ကမ္ဘာပေါ်က ဈေးအကြီးဆုံး အလှမွေးငါး (၁၀) မျိုး

ရွှေခတ်ပရိသတ်တွေထဲမှာ အလှမွေး ငါးလေးတွေကို မွေးမြူကြတဲ့ သူတွေရှိမယ်ထင်ပါတယ်။ ဒီတစ်ခေါက်ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဒီလို အလှမွေးငါးလေးတွေကို ချစ်မြတ်နိုးတဲ့ သူတွေနှစ်သက်မယ့် အကြောင်းအရာလေးလဲဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုဖော်ပြပေးမှာက ကမ္ဘာ့စျေးအကြီးဆုံး အလှမွေးငါး (၁၀) မျိုးအကြောင်းဖြစ်နေလို့ပါပဲ။ shwekhitonlinetv.com

၁၀။ Clarion Angelfish – $2,500

နှစ် (၄၀) လောက်ထိသက်တမ်းရှိတက်ကြတဲ့ Clarion Angelfish ကတော့ ပစိဖိတ်မုဒ္ဒရာအတွင်းမှာ အတွေ့များတဲ့ ရေငန်ငါးမျိုးအစားဖြစ်ပါတယ်။ သူတို့ရဲ့အရွယ်အစားကတော့ (၁၀) လက်မ လောက်အထိ ရှိတက်ပါတယ်။ လိမ္မော်ရောင်နဲ့ အပြာရောင် အစင်းလေးတွေပါတဲ့ လှပတဲ့ ငါးမျိုးစိတ်တစ်မျိုးလည်းဖြစ်ပါတယ်။သူတို့ရဲ့ ဈေးနှုန်း ကတော့ တစ်ကောက်ကို အနည်းဆုံး အမေရိကန်ဒေါ်လာ (၂၅၀၀) လောက်ရှိပါတယ်။ shwekhitonlinetv.com

၉။ Wrought Iron Butterflyfish – $2,700

အနက်ရောင်၊ မီးခိုးရောင် အရောင်အဆင်းတွေရှိပြီး အရောင်ပြန်သလိုဖြစ်နေတဲ့ အကြေးခွံတွေကြောင့် အမှတ်တမဲ့ကြည့်မယ်ဆိုရင် သတ္တုနဲ့ပြုလုပ်ထားတဲ့ ငါးလို့ထင်ချင်စရာပါ။ ဒါကိုမှ အဝါရောင်ကွပ်ထားတော့ အတော်လေးကို ကြည့်ရတာ မျက်စိပသာဒရှိလှပါတယ်။ သူတို့တွေကအုပ်စုဖွဲ့ နေ တတ်တဲ့ ငါးမျိုးစိတ်တွေလို့သိရပါတယ်။ အတော်လေးရှားပါးတဲ့ ငါးမျိုးစိတ်လည်းဖြစ်ပြီး ဂျပန်နိုင်ငံ အရှေ့ပိုင်းနဲ့ ပစိဖိတ်သမုဒ္ဒရာတွေမှာ ကျင်လည်ကျက်စားကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၈။ Australian Flathead Perch – $5,000

ဒီငါနဲ့ပတ်သက်ပြီး သိထားတဲ့ အချက်အလက်ကတော့ နည်းပါတယ်။ ပင်မမျိုးစိတ်ကနေ ခွဲဖြာတင်းသက်တဲ့ မျိုးစိတ် (၂) မျိုးလောက်သာရှိတယ်လို့လည်းသိရပါတယ်။ သူတို့တွေကတော့ (၆)လက်မ လောက်အထိ အရွယ်အစားကြီးနိုင်ကြပါတယ်။ အရောင်က လိမ္မော်ရောင် ဖြစ်ပြီး အသက်ကြီးလာလေလေ အရောင် ပိုတောက်လာလာ ဖြစ်တဲ့ရှားပါတဲ့ ငါးမျိုးပါ။ shwekhitonlinetv.com

၇။ Neptune Grouper – $6,000

အရမ်းလှတဲ့ ငါးမျိုးပါ။ ပန်းရောင် နဲ့ လိမ္မော် ရောင် အဆင်းတွေရှိကြပြီး ထူးခြားတဲ့ အစင်းလေးတွေ လည်းပါပါတယ်။ ဒီလိုငါးတွေဟာ ရေ အောက် ပေ (၂၆၀)နဲ့ (၈၀၀) လောက်မှာ နေကြတယ်လို့သိရ ပါတယ်။ ဒီငါးတွေဟာလည်း သက်တမ်းရှည်ငါးမျိုးတွေဖြစ်ပြီး အများဆုံးနှစ် (၃၀) ကျော်လောက်ထိအသက်ရှင်နေထိုင်နိုင်ကြပါတယ်။ shwekhitonlinetv.com

၆။ Golden Basslet – $8,000

ဒီင့းလေးတွေကတော့ အရမ်းသေးငယ်ပြီး ရေနက်ပိုင်းမှာသာ တွေ့ရတတ်တာမို့ အလွန်ဈေးကြီးနေတာဖြစ်ပါတယ်။ ရွှေရောင်အဆင်းမှာမှ အရောင်ပြေးလေးတွေရှိတာမို့ အရမ်းလှတဲ့ ငါးမျိုးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Bladefin Basslet – $10,000

ဒီစာရင်းမှာပါတဲ့ ငါးတွေထဲမှာတော့ အရွယ် အစား အသေးဆုံး ငါးဖြစ်ပါတယ်။ ပါ။ အနည်းဆုံး ရေအောက် ပေ (၅၀၀) အနက်မှ နေတဲ့ ငါးမျိုးဖြစ်ပါတယ်။ အကြီးနိုင်ဆုံးအရွယ်အစားကတော့ (၁.၅) လက်မဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Masked Angelfish – $20,000

အဖြူရောင် ကိုယ်လုံးနဲ့အနက္ရောင် မျက်နှာ ငါးမျိုးပါ။ဒါပေမယ့် သူတို့ကြီးပြင်းမှု အဆင့်တွေ ပေါ် မူတည်ပြီး ပုံစံ က တော့ ပြောင်းလဲမှု အနည်းငယ်ရှိ ပါတယ်။ ဟာဝိုင်ယီ ကျွန်းတွေ က တော့ သူတို့ရဲ့ ဇာတိဖြစ်ပါတယ်။ စီးပွားဖြစ် ရောင်းချတာမျိုး မလုပ်ဖို့ တားမြစ်ထားတဲ့ ငါးမျိုးစိတ်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Peppermint Angelfish – $30,000

အနီရောင် ဒါမှမဟုတ် လိမ္မော်ရောင်မှာ အဖြူအစင်းလေးတွေပါရှိပြီး ကြည့်လို့အလွန်ကောင်းတဲ့ ငါးမျိုးဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် The Waikiki ငါးပြ တိုက်ကို ဒေါ်လာ (၃)သောင်းနဲ့ ပေးပြီး ၀ယ်ဖို့ ကမ်းလှမ်းတဲ့သူရှိပေမယ့် ပြတိုက်က ရောင်းဖို့ငြင်းဆန်ခဲ့လို့ လူအများခုထိ ကြည့်ခွင့်ရနေတဲ့ ရှားပါးငါးမျိုးစိတ်ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Freshwater Polka Dot Stingray – $100,000

အမည်းမှာမှ အဖြူရောင် အကွက်လေးတွေ နဲ့ တော်တော် လေးကိုလှပါတယ်။ ငါးလိပ်ကျောက်နဲ့တူပြီး အရောင်အဆင်းကထူးခြားနေတာလည်းဖြစ်ပါတယ်။ အထူးအာရုံခံ အင်္ဂါ တွေ က တော့ ပါးစပ်နဲ့ နှာ ခေါင်းနား မှာရှိပါတယ်။ တခြား အကောင်တွေက ထုတ်လွှတ်တဲ့ လျှပ်စစ်လှိုင်းတွေကိုခံစားနိုင်ပါတယ်။ သူတို့ရဲ့ ဇာတိမြေ ဘရာဇီးမှာတော့ ဒီငါးတွေကို တင်ပို့ ရောင်းဝယ်တာ မျိုးက တရားမ၀င်ပါဘူး လို့သိရပါတယ်။ shwekhitonlinetv.com

၁။ Platinum Arowana – $400,000

ဈေးအကြီးဆုံးငါးဖြစ်ပါတယ်။ ဒီငါးရဲ့တစ်ချို့မျိုးစိတ်တွေကိုတော့ မြန်မာနိုင်ငံမှာလည်းမွေးမြူကြပါတယ်။ ဒေသတွင်းမှာတော့ Lucky Fish လို့ ခေါ်ကြတာများပါတယ်။ တစ်ကိုယ်လုံး Platinum လိုအဖြူရောင် ဖြစ်နေတဲ့မျိုးစိတ်ကတော့ အတော်လေးကို ရှားပါးလှပါတယ်။ သူတို့တွေရဲ့အရွယ်အစားဟာအများအားဖြင့် (၄) လက်မကနေ (၉) လက်မအတွင်းရှိတက်ပါတယ်။ အရွယ်ရောက်ပြီးအကောင်တစ်ကောင်ကို အမေရိကန်ဒေါ်လာ (၄) သိန်းလောက်ထိတန်ကြေးရှိပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။