ပုံမှန်မဟုတ်ပဲ ထူးခြားလှတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပိုင်ဆိုင်ထားကြတဲ့ သက်ရှိများ

လူသားတွေဟာ ဘယ်လောက်ပဲထပ်တူညီပါစေ လက်ဗွေတွေကတော့ တယောက်နဲ့တယောက် မတူညီပဲ ကွဲပြားခြားနားလှပါတယ်။ လက်ဗွေလိုမျိုးပဲ နောက်ထပ်မတူညီပဲ ကွဲပြားနေတဲ့အရာကတော့ မျက်လုံးအရောင်တွေပဲ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် လျှို့ဝှက်ကုဒ်များထားရှိတဲ့အခါ လက်ဗွေ ဒါမှမဟုတ် မျက်လုံးပုံစံတွေကို ထားရှိကြတာ ဖြစ်ပါတယ်။ တချို့လူတွေမှာတော့ မျက်လုံးအသွေးအရောင်တွေသာမက အခြားသောထူးခြားပြီး ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။ ဒီလိုပုံမှန်မဟုတ်တဲ့ ထူးခြားဖြစ်စဥ်တွေကိုပိုင်ဆိုင်ထားကြတဲ့ လူသားတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ပက်သက်ပြီး အများသိအောင် မျှဝေလာကြပါတယ်။ ဒါ့ကြောင့် ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ပုံမှန်မဟုတ်ပဲ ထူးခြားလှတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပိုင်ဆိုင်ထားကြတဲ့ သက်ရှိတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ မွေးကင်းစကလေးခြေထောက်

မွေးကင်းစကလေးငယ်တွေရဲ့ အရေပြားလေးတွေဟာ နူးညံ့ပြီး ရှုံ့တွတဲ့ပုံစံမျိုး ရှိတတ်ကြပါတယ်။ ဒါပေမယ့် ပုံထဲမှာတွေ့ရတဲ့ ကလေးငယ်လေးရဲ့ ခြေထောက်ကတော့ စိတ်ကူးယဥ်ဇာတ်လမ်းတွေထဲက လူပုလေးတွေရဲ့ ခြေထောက်နဲ့ တူနေတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၂။ နှာခေါင်း ၂ ခုနဲ့ မွေးဖွားလာတဲ့ကြောင်လေး

ထူးခြားတဲ့အသွင်အပြင်နဲ့ မွေးဖွားလာတဲ့ ကြောင်လေးပဲ ဖြစ်ပါတယ်။ နှာခေါင်း ၂ ခုနဲ့ မွေးဖွားလာခဲ့တာကြောင့် ပုံစံမမှန်တဲ့အနေအထား ဖြစ်နေခဲ့ပါတယ်။ shwekhitonlinetv.com

၃။ ပုံမှန်မဟုတ်တဲ့လျှာ

အနုပညာဆန်နေတဲ့ လျှာလို့တောင် ပြောလို့ရပါတယ်နော်။ Van Gogh ရဲ့ နာမည်ကြီးပန်းချီကားတွေထဲက တခုဖြစ်တဲ့ The Starry Night ရဲ့ ပုံစံနဲ့တောင် တူသယောင်ဖြစ်နေပါတော့တယ်။ shwekhitonlinetv.com

၄။ မျက်ခုံးပေါ်က မှည့် ၂ ခု

မျက်ခုံးရဲ့ အပေါ်တဖက် အောက်တဖက်မှာ ဖြစ်ပေါ်နေတဲ့ မှည့် ၂ ခုဖြစ်ပါတယ်။ ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ မျက်ခုံးပေါ်မှာ အပေါက်ဖောက်ထားသလိုတောင် ထင်ရစေနိုင်ပါတယ်။ shwekhitonlinetv.com

၅။ မြင်းရဲ့နှာခေါင်းပေါ်က မျှား

လူတွေလိုပဲ တိရစ္ဆာန်တွေမှာလည်း မွေးရာပါအမှတ်အသား ပါလာတတ်ကြပါတယ်။ ပုံမှာတွေ့မြင်ရတဲ့ မြင်းလေးကတော့ နှာခေါင်းပေါ်မှာ မျှားပုံစံညွှန်ပြနေသလို အမှတ်အသားပါလာခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ရှားပါးဖြစ်စဥ်ဖြစ်ပေါ်နေတဲ့ မျက်လုံး

ပုံမှာတွေ့မြင်ရတဲ့ မျက်လုံးကတော့ ရှားပါးလက္ခဏာဖြစ်တဲ့ Coloboma ရောဂါ ဖြစ်နေတာ ဖြစ်ပါတယ်။ Coloboma ရောဂါဟာ မျက်လုံးကို ပုံဖော်ပေးတဲ့ တစ်ရှုးပျောက်ဆုံးနေတဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါဟာ မျက်လုံးတဖက် သို့မဟုတ် နှစ်ဖက်လုံးမှာ ဖြစ်တတ်ကြပါတယ်။ shwekhitonlinetv.com

၇။ မျက်ခွံတဝက်ပဲပါတဲ့ကြောင်လေး

တိရစ္ဆာန်လေးတွေမှာလည်း လူတွေလိုပဲ ထူးခြားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ မွေးဖွားလာတတ်ကြပါတယ်။ ပုံမှာတွေ့မြင်ရတဲ့ကြောင်လေးကတော့ မျက်ခွံတဝက်ပဲပါတဲ့ ကြောင်လေးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ပုံစံလေးက မျက်လုံးလှန်ကြည့်နေသလို ဖြစ်နေတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၈။ ပုံမှန်ထက်ပိုရှည်နေတဲ့လက်ပိုင်ရှင်မိန်းကလေး

ပုံမှာတွေ့မြင်ရတဲ့ မိန်းကလေးကတော့ ပုံမှန်ထက်ပိုရှည်နေတဲ့လက်ကို ထူးထူးခြားခြားပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူမကိုကြည့်လိုက်မယ်ဆိုရင်တော့ သာမန်နဲ့မတူပဲ ထူးခြားနေတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၉။ အလွန်အမင်းပျော့ပျောင်းတဲ့ လက်ချောင်းများ

လက်ချောင်းတွေရဲ့ သဘောသဘာဝဟာ အရိုးတွေနဲ့ ဖွဲ့စည်းထားတာကြောင့် မာကြောတဲ့အနေအထား ရှိကြပါတယ်။ ဒါပေမယ့် ပုံမှာတွေ့ရတဲ့လက်ပိုင်ရှင်ကတော့ အလွန်အမင်းပျော့ပျောင်းတဲ့လက်ကို ပိုင်ဆိုင်ထားတာကြောင့် ဘယ်သူနဲ့မှမတူတဲ့ လက်ပုံစံကို ပြုလုပ်လို့ရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ မွေးကင်းစကလေးငယ်ရဲ့ဆံပင်

မွေးကင်းစကလေးငယ်လေးရဲ့ မွေးရာပါဆံပင်တွေဟာ အဖြူတဝက် အနက်တဝက်နဲ့ အရောင်ဆိုးထားသလို ဖြစ်နေတာကို တွေ့ရမှာပါ။ သူများတွေလို ဖက်ရှင်အဖြစ် ဆံပင်အရောင်ဆိုးစရာမလိုတော့ဘူးပေါ့နော်။ shwekhitonlinetv.com

၁၁။ နှုတ်ခမ်းမွှေးနဲ့ခွေးလေး

ရုတ်တရက်ကြည့်မယ်ဆိုရင် ရှည်လျားတဲ့ နှုတ်ခမ်းမွှေးကို ပိုင်ဆိုင်ထားတဲ့ ခွေးလေးလို့ ထင်ရနိုင်ပါတယ်နော်။ ခွေးလေးရဲ့ အမွှေးတွေအားလုံးမှာ အဲ့နေရာလေးတခုပဲ ရှည်လျားနေခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၂။ ကွဲထွက်နေတဲ့နှာခေါင်းနဲ့ခွေးလေး

ခွေးလေးတွေရဲ့ နှာခေါင်းဟာ ပုံမှန်အားဖြင့် ပူးကပ်နေတာကို တွေ့ဖူးမှာပါ။ ပုံမှာတွေ့ရတဲ့ခွေးလေးရဲ့ နှာခေါင်းကတော့ တခုနဲ့တခု တခြားစီကွဲထွက်နေတာကို တွေ့ရတာပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့ နှာခေါင်းကို ပိုင်ဆိုင်ထားတဲ့ ခွေးလေးပါပဲနော်။ shwekhitonlinetv.com

၁၃။ နို့သီးခေါင်းလိုဖြစ်နေတဲ့ ခြေထောက်က မွေးရာပါအမှတ်

ပုံမှာတွေ့မြင်ရတဲ့ လူရဲ့ခြေထောက်မှာ မွေးရာပါအမှတ်တခုကို တွေ့ရမှာပါ။ ဒါပေမယ့်လည်း မွေးရာပါအမှတ်ဟာ နို့သီးခေါင်းလိုဖြစ်နေပြီး မြင်သမျှလူတိုင်းကို ထူးဆန်းနေစေမှာ အမှန်ပါပဲနော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။