်ရပ်ဖြစ်တာကြောင့် လုံးဝကို မလုပ်သင့်တဲ့ အပြုအမူပါနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။