စီးဆင်းမှုမရှိဘဲ ငြိမ်သက်နေတဲ့ ရေကန်တွေထဲက ရေဆိုတာကတော့ အများအားဖြင့်အပြာရောင်၊ ပြာလဲ့လဲ့ရောင်သာ ရှိတက်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်က တစ်ချို့ဒေသတွေမှာ မြန်မာနိုင်ငံ တွင်းတောင်အရပ်က စိမ်းပြာရေညှိကြောင့် အရောင်ထူးခြားနေတဲ့ ရေကန်လိုမျိုး ထူးခြားတဲ့ အရောင်အသွေးနဲ့ ရေကန်မျိုးတွေလည်း တွေ့ရတက်ပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကလည်း ဒီလိုထူးခြားတဲ့ အရောင်အသွေးနဲ့ လှပလွန်းတဲ့ ကမ္ဘာပေါ်က ရေကန်အချို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒီရေကန်တွေဟာ သာမန်ရေကန်တွေနဲ့ မတူဘဲတစ်မူထူးခြားစွာသူတို့ရဲ့ ရေအရောင်က ပန်းရောင်ဖြစ်နေပါတယ်။ ဒါဟာ Dunaliella Salina လို့ခေါ်တဲ့ ပင်လယ်ဆားငံဒေသတွေမှာ တွေ့ရတက်တဲ့ Halophile Green Mivro-Algae လို့ခေါ်တဲ့ ရေညှိမှိုတစ်မျိုးကြောင့်လို့ အကြမ်းဖျဉ်းမှတ်သားနိုင်ပါတယ်။ shwekhitonlinetv.com
၁၀။ Lake Hillier, Australia

သြစတြေးလျအနောက်ပိုင်းက ကျွန်းတစ်ကျွန်းပေါ်က ရေကန်ဖြစ်ပါတယ်။ ရေရဲ့အရောင်အဆင်းက တောက်ပတဲ့ ပန်းရောင်ဖြစ်နေပြီး ရေကန်ထဲမှာတင်မဟုတ်ဘဲ အခြားထည့်စရာတစ်ခုခုထဲကို ထည့်လိုက်ရင်လည်း ရေရဲ့အရောင်က ပန်းရောင်အဆင်းအတိုင်းဆက်ရှိနေပါသတဲ့။ shwekhitonlinetv.com
၉။ Lake Retba, Senegal

ဒီကန်ကရေရဲ့ ဆားပျော်ဝင်မှုနှုန်းက သာမန်ရေတွေထက် (၄၀) ရာခိုင်နှုန်းပိုများပြီး ဒါဟာ ပင်လယ်သေရဲ့ ဆားငံနှုန်းနီးပါးဖြစ်ပါတယ်။ အရေပြားကို အကာအကွယ်ပေးမယ့် ပစ္စည်းတစ်စုံတစ်ရာမပါပဲနဲ့တော့ ရေနဲ့တိုက်ရိုက်မထိတွေ့ သင့်ဘူးလို့ဆိုကြပါတယ်။ shwekhitonlinetv.com
၈။ Hutt Lagoon, Australia

ဒါကလည်း သြစတြေးလျမှာပဲရှိတဲ့ နောက်ထပ်ပန်းရောင်ရေကန်တစ်ခုပါ။ ဒီကန်ထဲက ဆားငံရေတွေဟာ အိန္ဒိယသမုဒ္ဒရာထဲကတစ်ဆင့် စီးဆင်းစိမ့်ဝင်လာတယ်လို့ဆိုကြပြီး ကန်ထဲက ရေညှိတစ်မျိုးကြောင့် ရေရဲ့ အရောင်က ပန်းရောင်ဖြစ်နေရတာပါ။ shwekhitonlinetv.com
၇။ Quairading Pink Lake, Australia

ဒီရေကန်ကတော့ ထူးချက်ခြက် (၂) ခုကြောင့် နာမည်ကျော်ကြားပါတယ်။ ပထမတစ်ခုက ရေကန်ကိုဖြတ်သန်းပြီး၊ ရေကန်ကို နှစ်ပိုင်းခြားထားသလို ဖောက်လုပ်ထားတဲ့ ကားလမ်းဖြစ်ပြီး နောက်တစ်ခုက ရေကန်ရဲ့ တစ်ခြမ်းက ပန်းရောင်ဖြစ်နေတာပါပဲ။ shwekhitonlinetv.com
၆။ Lake Natron, Tanzania

အာဖရိကအရှေ့ပိုင်း တန်ဇန်းနီးယားမှာတည်ရှိတဲ့ရေကန်ဖြစ်ပါတယ်။ ရေကန်အနီးတစ်ဝိုက်မှ မြင့်မားတဲ့အပူဒဏ်ကြောင့် ရေတွေဟာအငွေ့ပျံပြီး ဆားပါဝင်တဲ့အရာဝတ္ထုတွေကို ချန်ထားခဲ့ပါတယ်။ ဒီအရာတွေကြောင့်ပဲ ရေက ပန်းရောင်ဖြစ်နေတာလို့ဆိုပါတယ်။ ဒီကန်ထဲမှာတော့ ကျောရိုးမဲ့သတ္တဝါအနည်းအကျဉ်း ရှင်သန်နေထိုင်ကြပါတယ်။ shwekhitonlinetv.com
၅။ Sivash Salt Lagoon, Russia

ဒီကန်ကတော့ ယူကရိန်းနိုင်ငံရဲ့ ပင်လယ်အနီးအနားမှာ တည်ရှိတာဖြစ်ပါတယ်။ ဆားပါဝင်မှုနှုန်းအလွန်မြင့်မား ပြီးရေတွေကလည်း အနံ့အသက်ဆိုးရွားလွန်းလို့ အချို့က ပုပ်နေတဲ့ပင်လယ် (Rotten Sea) လို့ အလွယ်ခေါ်ကြပါတယ်။ shwekhitonlinetv.com
၄။ Lake Tuz Gola, Turkey

ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံးဆားငံရေအိုင်တွေထဲကတစ်ခုဖြစ်ပါတယ်။ ကြိုးကြာနီ (Flamingo) နဲ့ ငန်း (Geese) မျိုးစိတ်တွေအများဆုံး ဒီနေရာမှာ ကျက်စားကြတယ်လို့သိရပါတယ်။ ဒါကြောင့်နောက်ပိုင်းမှာ ဒီနေရာကို သဘာဝဘေးမဲ့ဇုန်အဖြစ် သတ်မှတ်ကာ အကာအကွယ်ပေးထားကြပါတယ်။ shwekhitonlinetv.com
၃။ Lake Eyre South, South Australia

ဒီကန်မှာရေတွေပြည့်တဲ့ အခါမှာ အနီးနားမှာ ရှိတဲ့ သမုဒ္ဒရာကရေတွေနဲ့ ပေါင်းစည်းမိတက်ပါတယ်။ ဒါကြောင့်သမုဒ္ဒရာထဲက ဆားငံရေတွေနဲ့ ရေကန်မှာရှိတဲ့ ဆားငံရေညှိတစ်မျိုးပေါင်းစပ် ဓာတ်ပြုပြီး ကန်ရဲ့ရေ အရောင်က ပန်းရောင်ဖြစ်နေတာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Las Salinas de Torrevieja, Spain

အေးမြတဲ့ ရာသီဥတုရှိပြီး မြေထဲပင်လယ်ဒေသမှာ တည်ရှိတဲ့ ဒီပန်းရောင်ရေကန်ကတော့ လူသိအများဆုံးဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေလည်း အများဆုံးလာရောက်တဲ့ ရေကန်ဖြစ်ပါတယ်။ သူ့ရဲ့ဆားပါဝင်မှုနှုန်းက ကျန်တဲ့ ရေကန်တွေနဲ့ယှဉ်ရင် လျော့နည်းလှပါတယ်။ shwekhitonlinetv.com
၁။ Lake Bumbunga, Australia

Bumbunga ရေကန်ကတော့ သြစတြေးလျ တောင်ပိုင်း Lochiel မြို့လေးအနီးမှာတည်ရှိပါတယ်။ ဒီကန်ရဲ့ ရေပန်းရောင်ဖြစ်နေရခြင်းကတော့ တစ်နှစ်ပတ်လုံးပြောင်းလဲနေတဲ့ ရေရဲ့ဆားငန်မှုကြောင့်ဖြစ်ပါတယ်။ ရေငွေ့ပျံမှုများတဲ့ နွေရာသီလိုကာလမျိုးဆိုရင်တော့ ရေကန်ရဲ့အရောင်ဟာ တောက်ပတဲ့ ပန်းရောင်အဆင်းဖြစ်နေတက်ပါတယ်။ shwekhitonlinetv.com
ဒါကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ထူးခြားတဲ့ အရောင်အသွေးနဲ့ ရေကန်တွေအကြောင်းပဲဖြစ်ပါတယ်။ နောက်ထပ်ဘယ်လို စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို ရွှေခေတ်ပရိသတ်ကြီးထံ ဝေမျှပေးသွားဦးမလဲဆိုတာ ဆက်လက်စောင့်စားအားပေးကြပါဦးနော် ……….. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။
Be the first to comment
You must log in to post a comment.