နာမည်ကြီး ရုပ်ရှင်တွေရဲ့ နောက်ကွယ်မှာ ရိုက်ကူးမိတဲ့ လျှပ်တပြက် ဟာသဓာတ်ပုံများ

Advertisements

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခါမှာတော့ နာမည်ကြီး ဇာတ်ကားတွေရဲ့ နောက်ကွယ်က လျှပ်တပြက် ရိုက်ကူးထားတဲ့ ဟာသ ဓာတ်ပုံတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီအထဲမှာ ကိုယ်သဘောကျတဲ့ အနုပညာရှင်တွေ ပါလားဆိုတာ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်ပြီး ရှာကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ငြိမ်းချမ်းရေးရနေတဲ့ မှော်လောကမှ မာစတာနှစ်ဦး

ဒီပုံလေးကတော့ Harry Potter ဇာတ်ကားကို ရိုက်ကူးနေစဉ်အတွင်း ရိုက်ကူးထားတဲ့ ပုံလေးပါ ။ ရှုတင်နားနေတဲ့ ခဏလေးအတွင်း အမှောင်သခင် ဗိုလ်ဒါမော့ နဲ့ ဟော့ဝပ်ရဲ့ ကျောင်းအုပ်ဆရာကြီး တို့ ငြိမ်းချမ်းရေးရပြီး စကားပြောနေကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ MacBook သုံးနေတဲ့ ဂန်းဒါ့ဖ်

Lord of the ring ဇာတ်ကားထဲက နာမည်ကြီး မှော်ဆရာ ဖြစ်တဲ့ ဂန်းဒါ့ဖ် တစ်ယောက်ကတော့ ရိုက်ကူးရေး ခဏနားနေတဲ့ အချိန်လေးမှာ မှော်ပညာကို မသုံးပဲ MacBook အသုံးပြုနေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ Studio Logo အတွက် ရိုက်ကူးခံနေတဲ့ ခြင်္သေ့ကြီး

နာမည်ကြီး ရုပ်ရှင်ဇာတ်ကား တစ်ချို့မှာ ဇာတ်ကားမစခင် ခြင်္သေ့ကြီး ဟိန်းနေတဲ့ပုံစံနဲ့ စတူဒီယိုနာမည်ကို စာတန်းထိုးပြထားတာ မြင်ဖူးကြမှာပါ ။ ဒီခြင်္သေ့ကြီးရဲ့ နာမည်ကတော့ Leo ဖြစ်ပြီး ဟောလိဝုဒ်ရဲ့ နာမည်ကြီး စတူဒီယို တစ်ခုဖြစ်တဲ့ Metro-Goldwyn-Mayer စတူဒီယိုအတွက် Logo အတွက် ရိုက်ကူးခဲ့တဲ့ လာဘ်ကောင်လည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ ဂေါ်ဇီလာ ဇာတ်ကားနောက်ကွယ်က ရိုက်ကွင်းအမှန်

ဒီပုံကတော့ နာမည်ကြီး ဂေါ်ဇီလာ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ စစ်သားတွေက ဂေါ်ဇီလာကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့အခန်းပဲ ဖြစ်ပါတယ် ။ တစ်ကယ့် လက်တွေ့မှာတော့ ပုံမှာမြင်ရတဲ့ အတိုင်း မြစ်ကြောင်းပေါ်က သင်္ဘောတွေ နေရာမှာ ပိတ်ကား အစိမ်းရောင်နဲ့ ပဲ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ အိမ်ပြန်ဖို့ ပြင်ဆင်နေတဲ့ Joker

၂၀၀၈ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ The Dark Night ဇာတ်ကားကိုတော့ ပရိသတ်တွေ တော်တော်များများသိကြမှာပါ ။

ဒီအထဲမှာမှ Joker ဇာတ်ရုပ်ဟာဆိုရင် Fan တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ Character ဆိုရင်လည်း မမှားပါဘူး ။ အခုပုံလေးကတော့ Joker အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Heath Ledger တစ်ယောက် တစ်နေ့တာ ရိုက်ကွင်းပြီးသွားလို့ အိမ်ပြန်ဖို့ပြင်နေတာကို အမှတ်တရ အဖြစ် ရိုက်ကူးထားခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ Thor နဲ့ Hulk တို့ တိုက်ပွဲရဲ့ ပုံအမှန်

အခုပုံလေးကတော့ ၂၀၁၂ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ The Avengers ဇာတ်ကားထဲက Thor နဲ့ Hulk တို့ရဲ့ တိုက်ခိုက်နေတဲ့အခန်းပဲ ဖြစ်ပါတယ်။

တစ်ကယ့်အပြင်မှာတော့ Hulk နေရာမှာ အခုလိုမျိုး CGI Suit ကို ဝတ်ဆင်ပြီး ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၇။ ရိုက်ကွင်းအပြင်က Home Alone အဖွဲ့သားများ

Home Alone ဇာတ်ကားလို့ ပြောလိုက်တာနဲ့ ကလေး ၊ လူကြီး မရွေး သဘောကျခဲ့ကြတဲ့ ဇာတ်ကားလေးလို့ပဲ ပြောရမှာပါ ။

ဒီပုံလေးကတော့ Home Alone 2 ဇာတ်ကားကို ရိုက်ကူးနေရင်း ရိုက်ကွင်းနားတုန်း ရင်းရင်းနှီးနှီး ရှိနေကြတဲ့ ပုံလေးကို လျှပ်တပြက် ရိုက်ကူးထားတဲ့ ပုံလေးပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ နာမည်ကြီး ဇာတ်ကားတွေရဲ့ နောက်ကွယ်က ဟာသ ဓာတ်ပုံ လေးတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ထူးဆန်းတဲ့ အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။

Be the first to comment