မြန်မာကိုကူးဆက်လာနိုင်တဲ့ ကန္တာရကျိုင်းကောင် အန္တရာယ်

လတ်တလော ပါကစ္စတန်နဲ့ အိန္ဒိယမှာ လပေါင်းများစွာပြဿနာဖြစ်နေခဲ့တဲ့ ကျိုင်းကောင် (နှံကောင်) တွေဟာ မြန်မာနိုင်ငံကိုလည်းကူးဆက်ရောက်ရှိလာနေတယ်လို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ဝန်းသိုမြို့နယ်မှာ ကျိုးင်းကောင်အနည်းအကျဉ်း တွေ့လာရပြီး ခန္တီးဒေသဘက်ကနေ ပျံ့နှံ့လာကြတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ shwekhitonlinetv.com

ကျိုင်းကောင်ဆိုတာကတော့ ဉမှင်တိုနှံကောင်မျိုးစိတ်များထဲမှ တစ်ခုဖြစ်ပါတယ်။ လတ်တလော ပါကစ္စတန်၊ အိန္ဒိယမှာ ကန္တာရကျိုင်းကောင်တွေဆိုးရွားနေပြီ မြန်မာနိုင်ငံကို စဝင်လာဟန်ရှိတဲ့ ကျိုင်းကောင်တွေဟာ (Desert locust) မျိုးစိတ်တွေဖြစ်တယ်လို့သိရပါတယ်။ (Desert Locust) ဆိုတာကတော့ သီးနှံဖျက် ကျိုင်းကောင်မျိုးစိတ်တွေထဲမှာတော့ ဖျက်အားအပြင်းဆုံး မျိုးစိတ်လည်းဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒီအကောင်တွေဟာစိုက်ခင်းတစ်ခုထဲကို အုပ်လိုက်ကျရောက်ခဲ့မည်ဆိုရင် တစ်ကီလိုမီတာပတ်လည်ဧရိယာမှာ အကောင်ရေ သန်း (၁၅၀) ထိ ရှိနေနိုင်တယ်လို့သိရပါတယ်။ လေရဲ့အကူအညီနဲ့ဆိုရင် တစ်နေ့ကို (၁၅၀) ကီလိုမီတာကနေ (၂၀၀) ကီလိုမီတာအထိ ပျံသန်းနိုင်ပါတယ်။ အဲဒီအကောင်ရေ သန်း (၁၅၀) ဟာ လူ (၃၅၀၀၀) လောက်တစ်နေ့တာ စားသောက်နိုင်တဲ့ သီးနှံတွေကို ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

ကျိုင်းကောင်တွေဟာ တစ်ကောင်ချင်းလည်း နေနိုင်ကြသလို အုပ်စုလည်း ဖွဲ့ပြီးနေထိုင်နိုင်ကြပါတယ်။ တစ်နှစ်အတွင်း မျိုးဆက် နှစ်ခုကနေ ငါးခုအထိ မျိုးပွားနိုင်ကြပါတယ်။ ခပ်စိပ်စိပ် မိုးရွာလေ့ရှိတဲ့ ရာသီဥတုကတော့ သူတို့အကြိုက်ဖြစ်ပြီး စားသောက်နေထိုင်စရာ စားကျက်တွေကို ရွှေ့လျားပျံသန်းကြဖို့နဲ့ ဉီးရေပွားများဖို့ အခြေအနေကိုနှိုးဆော်ပေးတယ်လို့သိရပါတယ်။ ကျိုင်းကောင်တွေဟာ ခပ်နွေးနွေးအပူချိန်ရှိတဲ့ ညနေစောစောပိုင်းတွေမှာ အုပ်စုလိုက်ရွေ့လျား ပျံသန်းလေ့ရှိ ကြပါတယ်။ ပင်လယ် သမုဒ္ဒရာများကို ဖြတ်သန်းဖို့မဟုတ်ဘူးဆိုရင်တော့ သူတို့တွေဟာညပိုင်းမှာ ပျံသန်းလေ့ မရှိကြပါဘူး။ shwekhitonlinetv.com

အဆိုပါကျိုင်းကောင်တွေအတွက် မျိုးပွားရာသီ (၃)ခု ရှိပါတယ်၊ ဆောင်းရာသီ၊ နွေဦးရာသီနှင့် နွေရာသီများ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မျိုးပွားရာသီဖြစ်နိုင်ချေက နွေရာသီပါ၊ လတ်တလောမှာ နွေရာသီကလည်း ကျော်လွန်ခဲ့ပြီမို့ အိန္ဒိယက ကူးစက်လာမည့် ဦးရေကိုပဲ အာရုံစိုက်ရမယ် ထင်ပါတယ်။ shwekhitonlinetv.com

ဒီလို ကန္တာရကျိုင်းကောင်တွေ ရဲ့အန္တရာယ်ကတော့ အခုမှစတင်ဖြစ်ပွားဖူးတာမဟုတ်ဘဲ (၁၉၁၅) ခုနှစ်မှာ ပါလက်စတိုင်း၊ လက်ဘနွန်တောင်တန်းနှင့် ဆီးရီးယားဒေသများမှ ယခုလိုမျိုးကျိုင်းကောင်တွေ ကျရောက်ခဲ့တာကြောင့် စားနပ်ရိက္ခာတွေ ပြတ်လပ်ခဲ့ပြီး ဂျေရုစလင်သားတွေ အထိနာခဲ့ကြတယ်။ shwekhitonlinetv.com

အာဖရိကအနောက်ဘက်ဒေသနိုင်ငံတွေ ဖြစ်တဲ့ မော်ရီတန်နီယား၊ မာလီ၊ နိုက်ဂျီးရီးယား နှင့် ဆူဒန်တွေမှာ ၂၀၀၃ ကနေ ၂၀၀၅ ခုနှစ်အထိ ကန္တာရကျိုင်းကောင်တွေ (၂)နှစ်ကြာ ကျရောက်ဖျက်ဆီးခဲ့ဖူးပါတယ်။ စခဲ့ပါတယ်။ အစိုးရတွေ စုပေါင်းပြီး မြေပြင်ဧရိယာ စတုရန်းကီလိုမီတာ တစ်သိန်းသုံးသောင်းခန့် ပိုးသတ်ဆေးဖျန်ခဲ့ကြရပါတယ်။ နိုင်ငံပေါင်း (၂၀) လောက်က လေယာဉ်တွေကို အသုံးပြုပြီး ဆေးဖျန်းခဲ့ကြရတာလည်းဖြစ်ပါတယ်။ FAO က ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း (၄၀၀) ကုန်တယ်လို့ ခန့်မှန်းခဲ့တယ်။ သီးနှံဆုံးရှုံးမှုကတော့ အမေရိကန်ဒေါ်လာ (၂.၅) ဘီလီယံ ခန့်ရှိခဲ့ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အနောက်အာဖရိကမှာ ဆိုးရွားတဲ့ အငတ်ဘေးကြုံခဲ့ရပါတယ်။ shwekhitonlinetv.com

၂၀၂၀ ခုနှစ်ရဲ့ ကန္တာရကျိုင်းကောင် ပြဿနာကတော့ ဇန်နဝါရီလ၊ မှာ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကင်ညာ နိုင်ငံကနေ အစပြုခဲ့တာဖြစ်ပါတယ်။ စားကျက်နှင့် သီးနှံစိုက်ခင်း ဧရိယာစတုရန်းကီလိုမီတာ (၅၀၀၀၀) ခန့် ပျက်စီးခဲ့တယ်လို့ ခန့်မှန်းကြတယ်။ဖေဖော်ဝါရီမှာ လထဲရောက်တဲ့အခါမှာတော့ ဆိုမာလီယာ နဲ့ အီသီယိုးပီးယား တို့ကို ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။ (၂၅) နှစ်အတွင်း တစ်ခါမှမကြုံဖူးတဲ့ အဆိုးဆုံး အခြေအနေတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၉ နှစ်ကုန်ခါနီး အဆိုပါနိုင်ငံတွေမှာ ရွာခဲ့တဲ့ မိုးကြီးက ကျိုင်းကောင်တွေ ပွားများဖို့ အားပေးခဲ့သလို ဖြစ်စေခဲ့ပါတယ်။ shwekhitonlinetv.com

ဖေဖော်ဝါရီလလယ် လောက်မှာတော့ ဆိုမားလီးယားနိုင်ငံဟာ အရေးပေါ်အခြေအနေ ကြေငြာလိုက်ရတဲ့ ပထမဆုံးနိုင်ငံဖြစ်လာခဲ့တယ်။ တစ်ပြိုင်နက်တည်းဆိုသလိုအာရှဒေသက ပါကစ္စတန်နိုင်ငံဟာလည်း နိုင်ငံအရေးပေါ်အဆင့် သတ်မှတ်ပြီး ကျိုင်းကောင်တွေ ကျူးကျော်မှုကို စတင်ကိုင်တွယ်ပါတယ်။ shwekhitonlinetv.com

အိန္ဒိယကို ၂၀၂၀ မေလ (၂၇)ရက်မှာ ရောက်ပါတယ်။ သီးနှံစိုက်ခင်းများ အဆက်မပြတ် ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာက သူတို့ အလျှင်အမြန်ပျံ့နှံ့စေဖို့ အခြေအနေကောင်းတစ်ခု ဖြစ်စေခဲ့ပါတယ်။ ပြသနာဟာ အိန္ဒိယအတွက် အသစ်အဆန်းမဟုတ်ပေမယ့်လည်း (၂၆)နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ဆုံးရတဲ့ သတင်းတွေအရတော့ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လ (၂၉) ရက်နေ့က ကျရောက်ခဲ့တဲ့ ကန္တာရ ကျိုင်းကောင်အုပ်ဟာ အရေအတွက် ထရီလီယံနဲ့တောင်ချီပြီးရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ သူတို့ရဲ့ နောက်ထပ်ဦးတည်ရာက ဘယ်နေရာဖြစ်မလဲဆိုတာအတိအကျမသိပေ မယ့် အိမ်နီးချင်းနိုင်ငံ တွေကိုတော့ အိန္ဒိယ အစိုးရက သတိပေးမှုတွေပြုလုပ်ထားပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။