ပစ္စည်းတွေကို လုံခြုံအောင် ထိန်းသိမ်းရင်း တလွဲဖြစ်သွားကြတဲ့ ဓာတ်ပုံများ

ပရိသတ်ကြီးရေ ဘယ်သူမဆို ကိုယ်သဘောကျတဲ့ ပစ္စည်း ( ဒါမှမဟုတ် ) တန်ဖိုးကြီးတဲ့ပစ္စည်းတွေကို မပျောက်အောင်နဲ့ အခိုးမခံရအောင် လုံခြုံစွာ သိမ်းထားကြမှာပါ ။ ဒါပေမယ့် အခုဖော်ပြမယ့် သူတွေကတော့ သူတို့ပစ္စည်းတွေကို လုံခြုံတယ်ထင်ပြီး လွဲမှားစွာ လုပ်မိကြတာပဲ ဖြစ်ပါတယ် ။ ဘယ်လို တွေ လွဲနေလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ဘယ်သူမဆို ဝင်နိုင်မယ့် တံခါး

ပုံထဲက တံခါးကတော့ Safe ဖြစ်အောင် Code နံပါတ်တွေ ထားပြီး ဖွင့်ရတဲ့ တံခါးပုံစံလုပ်ထားပါတယ်။ ဒါပေမယ့် ပိုင်ရှင်ဖြစ်သူက မေ့တတ်လွန်းတဲ့သူ ဖြစ်တာကြောင့် တံခါးရဲ့ password code ကို လက်ကိုင်နားမှာ စာနဲ့ရေးပြီး ကပ်ထားလို့ လူတိုင်း အလွယ်တကူ ဝင်နိုင်သွားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ ဆိုင်းဘုတ်ပြထားတာနဲ့ လက်တွေ့မှာ ကွာခြားနေသောအခါ

ဒါကတော့ ခြံဝင်းတစ်ခုမှာ ခြံစောင့်တဲ့ ခွေးရှိတယ်ဆိုပြီး ဆိုင်းဘုတ်တပ်ကာ လူစိမ်းတွေကို ‌ဖြဲခြောက်ထားတာလည်း ဖြစ်ပါတယ် ။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ ခြံစောင့်ခွေးကို တွေ့ရမယ့်အစား သိုးလေးတစ်ကောင်ကိုသာ တွေ့ရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ သော့ခတ်တာတော်တဲ့ စက်ဘီးပိုင်ရှင်

ဒီပုံထဲက စက်ဘီးပိုင်ရှင်ကတော့ သူ့စက်ဘီး အခိုးခံရမှာကို စိတ်ပူလွန်ပြီး ကြံမိကြံရာ သော့ခတ်လိုက်မိပုံပါပဲ ။ ဒါပေမယ့် သူ သတိမထားမိလိုက်တာက သော့ခတ်ထားတာက ဆိုင်းဘုတ်ရဲ့ အောက်ခြေ ဒေါက်နဲ့ တွဲပြီး ခတ်ထားတာကြောင့် ဆိုင်းဘုတ်ကို မပြီး စက်ဘီးကို  အလွယ်တကူ အခိုးခံရနိုင်တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ လုံခြုံလွန်းတဲ့ ATM စက်

အခုပုံကတော့ Shopping mall တစ်ခုမှာ တွေ့ရတဲ့ ATM စက်ရဲ့ ပုံပဲ ဖြစ်ပါတယ် ။ ATM စက်ရဲ့ ပိုက်ဆံထည့်တဲ့ အပိုင်းက ကွာနေတာကြောင့် ဝန်ထမ်းတွေက တိပ်နဲ့ ပြန်ကပ်ပေးထားတာပါ ။ ဒီပုံကို ကြည့်လိုက်ရင် တစ်ခုခုကို သဘောပေါက်ပြီး ပြုံးမိသွားစေပါတယ် ။ shwekhitonlinetv.com

၅။ လုံခြုံရေး System မြင့်လွန်းတဲ့ ခြံတံခါး

ဒီပုံထဲက ခြံတံခါးကတော့ တမင် နောက်ပြီး အပျော်သဘောနဲ့ ထားထားတာလားလို့တောင် ထင်ချင်စရာပါ ။ တံခါးရှိပေမယ့်လည်း ဘေးကနေလည်း ပတ်ပြီး ဝင်လို့ရတာကြောင့် ဘာ့ကြောင့် အခုလို တံခါးထားပေးတာလည်းဆိုတာ စဉ်းစားချင်စရာပါ ။ shwekhitonlinetv.com

၆။ ဓာတ်မလိုက်တဲ့ လျှပ်စစ်ခြံစည်းရိုး

တစ်ချို့သော လုံခြုံရေးမြင့်မားလွန်းတဲ့ နေရာတွေမှာဆိုရင် ခြံစည်းရိုးတွေကို လျှပ်စစ်လှိုင်းတွေ လွှင့်ထားပြီး ပြင်ပက လူတွေ ခိုးမဝင်နိုင်အောင် လုပ်ထားကြပါတယ် ။ ဒါပေမယ့် ဒီပုံထဲမှာတော့ သစ်သားခြံစည်းရိုးပေါ်မှာ လျှပ်စစ်ခြံစည်းရိုး ဆိုတဲ့ သတိပေး ဆိုင်းဘုတ်တပ်ထားတာပဲ ဖြစ်ပါတယ် ။ သစ်သားဆိုတာ လျှပ်ကူး ပစ္စည်းမဟုတ်တာကြောင့် ဘယ်လို လျှပ်စစ်စီးအောင် လုပ်မလဲဆိုတာကတော့ စိတ်ဝင်စားချင်စရာပါ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကိုယ့်ရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို လုံခြုံအောင် ထားရာက ရယ်ချင်စရာ ဖြစ်သွားတဲ့ ပုံလေးတွေကို ရှာဖွေ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်  ။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း ပေါက်ပေါက်ရှာရှာ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။