ကမ္ဘာတစ်ဝှမ်းက ထူးထူးဆန်းဆန်း ဖန်တီးထားတဲ့ သရေစာ မုန့်များ

ပရိသတ်ကြီးရေ အခုတစ်ခေါက်မှာတော့ ကမ္ဘာတစ်ဝှမ်းက ထူးထူးဆန်းဆန်း ဖန်တီးထားတဲ့ မုန့်တွေ အကြောင်းကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ် ။ ဘယ်လို ထူးထူးဆန်းဆန်းလေးတွေ ဖြစ်မလဲဆိုတာကတော့ အောက်ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ စကော်ပီယံ Lollipops

Hotlix ဟာဆိုရင်  လွန်ခဲ့တဲ့ ( ၂၅ ) နှစ်လောက်ကတည်းက  သာမန်ထက် ပိုပြီး ထူးဆန်းအောင်လို့ မုန့်တွေထဲမှာ အင်းဆက်တွေကို ထည့်ပြီး ထုတ်လုပ်လာခဲ့တာ ဖြစ်ပါတယ် ။ သူတို့ ထုတ်လုပ်ထားတဲ့ Lollipop တွေထဲမှာဆိုရင် စကော်ပီယံတွေ လည်းပါသလို ပုရွက်ဆိတ်တွေထည့်ထားတာလည်း ပါပါတယ် ။ ချောကလက် မုန့်ထဲမှာဆိုရင်တော့ ပုရစ်နဲ့ တီကောင်တွေ ပါဝင်ပြီး ဝေဖာမုန့်မှာဆိုရင်တော့ ကြမ်းပိုးနဲ့ ပေါင်းစပ်ပြီး ထုတ်လုပ်ထားပါတယ် ။ shwekhitonlinetv.com

၂။ ဆီးနမူနာပုလင်းထဲက သကြားလုံး

ဒီတစ်ခုကတော့ တော်တော်လေးကို ထူးဆန်းပါတယ် ။ Candywarehouse ဆိုတဲ့ မုန့် ထုတ်လုပ်ရေးကနေ ထုတ်လုပ်ထားတဲ့ ထူးထူးဆန်းဆန်း မုန့်တစ်ခုကတော့ ဆီးနမူနာထည့်တဲ့ ခွက်ကလေးထဲမှာ ချဉ်ပြုံးပြုံး အရသာရှိတဲ့ သကြားလုံး အရည်တွေကို ထည့်ပေးထားတာပဲ ဖြစ်ပါတယ် ။ ဒါကိုရောင်းတဲ့ ကိုယ်စားလှယ်တွေကတော့ ဒီမုန့်လေးတွေနဲ့ prank လုပ်တဲ့အခါ မသိသာစေနိုင်ဘူးလို့ ပြောပြထားပါတယ် ။ shwekhitonlinetv.com

၃။ Violet ပန်းနဲ့ လုပ်ထားတဲ့ မုန့်

စပိန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ La Violeta ကတော့ အချိုကောင်းကောင်းကို ကြိုက်နှစ်သက်သူတွေအတွက်   Violet ပန်းနဲ့ လုပ်ထားတဲ့ မုန့်ကို ထုတ်လုပ်ရောင်းချပေးနေတာလည်း ဖြစ်ပါတယ် ။ တစ်ခြား ပုံမှန် candie တွေနဲ့ ပုံစံမတူအောင်လို့ La Violeta ကုမ္ပဏီဟာ သူတို့ရဲ့ ခရမ်းရောင် သကြားလုံးတွေကို Violet ပန်းအစစ်တွေနဲ့ ပေါင်းစပ်ဖန်တီးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ အိမ်သာပုံစံ သကြားလုံး

Moko Moko Mokoletto ဆိုတာ သကြားလုံးကို ကိုယ်တိုင်အလွယ်တကူ ဖန်တီးနိုင်ဖို့ ထုတ်လုပ်ပေးထားတဲ့ မုန့်ဘူးလေးပဲ ဖြစ်ပါတယ် ။ ပထမဦးစွာ အိမ်သာပုံစံခွက်ကလေးထဲကို သူ့ရဲ့ ဘူးထဲမှာပါတဲ့ စပါယ်ရှယ် ပေါင်ဒါအမှုန့်တွေကို သွန်ချလိုက်ပြီး ရေနဲ့ရောကာ ခဏလောက် ဖုံးထားရမှာပဲ ဖြစ်ပါတယ် ။ ပေါင်ဒါအမှုန့်တွေကို ရေနဲ့ သေချာ ရောနှောပြီးသွားပြီဆိုရင်တော့ ပိုက်ကလေးနဲ့ သောက်နိုင်ပြီပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။  စိန်ပုံစံနဲ့ လုပ်ထားတဲ့ မုန့်

Ameya Eltaro ဆိုတဲ့ ကုမ္ပဏီကတော့ သကြားနဲ့ ပြုလုပ်ထားတဲ့ သကြားလုံးတွေကို နာမည်ကြီး စိန်ပုံစံမျိုးနဲ့ တူအောင် ပုံဖော်ကာ ဖန်တီးထားတာလည်း ဖြစ်ပါတယ် ။ တစ်ကယ့် စိန်အစစ်နဲ့ တူအောင် လက်ရာမြောက်စွာ ဖန်တီးထားတာမို့လို့ စျေးကတော့ ဒေါ်လာ ( ၃၀ ) ကျော် ကျသင့်မှာပါ ။ shwekhitonlinetv.com

၆။ မြွေပုံစံ ဂျယ်လီကြီး

အခုပုံမှာ မြင်နေရတဲ့ ဂျယ်လီ မြွေကြီးရဲ့ အရွယ်အစားကတော့ အရှည် ( ၉၆ ) လက်မရှိပြီး အလေးချိန်ကတော့ ( ၂၆ ) ပေါင် လေးပါတယ်။ ဂျယ်လီကို ကြိုက်လွန်းတဲ့သူတွေအတွက်ကတော့ အိမ်မှာ စိမ်ပြေနပြေ ထိုင်စားနေလိုက်ယုံပါပဲ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာတစ်ဝှမ်းက ထူးထူးဆန်းဆန်း ဖန်တီးထားတဲ့ သရေစာ မုန့်တွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။