လူကြီးတွေတောင် လိုက်မလုပ်နိုင်တဲ့ မွေးကင်းစ ကလေးတွေရဲ့ ထူးခြားတဲ့ စွမ်းရည်များ

ဒီတစ်ခေါက်မှာတော့ Shwe Khit ပရိသတ်ကြီးကို ထူထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ အရွယ်ရောက်ပြီးသား လူကြီးတွေ လုံးဝမလုပ်နိုင်တဲ့ Baby ကလေးလေးတွေရဲ့ ထူးခြားတဲ့ စွမ်းရည်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လို စွမ်းရည်တွေလဲ ဆိုတာကတော့ သေချာ လေ့လာကြည့်လိုက် ရအောင်လားဗျာ… shwekhitonlinetv.com

၁။ မွေးခါစကလေးတွေဟာ အရွယ်ရောက်ပြီးသားလူတွေထက် အရသာပိုခံတတ်ပါတယ်။

ထူးဆန်းတယ်ဆိုပေမယ့် မွေးခါစကလေးတွေဟာ လူကြီးတွေထက် အရသာပိုခံတတ်ပါတယ်တဲ့ဗျာ။ ကလေးငယ်တွေရဲ့ လျှာ၊ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ချွဲလိုမျိုး အမှေး၊ အာခေါင်း တွေ ဟာ လူကြီးတွေထက် အရသာ ပိုခံတတ်တဲ့ နှုတ်ခမ်းမျိုးရှိပါတယ်။ shwekhitonlinetv.com

တချို့ကတော့ ကလေးငယ်တွေရဲ့ နှုတ်ခမ်းအကွေးလေးတွေဟာ နှုတ်ခမ်းပတ်လည်မှာ ရှိတာတွေကို စူးစမ်းရှာဖွေကြတယ်လို့ ဆိုကြပါတယ်။ အထူးသဖြင့် ကလေးငယ်တွရဲ့ လျှာဟာ အရသာအပြင် တစ်ခြားအရာတွေကိုပါ ပိုပြီး ခံစားတတ်ကြပါတယ်။ Synesthesia ရဲ့ သီအိုရီအရ အာရုံခံစနစ်တစ်ခုကနေ တစ်ခြားစနစ်တစ်ခုကို အချက်ပြသလိုမျိုးပါပဲ။ ဥပမာအနေဖြင့် လူတစ်ယောက်ဟာ Colour of Music တွေကို မြင်နိုင်သလိုမျိုးပါပဲ။ shwekhitonlinetv.com

၂။ ကလေးငယ်တွေဟာ မိခင်ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ပြန်ကောင်းစေနိုင်ပါတယ်။

သိပ္ပံပညာရှင်တွေ သတိထားမိတဲ့ အချက်တစ်ချက်ကတော့ တစ်ချို့သော နှလုံးကြွက်သား အားနည်းတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကလေး မွေးပြီးနောက်ပိုင်း ကျန်းမာလာတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ မီးဖွားနေစဉ်အတွင်း ကလေးငယ်ရဲ့ ချက်ကြိုးကနေ ထွက်လာတဲ့ Stem cells လေးတွေဟာ မိခင်ရဲ့ နှလုံးကို ပြန်လည်ကျန်းမာလာအောင် လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

နှလုံးတစ်ခုတည်းတင် ကောင်းအောင် လုပ်ပေးနိုင်တာတင် မဟုတ်ပါဘူး။ တစ်ခြား အစိတ်အပိုင်းတွေဖြစ်တဲ့ အသည်းနဲ့ ဦးနှောက်တွေကို လည်း ကျန်းမာအောင် လုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် သန္ဓေသားလောင်းတွေဟာ မိခင်ဝမ်းဗိုက်ထဲမှာတည်းက မေမေတွေကို အကျိုးပြုတယ်လို့ ပြောရမှာပေါ့ဗျာ။ shwekhitonlinetv.com

၃။ တစ်ချို့ကလေးငယ်တွေဟာ မျက်လုံး တစ်ဝက်ဖွင့်ပြီး အိပ်တတ်ကြပါတယ်။

ဒီလိုမျိုး ဖြစ်လာရင် မိဘတွေက လန့်တတ်ကြပါတယ်။ တစ်ကယ်တော့ ဒါဟာ လန့်စရာ မဟုတ်ပါဘူး။ ဆရာဝန်တွေရဲ့ ပြောကြားချက်အရ ကလေးငယ်တွေ မျက်စိ တစ်ဝက်ဖွင့်ပြီး အိပ်တယ်ဆိုတာ REM လို့ခေါ်တဲ့ အိမ်မက်မက်နေတဲ့ အချိန်မှာ ဖြစ်တတ်ပါတယ်တဲ့။ shwekhitonlinetv.com

အရွယ်ရောက်ပြီးသူတွေဟာ REM အချိန်ထဲရောက်နေတယ်ဆိုရင် (၂၅) ရာခိုင်နှုန်းလောက်ကသာ မျက်လုံးတစ်ဝက်လောက် ဖွင့်ပြီး အိပ်တတ်ကြပေမယ့် ကလေးတွေမှာတော့ (၅၀) ရာခိုင်နှုန်းက မျက်စိဖွင့်ပြီး အိပ်တတ်ကြပါတယ်။ ဒါဟာ သမာရိုးကျ ဖြစ်စဉ်လေးတစ်ခုပဲ ဖြစ်တာကြောင့် မိဘတွေအနေနဲ့ စိတ်ပူစရာမလိုပါဘူးဗျ။ နောက်တစ်ချက်ကတော့ ဒီလို အိပ်စက်ခြင်းဟာ သူတို့ရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ပိုကောင်းလာစေနိုင်ပါတယ်တဲ့။ shwekhitonlinetv.com

၄။ ကလေးပေါက်စနလေးတွေဟာ ချွေးထွက်ခြင်းမရှိသလို ငိုတဲ့အခါ မျက်ရည်လည်း မကျတတ်ပါဘူး။

မွေးပြီးပြီး ပထမ အပတ်မှာ ကလေးငယ်တွေဟာ ချွေးထွက်ခြင်းလည်း မရှိသလို ငိုတဲ့အခါမှာလည်း မျက်ရည်မကျတတ်ပါဘူး။ ဒီလိုဖြစ်ရတာဟာ မျက်လုံးသူငယ် အိမ်အတွင်းက အရည်ပြွန်လေးတွေနဲ့ ချွေးထွက်စေတဲ့ အကျိတ်လေးတွေဟာ ကောင်းမွန်စွာ မဖွံ့ဖြိုးသေးလို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါ့ကြောင့် မိဘတွေအနေနဲ့ မွေးကင်းစ ကလေးလေးတွေကို သာမန်ထက် ကိုယ်အပူချိန် မလွန်ကဲအောင် ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ shwekhitonlinetv.com

၅။ မွေးပြီးစကလေးတွေဟာ သူတို့မိခင်ရဲ့ အပူချိန်ကို အာရုံခံနိုင်ပါတယ်။

သဘာဝအရ မွေးကာစ ကလေးငယ်လေးတွေဟာ တစ်မူထူးခြားတဲ့ အပူချိန် ရှိကြပါတယ်။ တစ်ကယ်လို့ မွေးပြီးပြီးချင်းမှာတောင် ကလေးငယ်တွေဟာ မိခင်ရဲ့ သားမြက်ထိပ်ကို သူတို့ဘာသာ စုပ်ယူပြီး နို့စို့ တတ်ကြပါတယ်။ shwekhitonlinetv.com

အီတလီနိုင်ငံက ဆရာဝန်တွေရဲ့ လေ့လာချက်အရ ကလေးငယ်တွေရဲ့ နှုတ်ခမ်းက အပူချိန်ဟာ မိခင်ရဲ့ သားမြက်က အပူချိန်ထက် နည်းတာကို တွေ့ရှိခဲ့ကြပါတယ်။ shwekhitonlinetv.com

၆။ တစ်ချို့ ကလေးငယ်တွေဟာ မျက်လုံးအရောင်ကို ပြောင်းနိုင်ကြပါတယ်။

ဒါကတော့ ကလေးတိုင်းမှာ မတွေ့ရနိုင်ပေမယ့် တစ်ချို့ကလေးငယ်တွေကတော့ မျက်လုံးအရောင်ကို ပြောင်းနိုင်ကြပါတယ်။ ကလေးငယ်တစ်ချို့ဟာ မွေးကာစမှာ အပြာရောင် သို့မဟုတ် အနက်ရောင် မျက်လုံး ရှိပေမယ့်လည်း ကြာကြာမခံပါဘူးတဲ့။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ကိုယ်တွင်းမှာရှိတဲ့ အရောင် ဒြပ်တစ်မျိုးဟာ ချက်ချင်းမထုတ်လုပ်နိုင်တာ ကြောင့်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

မိဘတွအနေနဲ့ ကိုယ့်ရဲ့ ကလေးငယ် မျက်စိအရောင် ပြောင်းလဲနိုင်လားဆိုတာ ကြည့်နိုင်ပါတယ်။ ဥပမာအနေနဲ့ အညိုရောင် မျက်လုံးရှိတဲ့ ကလေးငယ်တွေဟာ အရောင်မပြောင်းနိုင်ပါဘူး..သူတို့ ခန္ဓာကိုယ်မှာ အရောင်ပြောင်းနိုင်တဲ့ ဒြပ်တစ်ခုကို ကောင်းမွန်စွာ ပိုင်ဆိုင်ထားလို့ပဲ ဖြစ်ပါတယ်။ အပြာရောင် မျက်လုံးရှိတဲ့ ကလေးငယ်တွေကတော့ အသက် (၄) နှစ် ၊ (၅) နှစ်မှာ အစိမ်းရောင် (ဒါမှမဟုတ်) အညိုရောင်တွေ အဖြစ် ပြောင်းလဲတတ်ကြပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ လူကြီးတွေမှာ မလုပ်နိုင်တဲ့ အရာတွေကို မွေးကာစ ကလေးတွေသာ လုပ်ပြနိုင်တဲ့ Ability (စွမ်းရည်) တွေ အကြောင်းပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို ရှာဖွေ တင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော် … shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply