သောက်နေကျ ဘီယာကုန်သွားလို့ ထူးဆန်းတဲ့ အရာတစ်ခု ပြုလုပ်ခဲ့တဲ့ (၉၃)နှစ်အရွယ် အဘွား

Advertisements

အခုလက်တလောမှာ ဖြစ်ပွားနေတဲ့ Corona Virus ကြောင့် လူတိုင်းဟာ ရောဂါကို ကာကွယ်ဖို့အတွက် အိမ်မှာပဲ Stay Home နေရတဲ့ ကာလပါ။ ဒီအထဲအမှာ အသက် (၉၃) နှစ်အရွယ် Olive Veronesi လို့ခေါ်တဲ့ အဘွားတစ်ဦးလည်း အပါအဝင်ပါပဲ။ shwekhitonlinetv.com

ဒါပေမယ့် သူမက အိမ်မှာနေရင်းနဲ့ တစ်ခြားသူတွေလို မပျင်းရအောင် စိတ်ကူးအဆန်းလေးတစ်ခု လုပ်လိုက်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ အိမ်မှာ Stay Home နေရတာကြာသွားတဲ့အခါ သူမသောက်နေကျ ဘီယာတွေ ကုန်သွားလို့ ဘီယာထပ်ဝယ်ခိုင်းတဲ့ စာလေးကိုင်ပြီး အကူညီတောင်းလိုက်တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယား ပြည်နယ်မှာနေထိုင်တဲ့ သူမဟာ အမြဲတမ်း ပစ္စည်းဝယ်ပေးနေကျ အိမ်နီးနားချင်းကို ဘီယာထပ်ဝယ်ပေးဖို့ စိတ်ကူးဆန်းဆန်းနဲ့ အကူညီတောင်းလိုက်တာပါ။ အကူညီတောင်းပုံကတော့ White Board အသေးလေးပေါ်မှာ “ ငါဘီယာတွေ ထပ်လိုပါတယ်” လို့ရေးထားပြီး အခြားလက်တစ်ဖက်မှာတော့ သူမသောက်နေကျ Coor Light တံဆိပ် ဘီယာဘူးလေးကို ပြထားပါတယ်။ အိမ်မှာပဲနေနေရတဲ့ အဘွားတစ်ယောက် ပျင်းပျင်းနဲ့ တစ်ယောက်ထဲ ဘီယာတွေထိုင်သောက်နေပုံပါပဲ။ shwekhitonlinetv.com

ဒီပုံလေးကို ဓာတ်ပုံရိုက်လိုက်တဲ့သူက TV Station ဆိုတဲ့ Facebook Page မှာ တင်လိုက်တဲ့အခါ ကြည့်ရှုသူ Million နဲ့ ချီ ရှိခဲ့ပါတယ်။ ဝင်ကြည့်မိတဲ့သူတိုင်းကိုလည်း သဘောကျစေခဲ့တာကြောင့် ဒီအဘွားရဲ့ စိတ်ကူးက အတော်လေးကောင်းသွားတယ်လို့ ပြောရမှာပါ။ shwekhitonlinetv.com

သူမဟာ အခုဆိုရင်တော့ Facebook ပေါ်မှာ နာမည်ကြီးနေပြီး တစ်ချို့ဆိုရင် သူမအိမ်ကိုတောင် Delivery နဲ့ ဘီယာတွေ လာပို့ပေးကြတယ်လို့ သိရပါတယ်။ နောက်ပိုင်းတင်ထားတဲ့ ပုံတွေမှာဆိုရင်လည်း ဘီယာဘူးတွေအများကြီးကြားမှာ ပီတိ အပြုံးတွေ ဝေနေတဲ့ အဘွားရဲ့ ဓာတ်ပုံလေးတွေကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အိမ်မှာ Stay Home နေနေရတဲ့ အဘွားတစ်ယောက် တစ်ခဏလေးအတွင်းမှာလူတွေကို ပျော်အောင်လုပ်ပေးခဲ့တဲ့ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို အပျင်းပြေစရာ အကြောင်းတွေကို ထပ်မံ ရှာဖွေ ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်ကြည့် ဖတ်ရှုပေးပါဦးနော်။ အားလုံးပဲ Stay Home ကာလမှာ ဘေးအန္တရာယ်တွေကင်းကွာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment