လူချမ်းသာတိုင်း ဝယ်မစီးနိုင်တဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး Sneaker (၅) မျိုး

Shwe Khit ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ ထူးဆန်းတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ ကမ္ဘာပေါ်မှာ လက်ရှိ ဈေးအကြီးဆုံးလို့ စာရင်းဝင်ထားတဲ့ Sneaker တွေ အကြောင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

စာဖတ်နေတဲ့ ပရိသတ်ကြီးထဲက Sneaker Head တွေနဲ့ Sneaker အကြောင်း စိတ်ဝင်စားသူတွေ အတွက် ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁။ Solid Gold OVO x Air Jordans

တစ်ကယ့်ကို ကမ္ဘာ့ဈေးအကြီးဆုံးလို့ သတ်မှတ်ထားတာနဲ့ လိုက်ဖက်အောင် Sneaker တစ်ခုလုံးကို ရွှေ 24 K နဲ့ ဖုံးအုပ်ပေးထားပါတယ်။ ဒီ Sneaker ကို ဖန်တီးထားသူကတော့ အမေရိကန်လူမျိုး Artist တစ်ယောက်ဖြစ်တဲ့ Matthew Senna ဆိုသူပဲ ဖြစ်ပါတယ်။ Shoe တစ်စုံလုံးရဲ့ အလေးချိန်ဟာ ပေါင် (၅၀) ရှိပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၂) သန်း တန်ကြေး ရှိပါတယ်။ shwekhitonlinetv.com

၂။ Michael Jordan’s Game Worn Converse Fastbreak

ဒီ Sneaker ကတော့ ထွက်ခဲ့သမျှ game-worn တွေထဲမှာ ဈေးအကြီးဆုံး Sneaker လို့တောင် ပြောလို့ရပါတယ်။ 1984 ခုနှစတုန်းက အမေရိကန်အသင်းဟာ Los Angeles မှာကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့ပါတယ်။ ဆယ်စုနှစ် တစ်စု ကြာတဲ့အခါမှာတော့ Michael Jordan ကိုယ်တိုင် လတ်မှတ်ရေးထိုးထားတဲ့ Converse Fastbreaks တစ်စုံကို လေလံတင် ရောင်းချခဲ့ပြီး ဒေါ်လာ (၁) သိန်းနဲ့ လေလံအောင်ခဲ့ပါတယ်။ ဒီ ဖိနပ်ဟာ ကမ္ဘာ့ဒုတိယ ဈေးအကြီးဆုံး ဖြစ်ပြီး သူ့ရဲ့ လက်ရှိတန်ကြေး ဒေါ်လာ ၁သိန်း (၉) သောင်းကျော်တောင် ရှိပါတယ်တဲ့။ shwekhitonlinetv.com

၃။ Buscemi 100 MM Diamond

ကမ္ဘာ့ဈေးအကြီးဆုံး Sneaker စာရင်းရဲ့ နံပါတ် (၃) နေရာမှာတော့ Buscemi 100 MM Diamond က ရယူထားပါတယ်။ သူ့ရဲ့ Model နာမည်နဲ့ လိုက်အောင် ဖိနပ်ကို (၁၁.၅) ကာရက်ရှိတဲ့ စိန်တွေနဲ့ တန်ဆာဆင်ပေးထားပြီး (၁၈) ကာရက်ရှိတဲ့ ရွှေတွေနဲ့ ပေါင်းစပ်ဖန်တီး ပေးထားပါသေးတယ်။ ထုတ်လုပ်သူတွေရဲ့ အဆိုအရ ဒီ Sneaker ဟာ သတ္တိနည်းတဲ့သူတွေ အတွက် ထုတ်လုပ်ထားမဟုတ်ဘူးလို့လည်း ပြောထားပါသေးတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ (၁၃၂၀၀၀) တန်ကြေး ရှိပါတယ်။ shwekhitonlinetv.com

၄။ Air Jordan 12 (Flu Game)

အရောင် နှစ်မျိုးတည်းနဲ့ အမြင်ပုံစံဆန်းသစ်အောင် ဖန်တီးထားတဲ့ Air Jordan 12 ကတော့ နံပါတ် ၄ နေရာမှာ ရှိနေပါတယ်။ ဒါ့အပြင် ထွက်ခဲ့ဖူးသမျှ ဈေးအကြီးဆုံး Jordan ဖိနပ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဈေးကြီးရတဲ့ အကြောင်းကတော့ Michael Jordan ရဲ့နာမည်ကြီး In Flu Game လို့ ခေါ်ခဲ့ကြတဲ့ ပြိုင်ပွဲမှာ အဖျားရှိနေတဲ့ကြားထဲက Michael Jordan ကိုယ်တိုင် ဒီဖိနပ်ကို စီးပြီး ပြိုင်ပွဲဝင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ (၁၄၀၀၀၀) ရှိပြီး ကမ္ဘာပေါ်မှာ အရှားဆုံး ဖိနပ်လည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Air Jordan 12 OVO (Drake Edition)

နဂိုမူလ Air Jordan 12 OVO ဟာ နာမည်ကြီးခဲ့သလို Drake Edition အဖြစ်ထွက်ခဲ့ပြီး ချိန်မှာလည်း ပိုလို့တောင် နာမည်ကြီးလာခဲ့ပါတယ်။ ဒီဖိနပ်ဟာ ebay မှာ ဒေါ်လာ ၁၀၀၀၀၀ နဲ့ ရောင်းထွက်ခဲ့ပါတယ်။ လူချမ်းသာတွေနဲ့ နာမည်ကြီး သရုပ်ဆောင်တွေ ၊ အားကစားသမားတွေနဲ့ ဆယ်လီတွေ သဘောကျကြတဲ့ ဖိနပ်လည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားခဲ့တာတွေကတော့ ကမ္ဘာ့ဈေးအကြီးဆုံး Sneaker ၅ မျိုးကို ဗဟုသုတရစေရန်အတွက် ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို ဗဟုသုတရစရာ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးဦးမှာမို့လို့ Shwe Khittကို စောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply