တစ်နှစ်ကို မီတာ (၂၀) လောက်ရွေ့လျားကြတဲ့ အီကွေဒေါနိုင်ငံက ထူးဆန်းတဲ့လမ်းလျှောက်သစ်ပင်များ

သစ်ပင်တွေဆိုတာကတော့ မြေကြီးထဲမှာအမြစ်တွေမြဲမြံစွာကုပ်တွယ်ပြီး ရှင်သန်ကြတဲ့ သက်ရှိတွေဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် သစ်ပင်တွေဟာ မရွေ့လျားနိုင်တဲ့သက်ရှိတွေလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိသမျှသစ်ပင်တိုင်းကတော့ ဒီအချက်ကိုလိုက်နာခြင်းမရှိပါဘူး။ တစ်နေရာထဲမှာမနေဘဲ လျောက်သွားနေတက်တဲ့ ထူးထူးခြားခြားသစ်ပင်မျိုးစိတ်တစ်ချို့ရှိပါတယ်။ shwekhitonlinetv.com

တောင်အမေရိကတိုက် အီကွေဒေါနိုင်ငံရဲ့ ဝေးလံခေါင်သီလှတဲ့တောထဲမှာပေါက်ရောက်ကြတဲ့ Socratea Exorrhiza လို့ခေါ်တဲ့ သစ်ပင်မျိုးစိတ်တစ်မျိုးဟာ Lord of the Ring ရုပ်ရှင်ဇာတ်ကားထဲက သစ်ပင်တွေလိုမျိုး လမ်းလျှောက်နိုင်ကြပါတယ်။ (ရုပ်ရှင်ထဲက Ents လို့ခေါ်တဲ့သစ်ပင်ဘီလူးကြီးတွေလိုတော့ မတိုက်ခိုက်နိုင်ကြဘူးပေါ့နော်) shwekhitonlinetv.com

သုတေသန လေ့လာမှုတွေအရတော့ ဒီသစ်ပင်တွေဟာတစ်နေ့ကို (၂-၃) စင်တီမီတာလောက် ရွေ့လျားကြပြီး တစ်နှစ်ကို မီတာ (၂၀) လောက်အထိရွေ့လျားကြတယ်လို့သိရပါတယ်။ (၂) စင်တီမီတာ (၃) စင်တီမီတာဆိုတဲ့ ပမာဏက မသိသာပေမယ့် (၂၀) မီတာကတော့ အတော်လေးကိုသိသာလှပါတယ်နော်။ shwekhitonlinetv.com

ဒီသစ်ပင်တွေရဲ့ပုံပန်းသဏ္ဍာန်က မြေပြင်အထက်အနည်းငယ်မြင့်တဲ့နေရာမှာ ပင်စည်ကရှိပြီး အမြစ်တွေကတော့ ထောက်တိုင်လို (ခြေထောက်လို) မျိုးဖြစ်နေတာပါ။ သူတို့ရဲ့ အမြစ်ဟောင်းတွေေ-သဆုံးချိန်မှာ နေရောင်ခြည်ရှိနိုင်တဲ့ နေရာကိုပင်စည်ကိုရွေ့လျားအောင် ထောက်ကန်ပြီး အမြစ်သစ်တွေက ထွက်ရှိလာတာဖြစ်ပါတယ်။ ဒီနည်းနဲ့ အပင်ကိုရွေ့လျားစေတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီသစ်ပင်တွေပေါက်ရောက်တဲ့ မိုးသစ်တောဟာ အီကွေဒေါနိုင်ငံရဲ့ မြို့တော်ကွီတိုကနေ တစ်ရက်လောက်ခရီးနှင်ရတဲ့ နေရာမှာရှိတာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့လေ့လာမှုတွေအရတော့ ဒီသစ်ပင်တိုင်းဟာ ရွေ့လျားခြင်းမရှိဘူးလို့သိရပြီး အချို့သစ်ပင်တွေဟာဆိုရင် ပေါက်ရောက်ရာတစ်နေရာမှာပဲ မြဲမြံစွာရပ်တည်ပြီး ရှင်သန်ကြတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ အီကွေဒေါနိုင်ငံမိုးသစ်တောထဲက Socratea Exorrhiza လို့ခေါ်တဲ့ ထူးဆန်းတဲ့လမ်းလျှောက်သစ်ပင်တွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဒီသစ်ပင်တွေအပြင်နောက်ထပ်ရွေ့လျားနိုင်တဲ့ သစ်ပင်တစ်မျိုးကတော့ Creeping Devil (ခေါ်) Stenocereus eruca လို့ခေါ်တဲ့ ကန္တာရရှားစောင်းတစ်မျိုးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။