အဓိပ္ပါယ်မသိဘဲနဲ့ သွားမထိုးသင့်တဲ့ အန္တရာယ်အများဆုံး တက်တူးပုံစံများ

ပရိသတ်ကြီးကို အခုတစ်ခါမှာပြောပြပေးချင်တာကတော့ တော်ရုံမထိုးသင့်တဲ့ ကမ္ဘာပေါ်က အန္တရာယ်အများဆုံး တက်တူး တွေကို ဖော်ပြပေးချင်ပါတယ်။ အခုဖော်ပြပေးမယ့် တက်တူးတွေဟာ သာမန် ဒီဇိုင်းပုံစံ သက်သက်မဟုတ်ပဲ အဓိပ္ပါယ် တစ်ခုချင်းစီရှိတာမို့ အောက်က ပုံလေးတွေကို ကြည့်ပြီး ဖတ်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ မျက်ရည်ပုံစံ တက်တူး

ညာဘက် မျက်လုံးရဲ့ အောက်မှာ မျက်ရည်ပုံစံ တက်တူးရဲ့ အဓိပ္ပါယ်ကတော့ ဒီတက်တူးပိုင်ရှင်ဟာ လူသတ်ဖူးသူ ( ဒါမှမဟုတ် ) သတ်ဖို့ကြိုးစားသူတွေလို့ အဓိပ္ပါယ်ရပါတယ်။ ဒါ့ကြောင့် အဓိပ္ပါယ်မသိပဲ ထိုးမိရင်တော့ ကိုယ့်ကို လူတွေက သင့်ကို အထင်မြင် လွဲသွားစေနိုင်ပါတယ် ။ shwekhitonlinetv.com

၂။ ဗုဒ္ဓ ရုပ်ပွားတော် ပုံစံ တက်တူး

ခန္ဓာကိုယ်ပေါ်မှာ ဘယ် ဘုရားသခင်ရဲ့ ပုံကိုမဆို ရေးဆွဲခြင်းဟာ ဘာသာတရားကို မလေးစားလုပ်တာလို့ အဓိပ္ပါယ်ရပါတယ် ။ နောက်ပြီး ကိုယ်ပေါ်မှာ ဗုဒ္ဓရုပ်ပွားတော် ပုံစံ တက်တူးထိုးထားတဲ့ ခရီးသွားဧည့်သည်တွေဟာ ဗုဒ္ဓဘာသာ နိုင်ငံတွေကို လာလည်တဲ့အခါ အခန့်မသင့်ရင် ရဲဌာနဆီရောက်ပြီး ပြစ်ဒဏ်ခံရနိုင်ပါတယ် ။ shwekhitonlinetv.com

၃။ ယာကူဇာ တက်တူး

ဂျပန်နိုင်ငံမှာဆိုရင် ယာကူဇာ ဂိုဏ်းအဖွဲ့သားတွေဟာ ပုံထဲက တက်တူးပုံစံကို ထိုးခွင့်ရှိတာပဲ ဖြစ်ပါတယ် ။ ယာကူဇာ ဂိုဏ်းအဖွဲ့ဟာဆိုရင် အရင်ကတည်းက လက်ရဲဇက်ရဲ ရှိလှပြီး အင်အားကြီးလှတဲ့ အဖွဲ့အဖြစ် ဂျပန်နိုင်ငံမှာ ရှိနေတာလည်း ဖြစ်ပါတယ် ။ ဒါ့ကြောင့် ယာကူဇာ အဖွဲ့သား မဟုတ်ပဲ ဒီတက်တူးပုံစံထိုးထားပြီး ဂျပန်နိုင်ငံကို သွားလည်မယ်ဆိုရင်တော့ ပြသနာ တက်နိုင်ပါတယ် ။ shwekhitonlinetv.com

၄။ သံဆူးကြိုး ပုံစံ တက်တူး

ဒုစရိုက်လောကမှာဆိုရင် အခုလိုမျိုး သံဆူးကြိုး ပုံစံတက်တူးထိုးထားသူဟာ အပြစ်ရှိလို့ စီရင်ချက်ချခံရတဲ့သူတွေ ဖြစ်တယ်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ် ။ နောက်ပြီး သံဆူးကြိုးအထုံး တစ်ထုံးတိုင်းဟာ ထောင်ထဲမှာ တစ်နှစ်နေခဲ့ရတာကို ဖော်ပြထားတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။  လက်ချောင်းပေါ်က လက်စွပ်ပုံစံ တက်တူး

လက်ချောင်းပေါ်က လက်စွပ်ပုံစံ တက်တူးရဲ့ အဓိပ္ပါယ်ကတော့ ဒီတက်တူးပိုင်ရှင်ဟာ ပြစ်ဒဏ်ကျခံခဲ့ရပြီး ထောင်ထဲမှာလည်း လေးစားခံရတဲ့သူ ဖြစ်တယ်ဆိုတာကို ဖော်ပြထားတာလည်း ဖြစ်ပါတယ် ။ လက်စွပ်ပုံစံ တက်တူးတိုင်းဟာ ထောင်ထဲမှာ အာဏာဘယ်လောက်ရှိလဲဆိုတာ နဲ့ အတွေ့အကြုံ ဘယ်လောက်များလဲဆိုတာကို ဖော်ပြပေးတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

၆။  အစက် သုံးစက် ပုံစံ တက်တူး

ဒီတက်တူး အဓိပ္ပါယ်နဲ့ ပတ်သတ်ပြီး တစ်ကမ္ဘာလုံးက သတ်မှတ်ထားတဲ့ အဓိပ္ပါယ်ကတော့ အတူတူပါပဲ ။ ဒီလို တက်တူးထိုးထားတဲ့ ပိုင်ရှင်ဟာ ဥပဒေတစ်ခုခုကို ချိုးဖောက်ဖူးသူ ( ဒါမှမဟုတ် ) ဒုစရိုက်လောကနဲ့ အဆက်အသွယ် ရှိသူတစ်ယောက် လို့ အဓိပ္ပါယ်ရပါတယ် ။ ဒါ့ကြောင့် သင်ဟာ ဥပဒေတစ်ခုမှ မချိုးဖောက်ဖူးသူ ဆိုရင်တော့ ဒီတက်တူးပုံစံကို မထိုးတာ အကောင်းဆုံးပါပဲ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာပေါ်က အန္တရာယ်အရှိဆုံး တက်တူးပုံစံတွေထဲက အချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။