မြင်တွေ့ဖို့ မလွယ်ကူတဲ့ ထူးထူးဆန်းဆန်း ရှားပါး ဓာတ်ပုံလေးများ

ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ မြင်တွေ့ရဖို့ ခဲယဉ်းလှတဲ့ ထူးထူးဆန်းဆန်း ရှားပါးသော ပုံလေးတွေကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ မြင်တွေ့နေရတဲ့ ပုံတွေထဲမှာမှ ဘယ်လိုထူးဆန်းတဲ့ ပုံလေးတွေကို ဖော်ပြပေးထားတာမို့ တစ်ပုံချင်းစီကို ဖော်ပြပေးထားတာမို့ ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ မန်ဒါရင် ဘဲလေးရဲ့ အပေါ်စီးမှ မြင်ကွင်း

မန်ဒါရင် ဘဲလေး တွေဟာဆိုရင် အရောင်အသွေးစုံလင်ပြီး လှပတဲ့ ဘဲမျိုးစိတ် တစ်ခုလည်း ဖြစ်ပါတယ် ။ အာရှတိုက် အရှေ့ပိုင်းမှာ အများဆုံးတွေ့ရတတ်ပြီး မြန်မာနိုင်ငံမှာလည်း ရံဖန်ရံခါ တွေ့ရတတ်ပါတယ် ။ အခုမြင်နေရတာကတော့ မန်ဒါရင် ဘဲလေးတစ်ကောင်ကို အပေါ်စီးကနေ ရိုက်ပြထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ ဖိနပ်ကို မျိုချမိသွားတဲ့ မြွေကြီး

အခုမြင်နေရတာကတော့ စပါးအုံး မြွေကြီး တစ်ကောင်ဟာ ဖိနပ်ကို မျိုချမိသွားတာကြောင့် ခွဲစိတ်ပေးခဲ့ရတာပဲ ဖြစ်ပါတယ် ။ ခွဲစိတ်တာ အောင်မြင်သွားလို့ မြွေကြီး ခမျာ အတော်ကံကောင်းတယ်လို့ပဲ ပြောရမှာပါ ။ shwekhitonlinetv.com

၃။ ခေါင်းနှစ်လုံးနဲ့ မြွေ

ပုံထဲက မြွေ ကတော့ ခေါင်းနှစ်လုံးပါတဲ့ ကယ်လီဖိုးနီးယား ပြည်နယ်က  albino  royal မြွေ မျိုးစိတ်ပဲ ဖြစ်ပါတယ် ။ ဒီမြွေ လေးတွေဟာဆိုရင် ခန္ဓာကိုယ်တစ်ခုတည်းမှာမှ ခေါင်းနှစ်လုံး ဖြစ်နေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ ကော်ဖီဆိုင် ကားလေး

ဒါကတော့ အသေးစား ဖွင့်ထားတဲ့ ကော်ဖီဆိုင် ကားလေးပဲ ဖြစ်ပါတယ် ။ ဒီဆိုင်ပိုင်ရှင်ရဲ့ အိုင်ဒီယာက ကောင်းလွန်းလှပြီး ကော်ဖီချစ်သူတွေကို သဘောကျစေခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ အာကာသ ယာဉ်မှုးတွေအတွက် နှာခေါင်းကုတ်ပေးတဲ့ ကိရိယာ

ဒီ ကိရိယာလေးကတော့ အာကာသ စခန်းက အာကာသ ယာဉ်မှုးတွေ နှာခေါင်းယားတဲ့ ကုတ်နိုင်အောင်ထားပေးတဲ့ ကိရိယာပဲ ဖြစ်ပါတယ်။ အာကာသ ယာဉ်မှုးတွေဟာ ခေါင်းဆောင်းတပ်ထားရတာကြောင့် လက်နဲ့ ကုတ်လို့ မဖြစ်နိုင်တာကြောင့်‌ ဒီကိရိယာလေးက အတော်လေးကို အဆင်ပြေစေမှာပါ ။ shwekhitonlinetv.com

၆။ အညိုရောင် ပင်ဂွင်းလေးတွေရဲ့ ကမ္ဘာ

ပုံထဲက အမျိုးသားကတော့ ရှားပါးလှတဲ့ အညိုရောင် ပင်ဂွင်းလေးတွေ နေထိုင်တဲ့ ကျွန်းလေးတစ်ကျွန်းကို ရောက်သွားတာပဲ ဖြစ်ပါတယ် ။ လူကို ရန်မပြုတဲ့ အပြင် ယဉ်ပါးလွန်းတဲ့ ဒီပင်ဂွင်းလေးတွေကတော့ ချစ်ဖို့ ကောင်းလွန်းလှပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ မြင်တွေ့ဖို့ ခဲယဉ်းလှတဲ့ ထူးထူးဆန်းဆန်း ပုံလေးတွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလို ထူးထူးဆန်းဆန်း ပုံလေးတွေကို နောက်ပိုင်းတွေမှာလည်း တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Be the first to comment

Leave a Reply