သရုပ်ဆောင် အိဖန်းခန်း ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းဖွယ် ရင်ဖွင့်စကားဆိုလာတဲ့ အမီတာဘာချန်း

ဟောလီးဝုဒ် နဲ့ ဘောလီးဝုဒ် ရုပ်ရှင်လောကတွေရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသားကြီး Irrfan Khan (အိရ်ဖန်းခန်း ၅၃ နှစ်) ဟာ ဒီနေ့ မနက်ပိုင်းက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ Kokilaben Dhirubhai Ambani ဆေးရုံမှာ အာရုံကြော ကင်ဆာရောဂါနဲ့ အရှင်မြတ် အမိန့်တော်ခံယူ (ကွယ်လွန်) သွားကြောင်း ၎င်းရဲ့အေဂျင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။ shwekhitonlinetv.com

ရမ်ဇန်ဥပုဒ်လဝင်ဝင်ချင်း ဒုတိယ‌နေ့မှာ အမေဖြစ်သူ ကွယ်လွန်ပြီး (၃) ရက်အကြာမှာပဲ သားဖြစ်တဲ့ အိရ်ဖန်းခန်းဟာ မိခင်ဖြစ်သူထံ လိုက်သွားခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

အိန္ဒိယနိုင်ငံ ဘောလိဝုဒ်ရုရှင်လောကမှာသာ မကဘဲ ဟောလိဝုဒ်လို ကမ္ဘာ့ရုပ်ရှင်လောက ထိပါထိုးဖောက်အောင်မြင်ခဲ့တဲ့ Irrfan Khan ဟာ Amazing Spider-Man ၊ Slumdog Millionaire ၊ Jurassic World ၊ Life of Pi ဇာတ်ကားတွေကို သရုပ်ဆောင်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။  shwekhitonlinetv.com

အချစ်၊ အကြမ်း၊ အလွမ်းအဆွေး စွယ်စုံရတဲ့ သူ့ကိုတော့ သူ့ပရိသတ်တွေက သဘာဝမင်းသားကြီးလို့လည်းတင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။  shwekhitonlinetv.com

တကယ်တော့ Irrfan Khan ဟာ လွန်ခဲ့တဲ့ (၂) နှစ် ကတည်းက Neuroendocrine tumor (ဦးဏှောက်နှင့်အာရုံကြော နှင့်သက်ဆိုင်သော ကင်ဆာ) ရောဂါကိုခံစား နေခဲ့ရတာဖြစ်ကြောင်း လည်းသိရပါတယ်။  shwekhitonlinetv.com

အဲဒီနောက်ပိုင်း လန်ဒန်မြို့က ဆေးရုံတစ်ခု မှာ ကုသမှုခံယူခဲ့ပါသေးတယ်။ ဒီလိုကုသမှုခံယူပြီး (၂) လအကြာမှာ ကင်ဆာရောဂါကုထုံးတွေနဲ့ ကုသမှုခံယူခဲ့ရတဲ့အတွေ့အကြုံကို သူရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ဖူးပြီး နာကျင်မှုဝေဒနာ ဘယ်လောက်ခံစားရကြောင်း၊ ဆက်လက်ရှင်သန်နိုင်ဖို့ မသေချာဘူးဆိုတဲ့ အကြောင်းတွေ ရေးသားခဲ့ပါတယ်။ shwekhitonlinetv.com

Irrfan Khan သေဆုံးမှုနဲ့ပတ်သတ်ပြီး နာမည်ကျော်သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ မင်းသားကြီး အမီတာဘက်ချန်းက သူ့ရဲ့တွစ်တာစာမျက်နှာ့မှာ ” ကျွန်တော်တို့ကို သူထားသွားတာ အချိန်စောလွန်းတယ်။ တကယ့်ကို ပါရမီရှင်တစ်ယောက်ပါပဲ။ ကျွန်တော်တို့အတွက်ဆိုရင်လည်း သူဟာယဉ်ကျေးပြီးဖော်ရွေတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်တစ်ယောက်ပါ။

အိန္ဒိယ ရုပ်ရှင်လောကနဲ့ ကမ္ဘာ့ရုပ်ရှင်လောကအတွက် ပံ့ပိုးမှုများစွာပြုလုပ်နိုင်ခဲ့တဲ့သူပါ။ အခုလိုမျိုး သူ့ကိုဆုံးရှုံးရတာဟာ အိန္ဒိယရုပ်ရှင်လောကအတွက် သာမကဘဲ ကမ္ဘာ့ရုပ်ရှင်လောကအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်စေခဲ့တာအမှန်ပါပဲ။” လို့ ရေးသားထားခဲ့ပါတယ်။ shwekhitonlinetv.com

အာဖန်ခန်းအတွက် ဝမ်းနည်းစကား၊ ဂုဏ်ပြုစကားရေးသားမှုတွေဟာ လူမှုကွန်ယက်စာမျက်နှာတွေထက်မှာ အများအပြားတွေ့မြင်နေရပြီး Irrfan Khan ကွယ်လွန်ခဲ့တဲ့ သတင်းဟာ လတ်တလောတွစ်တာပေါ်မှာ ရေပန်းအစားဆုံး အကြောင်းအရာ (၄) ခုထဲက တစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

Ref : BBC News , Metro News , Gulf News

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။