အရပ်ပုပေမယ့် ကမ္ဘာကျော်တဲ့အထိ နာမည်ကြီးတဲ့ ဟောလိဝုဒ် အနုပညာရှင် (၅) ဦး

ဒီတစ်ခေါက်မှာ Shwe Khit ကို ဖတ်ရှုနေတဲ့သူတွေထဲက ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် အရပ်ပုပေမယ့်လည်း နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ သူတို့က ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ရအောင်နော်။ shwekhitonlinetv.com

Danny DeVito ( ၄ ပေ ၁၀ လက်မ )

Danny DeVito ဟာ ငယ်စဉ်ကတည်းက မျိုးရိုးဗီဇ ချို့ယွင်းချက်ကြောင့် အရပ်ရှည်မထွက်ခဲ့ပေမယ့် သူ့ရဲ့ အိပ်မက်တွေကိုတော့ မပြောင်းလဲပဲ ရအောင် အကောင်အထည် ဖော်ခဲ့သူပါ။ သူဟာ ၁၉၆၀ ခုနှစ်တုန်းက Newyork မှာရှိတဲ့ အနုပညာသင်တန်းကျောင်းကို တက်ရောက်ခဲ့ပြီး မင်းသားကြီး Michael Douglas နဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး ယနေ့အချိန်အထိ ခင်နေကြတုန်းပါပဲ။ shwekhitonlinetv.com

Danny ဟာ ၁၉၇၀ ခုနှစ်ကစလို့ နာမည်ကြီး ရှင်ရှင်တွေနဲ့ စီးရီးတွေမှာ စတင် သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ Danny ဟာ ဟောလိဝုဒ်ရဲ့ walk of fame မှာ ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ လက်ရှိမှာ Danny နောက်ဆုံး ပါဝင်ထားတဲ့ ဇာတ်ကားကတော့ ၂၀၁၉ ခုနှစ်မှာ ရိုက်ကူးထားတဲ့ Dumbo ဇာတ်ကားပဲ ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်အပြင် ရုပ်ရှင် နဲ့ တီဗီအစီအစဉ်တွေကို ထုတ်လုပ်သူအဖြစ်လည်း လုပ်ကိုင်နေပါတယ်။ shwekhitonlinetv.com

Peter Dinklage ( ၄ ပေ ၅ လက်မ )

Peter လို ပြောလိုက်တာနဲ့ နာမည်ကြီး စီးရီး တစ်ခုဖြစ်တဲ့ Game of Thrones ကို တွဲပြီး မြင်မိကြမှာပါ။ ဒီ စီးရီးနဲ့ပဲ Peter ဟာ ၂၀၁၂ ခုနှစ်မှာတော့ အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူဟာ နာမည်ကြီး ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ Peter ဟာ Erica Schmidtဆိုသူနဲ့ လက်ထပ်ထားပြီး ကလေး ၂ ယောက်ကိုလည်း ပိုင်ဆိုင်ထားကာ သာယာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ထားပါတယ်။ shwekhitonlinetv.com

Tony Cox ( ၃ ပေ ၆ လက်မ )

Tony ဟာ သရုပ်ဆောင်အလုပ်ကို ရူးသွပ်လွန်းတာကြောင့် အသက် ၁၈ နှစ်တည်းက Los Angeles မြို့ ကို ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ Merrick Studio လို့အမည်ရတဲ့ အနုပညာကျောင်းမှာ သရုပ်ဆောင်ဘာသာရပ်ကို သင်ယူခဲ့ပြီး နောက်ပိုင်းမှာတော့ ကြော်ငြာတွေ ၊ ဇာတ်ကားတွေနဲ့ တီဗီ အစီစဉ်တွေမှာ ပါဝင်သရုပ်ဆောင် လာခဲ့ပါတယ်။ shwekhitonlinetv.com

သူ့ဘဝအတွက် ပထမဆုံး အောင်မြင်လာစေခဲ့တဲ့ ဇာတ်ကားကတော့ Me Myself & Irene ဖြစ်ပြီး ဒီဇာတ်ကားထဲမှာ Jim Carrey ၊ Renee Zellweger တို့နဲ့ အတူ သရုပ်ဆောင်ခဲ့ကာ လူသိများလာခဲ့ပါတယ်။ အခုလက်ရှိမှာတော့ Tony ဟာ အနုပညာကျောင်းမှာတည်းက သိကျွမ်းခဲ့တဲ့ Otelia နဲ့ ၁၉၈၁ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ယနေ့အချိန်အထိ ပျော်ရွှင်စွာ နေထိုင်လျက်ရှိပါတယ်။ shwekhitonlinetv.com

Warwick Ashley Davis ( ၃ ပေ ၆ လက်မ )

David တစ်ယောက် အနုပညာလောကထဲ ဝင်လာပုံက ဆန်းကြယ်လွန်းပါတယ်။ David အသက် ၁၁ နှစ်တုန်းက သူ့အဖွားဖြစ်သူဟာ ရေဒီယိုကနေ နာမည်ကြီး ဇာတ်ကားတစ်ခုဖြစ်တဲ့ Return of the jedi အတွက် အရပ် ၄ ပေအောက် သရုပ်ဆောင် အလိုရှိကြောင်း ကြားခဲ့ပါတယ်။ သူဟာ ဒီဇာတ်ကားကနေ နာမည်ရလာခဲ့ပြီး နောက်ပိုင်းမှာ နာမည်ကြီး ဇာတ်ကားတစ်ခုဖြစ်တဲ့ Harry Potter ဇာတ်ကားထဲမှာ ပရော်ဖက်ဆာ Filius Flitwick နေရာကနေ သရုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိမှာတော့ သူဟာ တီဗီအစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင်နေပြီး အင်္ဂလန်နိုင်ငံရဲ့ Little People UK ရဲ့ Co Founder အနေနဲ့ လုပ်ဆောင်လျက်ရှိပါတယ်။ shwekhitonlinetv.com

Verne Troyer ( ၂ ပေ ၈ လက်မ )

Verne ကတော့ Austin Powers ဆိုတဲ့ ဇာတ်ကားတွေမှာ Mini Me ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ် အားပေးမှုကို အခိုင်အမာရရှိလာခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Harry Potter ဇာတ်ကားထဲမှာလည်း ဂေါ့ဘလင် အဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ်။ Verne ဟာ Britney Powell ကနေ ၂၀၀၇ ခုနှစ်တည်းက လက်တွဲခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ သေဆုံး ခဲ့ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ အရပ်ပုပေမယ့်လည်း သူ မတူ အောင် နာမည်ကြီး ထင်ရှားတဲ့ သရုပ်ဆောင် အနုပညာရှင်တွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်ဗျ။ နောက်ပိုင်းမှာလည်း အခုလို စိတ်ဝင်စားဖွယ်ကောင်းတာတွေကို စုစည်းဖော်ပြပေးမှာ မို့လို့ စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။