ကမ္ဘာကြီးပေါ်က လူ (၂) ယောက်တည်းသာ သိထားတဲ့ လျို့ဝှက်ချက်ကြီးများ

လျှို့ဝှက်ချက်ဆိုတဲ့ အရာဟာ လူတိုင်းကိုယ်စီမှာ ရှိတတ်ကြတဲ့ အရာပဲ ဖြစ်ပါတယ် ။ တစ်ချို့သော လျှို့ဝှက်ချက်တွေကတော့ တစ်ကယ့်ကို ထိပ်တန်း အဆင့်ဖြစ်တာကြောင့် တစ်ကမ္ဘာလုံးမှာမှ လူအများစုတောင်မဟုတ်ပဲ ( ၂ ) ယောက်လောက်သာ သိထားကြတာမျိုးတွေလည်း ရှိတာပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ကမ္ဘာတစ်ခုလုံးမှာ လူ ( ၂ ) ယောက်လောက်ပဲ သိကြတဲ့ လျှို့ဝှက်ချက်တွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၁။ အင်ပါယာ လက်သုတ်ပ၀ါ

နာမည်ကိုက အထူးအဆန်း ဖြစ်နေတဲ့ ဒီလက်သုတ်ပဝါရဲ့ ခေါက်ပုံခေါက်နည်း ကို လူအနည်းငယ်လောက်သာ သိထားကြတာပဲဖြစ်ပါတယ် ။ ဒီလို ခေါက်နည်းကို ဩစတေးလျ – ဟန်ဂေရီ အင်ပါယာခေတ်ကတည်းက တီထွင်ခဲ့တာဖြစ်ပြီး လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားခဲ့တာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

အင်ပါယာခေတ်ကတည်းက အစေခံတွေသာ ဒီနည်းလမ်းကို သိတာဖြစ်ပြီး သူတို့ရဲ့ မျိုးဆက်တွေကိုသာ သင်ပေးခဲ့တာပါ ။ ဒီရိုးရာဟာ ယနေ့အချိန်အထိ ရှိနေသေးပြီး လက်ကိုင်ပုဝါခေါက်ရတဲ့ အရာရှိ ( ၂ ) ယောက်ကိုသာ ဘယ်လိုခေါက်ရမလဲဆိုတာကို နည်းလမ်းကို သိထားတာလည်း ဖြစ်ပါတယ် ။ တိုင်းခြားပြည်ခြားက သမ္မတတွေနဲ့ တော်ဝင် မိသားစုတွေလည်ပတ်တဲ့အခါမှသာ အင်ပါယာ လက်သုတ်ပဝါနဲ့ ဧည့်ခံကြပါတယ် ။ shwekhitonlinetv.com

၂။ အော်စကာဆု စာရင်း

အော်စကာဆုပေးပွဲဟာဆိုရင် တစ်နှစ်လုံးမှာမှ တစ်ကြိမ်သာ ကျင်းပတာဖြစ်ပြီး ရုပ်ရှင်နယ်ပယ်မှာတော့ နာမည်အကြီးဆုံး ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ် ။ နှစ်စဉ်နှစ်တိုင်း လောင်းကစားဒိုင်တွေဟာဆိုရင် ဒီဆုရဖို့ ပဏာမ ရေပန်းစားနေတဲ့ အနုပညာရှင်စာရင်းကို အလောင်းအစား ပြုလုပ်ကြတာကြောင့် ဆုရရှိနိုင်တဲ့ အနုပညာရှင်တွေရဲ့ နာမည်ကို လျှို့ဝှက်ထားရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အနုပညာ နယ်ပယ်က ကျွမ်းကျင်တဲ့သူတွေနဲ့ အဖွဲ့အစည်းကလူတွေက maual နည်းနဲ့ ပေးထားတဲ့ မဲပေါင်းများစွာထဲမှာမှ ဘယ်သူတွေ ဆုရမလဲဆိုတာကို လူ ( ၂ ) ယောက်သာ သိကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

သူတို့ကတော့ Brad Oltmanns နဲ့ Rick Rosas ဆိုသူတို့ ဖြစ်ပြီး ပေးအပ်မယ့် ဆု ပေါင်း ( ၂၄ ) ဆုရဲ့ အနုပညာရှင်တွေရဲ့ သိထားပါတယ်။ ဒါပေမယ့်လည်း သူတို့ ( ၂ ) ယောက်ဟာ ဒီဆုရရှိသူတွေရဲ့ စာရင်းကို ပွဲမစခင် ( ၄၈ ) နာရီအလိုမှသာ သိကြတာဖြစ်ပြီး အကြောင်းကတော့ လျှို့ဝှက်စွာ မဲပေးရတဲ့ စနစ်ကြောင့်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ Ayapaneco ဘာသာစကား

Ayapaneco ဘာသာစကားဆိုတာ ရှေးခေတ်ဘာသာစကားတစ်ခုဖြစ်ပြီး မက္ကစီကို နိုင်ငံဆိုပြီး ဖြစ်မလာခင်ကတည်းက မက္ကစီကို နယ်မြေအတွင်းမှာ နေထိုင်တဲ့သူတွေပြောကြတဲ့ ဘာသာစကားတစ်ခုလည်း ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း စပိန်နိုင်ငံရဲ့ ကိုလိုနီနယ်မြေဖြစ်လာပြီး နောက်ပိုင်းမှာတော့ ဒီဘာသာစကားဟာ တစ်ဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာရပါတော့တယ် ။ shwekhitonlinetv.com

ယနေ့ခေတ်မှာတော့ ဒီဘာသာစကားကို ပြောတတ်သူ ( ၂ ) ယောက်သာ ရှိပါတော့တယ် ။ သူတို့ကတော့ Manuel Segovia နဲ့ Isidro Velazquez ဆိုသူတို့ ဖြစ်ပြီး မက္ကစီကို တောင်ပိုင်း Tabasco မှာရှိတဲ့  Ayapa အမည်ရ တဲ့ ရွာလေးမှာ နေထိုင်ကြသူတွေပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဘာသာစကား ကျွမ်းကျင်သူတွေကတော့ ဒီဘာသာစကားနဲ့ ပတ်သတ်ပြီး အချက်အလက်ပေါင်းများစွာကို စုဆောင်းနေကြပါတယ်။  သူတို့ဟာ Ayapaneco လူမျိုးစုတွေရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုတွေကို အတော်လေး စိတ်ဝင်စားနေကြပြီး Ayapaneco ဘာသာစကားကို မကြာခင် စာရွက်ပေါ်မှာ မှတ်တမ်းတင်ပြီး ထိန်းသိမ်းစောင့်ရှောက်ရတော့မယ်လို့ ယုံကြည်ထားကြပါတယ်။ shwekhitonlinetv.com

၄။ Berglas ရဲ့ ဖဲမျက်လှည့်

David Berglas ဆိုတာ ထင်ရှားတဲ့ မျက်လှည့်သမားတစ်ယောက် အဖြစ် နာမည်ကြီး သူတစ်ယောက် လည်း ဖြစ်ပါတယ်။ ပရိသတ်တွေ သဘောအကျဆုံး သူ့ရဲ့ မျက်လှည့်တစ်ခုကတော့ ဖဲထုပ်အတွင်းမှာရှိတဲ့  ဖဲတွေထဲမှာမှ ရွေးထားတဲ့ ကဒ်ကို  လက်နဲ့ မထိပဲနဲ့ မှန်အောင် ပြောနိုင်သူပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလို မျက်လှည့်ကို မျက်လှည့်ဆရာများများစားစား မပြနိုင်ပဲ Berglas နဲ့ သူ့ရဲ့ မျက်လှည့်ဗီဒီယိုတွေကိုရိုက်ကူးပြသနေတဲ့ Mark Paul  တို့နှစ်ယောက်သာ ဒီပြကွက်ရဲ့ လျှို့ဝှက်ချက်ကို သိတာပဲ ဖြစ်ပါတယ် ။ အခုပြောပြတဲ့ မျက်လှည့်ကို သေချာသိရင်တော့ Youtube မှာ The Berglas of effect လို့ရိုက်ရှာပြီး ကြည့်လို့ရပါတယ် ။ shwekhitonlinetv.com

၅။ The Chartreuse အရက်ချက်နည်း

Chartreuse ဆိုတဲ့ ပြင်သစ် အရက်ဟာဆိုရင် Chartreuse တောင်တန်းနယ်နိမိတ်မှာရှိတဲ့ Voiron နဲ့ Isereလို့ခေါ်တဲ့ စပျစ်ဝိုင်သိုလှောင်ရုံတွေထဲမှာ ချက်လုပ်ခဲ့ကြတာပါ ။ ချက်လုပ်တဲ့ သူတွေကတော့ Carthusian Order က ဘုန်းတော်ကြီးတွေ ဖြစ်ပြီး ၁၇ရာစုကတည်းက စတင်ခဲ့တာလည်း ဖြစ်ပါတယ် ။ ဒီအရက်ရဲ့ အဓိက features တွေကတော့ ဆေးဖက်ဝင် အပင် အမျိုးအမည်ပေါင်း ( ၁၃၀ ) ကျော်ပါဝင်တာကြောင့် ရောဂါပျောက်ကင်းစေတဲ့ ဆေးလို့တောင် နာမည်ကြီးခဲ့တာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒါပေမယ့်လည်း ဒီအထဲမှာပါတဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးချင်းစီရဲ့ နာမည်တွေကို လျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းထားပြီး Grande Chartreuse ဘုရားကျောင်းက ဘုန်းတော်ကြီး ( ၂ ) ပါးသာ သိထားကြတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာတစ်လွှားက လူ ( ၂ ) ယောက်လောက်သာ သိကြတဲ့ စိတ်ဝင်စားဖွယ်ရာ လျှို့ဝှက်ချက်တွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတရစေမယ့် ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။