အမေရိကန် ပင်တဂွန်မှ ဗီးနပ်စ် ဂြိုဟ်သားများ အကြောင်း

ဒီနေ့တင်ဆက်ပေးချင်တာကတော့ အမေရိကန် မှာ အရမ်းကိုနာမည် ကြီးခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပဲဖြစ်ပါတယ်။ အချို့ကလည်း ဒါဟာ ယုံတမ်းပုံပြင်တစ်ပုဒ် လို့ဆိုကြပါတယ်။

အချို့ကတော့ တမင်လူစိတ်ဝင်စားအောင် လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာကို ယုံကြည်လက်ခံတဲ့သူက ပိုများတယ်လို့သိရပါတယ်။ စိတ်ဝင်စားရင်တော့ ဒီစာလေးကို ဆက်လက် ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com

(၁၉၅၇) ခုနှစ်က ကမ္ဘာပေါ်ကို ဗီးနပ်စ်ဂြိုဟ်က ဂြိုဟ်သားတွေရောက်ရှိလာခဲ့တဲ့ အထောက်အထားတစ်ချို့ရှိနေပါတယ်။ ဒီဂြိုဟ်သားက သူ့နာမည်ဟာ ဗလ် (Valiant Thor) လို့ဆိုပါတယ်။ သူက အမေရိကန်နိုင်ငံ ဗာဂျီးနီယားပြည်နယ် က လယ်ကွင်းတစ်ခု ထဲကို ယာဉ်ငယ်လေးနဲ့ ဆင်းသက်လာခဲ့တာဖြစ်တယ်လို့လဲသိရပါတယ်။ ဒါဟာ ယုံဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် ဘာတွေဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ကြပါဦးနော်။ shwekhitonlinetv.com

ဗလ် (Val) ကတစ်ယောက်တည်းတော့မဟုတ်ပါဘူး။ သူနဲ့အတူ အကူ ယာဉ်မောင်းသုံးယောက်လည်း ပါလာခဲ့ပါတယ်လို့ဆိုပါတယ်။ သူတို့ဟာ ရဲနှစ်ယောက်နဲ့ ပက်ပင်းတိုးခဲ့ပြီး ရဲကသူတို့ကို သေနတ်နဲ့ပစ်ဖို့ ချိန်ရွယ်ထားခဲ့ပါသတဲ့။ ဒီအချိန်မှာ Val (ဗလ်)က ရန်ပွဲကို မဖြစ်ဖို့တားမြစ်ပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကို “တယ်လီပက်သီ” နည်း အရ စိတ်ခြင်း ဆက်သွယ် စကားပြောခဲ့တယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

Val ဗလ် က သမ္မတ ဒွိုက် အိုက်ဆန်ဟာ၀ါ နှင့် တွေ့လိုကြောင်း တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ရေးတပ် ကတော့ သူတို့ကို အရင်ဆုံးစစ်ဆေးဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ shwekhitonlinetv.com

သူတို့ရဲ ဝတ်စုံက တစ်ဆက်တည်းဖြစ်နေပြီး ၎င်း လုံခြုံရေးတွေက သိမ်းဆည်းထားလိုက်ကာ အခြားသာမန်အင်္ကျီ တွေဝတ်ဆင်စေခဲ့ပါတယ်။ အဲ့ဒီနောက် တောက်ပနေတဲ့ အာကာသဝတ်စုံကို တစ် နေရာခြင်းစီ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ shwekhitonlinetv.com

ဖိနပ်နဲ့တစ်ဆက်တည်းဖြစ်နေတဲ့ ဝတ်စုံရဲ့ အလေးချိန်ဟာ ၆ အောင်စ ဘဲရှိတာကိုအံ့အားသင့်ဖွယ်တွေ့ရှိခဲ့ရသလို ဘယ်လို အမျှင်တွေနဲ့ တည်ဆောက်ထားသလဲဆိုတာလည်းမသိခဲ့ရပါဘူး။ ဝတ်စုံကို ထိုးဖောက်ခြင်း၊ ဒါးနှင့် ဖြတ်တောက်ခြင်းလုပ်ကြည့်ပေမယ့်အချည်းအနှီးသာဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အမျှင်တွေဟာတစ်ခုနှင့် တစ်ခု သိပ်သည်းစွာယက်လုပ် ထားလို့ ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

စစ်တပ်မှ ဝတ်စုံကို အက်စစ်ဖြင့် စိမ်ခြင်း၊ မီးဖြင့်တိုက်ခြင်း လုပ်ခဲ့ပေမယ့် အရာမထင်ခဲ့သလို စိန်သွားဖြင့်ဖောက် ကြည့်ရာမှာလည်း အသံသာ မြည်ပြီးဖောက်လို့မရခဲ့ပါဘူး။ နောက်ဆုံး အားအလွန်ပြင်းတဲ့ “ရိုင်ဖယ်” နဲ့ ပစ်ခတ်စမ်းသပ်ခဲ့ရာမှာလည်း ကျည်ဆံသာ ကြေမွသွားခဲ့ပြီး အာကာသဝတ်စုံကို မဖောက်ထွင်းနိုင်ခဲ့ဘူးလို့သိရပါတယ်။ ဒါကတော့သူတို့ရဲ့ ထူးဆန်းတဲ့ဝတ်စုံအကြောင်းပါ။ shwekhitonlinetv.com

သူတို့ရဲ့သွင်ပြင်လက္ခဏာကိုပြောရမယ်ဆိုရင်တော့ ဗလ် (Val) ကအရပ် (၆) ပေမြင့် ပြီး ၊ ကုနယ်အလေးချိန် (၁၈၅) ပေါင်ရှိကာ သာမန်လူသားနှင့်ဆင်တူ တယ်လို့သိရပါတယ်။

သူရဲ့လက်တစ်ဖက်စီမှာတော့ လက်ချောင်း (၆) ချောင်းပါရှိပါတယ်။ ထူးဆန်းတာကတော့ သူ့ရဲ့ နှလုံးက လူသားတွေ့ရဲ့ နှလုံးထက် (၂) ဆ ပိုကြီးသလို သူ့သွေးတွေဟာလည်း သံဓာတ်ကို အခြေ မခံဘဲ ကြေးနီဓာတ်ကို အခြေခံထားတာဖြစ်ပါတယ်။

ဗလ် (Val) ရဲ့ပြောပြချက်အရတော့ သူက (၅၀၀) လောက်ထိ ရှင်သန်နေထိုင်နိုင်တယ်လို့ သိရပါတယ်။ ဒါ့ပြင် ဘာသာစကားပေါင်း ၁၀၀ လောက်ကို သွက်လက်စွာ ပြောနိုင်ပြီး ဂြိုလ်သား စကားလည်း ပြောပြခဲ့တယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

စစ်တပ်ရဲ့ စစ်ဆေးချက် အရဆိုရင် သူ့ရဲ့ IQ ဟာ (၁၂၀၀) တောင် ရှိတယ်လို့ဆိုပါတယ်။ ကမ္ဘာပေါ်ကလူသား သိပ္ပံပညာရှင် အိုင်းစတိုင်းဟာ IQ (၁၆၀) သာရှိလို့ ဗလ်ရဲ့ IQ က အဆမတန်များနေပါတယ်။

နောက်ပြီး အခြားလူတွေ အရှေ့ မှာသူ့ရဲ့ အကြောင်းအရာတွေ အချက် အလက်တွေ ကို ထုတ်ဖေါ် မပြောဘဲ သမ္မတ နှင့် တွေ့မှ သာ အကြောင်းအရာ အချက် အလက်တွေ ကို ပြောပြတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

သူတို့အနေနဲ့ ဂြိုလ်ကမ္ဘာ ပေါ်မှာနောက်ထပ်ဖြစ်လာမည့် စစ်ပွဲမှာ အသုံးပြုကြယ့် ကမ္ဘာဖျက် နူကလီးယားလက်နှက်တွေကို ဖျက်စီးဖို့ အတွက် အဓိကလာရောက်ဆွေးနွေးညှိနှိုင်းကြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအတွက်သူတို့ဘက်ကနေ အမေရိကန်ရဲ့ အာကာသ စီမံကိန်းတွေကို ကူညီမယ်လို့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

(၁၉၅၈) ခုနှစ်မှာတော့ Val နှင့် အာကာသအကူ ယာဉ်မောင်း ဗီးနပ်စ် ဂြိုလ်သားတွေ ဖြစ်ကြသတဲ့ ဂျေး (Jill) , ဒွန်း (Donn), တန်ညာ (Tanya) တို့ ဟာ နယူးဂျာစီ ကျင်းပပြုလုပ်တဲ့ ခေတ်သစ် အမည်မသိယာဉ်ပျံ တွေ့ဆုံပွဲ အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

လူသိရှင်ကြား တွေ့ဆုံခဲ့တဲ့ ဒီတွေ့ဆုံပွဲကို စီစဉ်သူမှာ ပင်တဂွန် တွင် အလုပ်လုပ်နေသည့် Warren Preacher ၀ါရန် ဖီးချား ဆိုသူ အမျိုး သမီးဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီး ဟာ ပင်တဂွန် မှ “လူထူးလူဆန်းဆိုပြီး” စာအုပ်တစ်အုပ်ကို လူသိရှင်ကြား ချပြခဲ့တဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

အားလုံးကိုချုံပြီးပြောရရင်တော့ ဒီဗီးနပ်စ်ဂြိုဟ်သားတွေက ကမ္ဘာမြေပေါ် နူကလီးယား စစ်ထပ်မဖြစ်အောင် အမေရိကန် နှင့် ညှိနှိင်းခြင်း ပြုလုပ် ခဲ့ သလို Area 51 နဲ့ ပင်တဂွန် မှာ (၃) နှစ်လောက် ပူတွဲပြီး အတူတူ အလုပ်တွဲလုပ် ခဲ့ပြီး သူတို့ရဲ့ဂြိုဟ်ကိုပြန်သွားတယ်လို့ ဆိုနိုင်ပါတယ်။ shwekhitonlinetv.com

ဒါဟာလုပ်ဇာတ်တစ်ပုဒ်လား တစ်ကယ်ရှိခဲ့တဲ့ အဖြစ်အပျက်လားဆိုတာတော့ ဒီနေ့အထိ ဒွိဟဖြစ်နေကြဆဲဖြစ်တယ်ဆိုတာ တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်နော် ….

ဒီအကြောင်းအရာလေးကို ဖတ်ရှုပေးခဲ့ကြတဲ့ ပရိတ်သတ်တွေကို ကျေးဇူးအထူးတင်ပါတယ်နော်။

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။