ကမ္ဘာ့သမိုင်းမှာ နန်းသက်တိုတောင်းလွန်းခဲ့တဲ့ သနားစရာ ဘုရင် (၇) ပါး

ကမ္ဘာ့သမိုင်းမှတ်တမ်းတွေထဲမှာတော့ ထင်ရှားကျော်ကြားတဲ့ ဧကရာဇ်တွေဆိုတာ မရေမတွက်နိုင်အောင်ကို များပြားလှပါတယ်။ ဒါကလည်း အထွေအထူး ပြောပြနေဖို့ လိုမယ်မထင်တဲ့ အကြောင်းအရာတွေလို့ ထင်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် နိုင်ငံခေါင်းဆောင်တွေ ဧကရာဇ်တွေကတော့ အံ့သြဖို့ကောင်းလောက်အောင် ထီးနန်းစိုးစံချိန် တိုတောင်းမှုကြောင့် သမိုင်းတွင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Pertinax (၈၆) ရက်

ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ ရောမအင်ပါယာကြီးရဲ့ သမိုင်းမှတ်တမ်းတွေကိုပြန်လှန်ကြည့်မယ်ဆိုရင်တော့ အေဒီ (၁၉၃) ခုနှစ်ဟာ အထူးခြားဆုံးနှစ်တစ်နှစ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါနှစ်တစ်နှစ်အတွင်းမှာ ဧကရာဇ် (၅) ပါးအပြောင်းအလဲဖြစ်ပေါ်ခဲ့လို့ပါပဲ။ ဒါကြောင့်လဲ အေဒီ (၁၉၃) ခုနှစ်ကို “The Year of the Five Emperors” လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒီဧကရာဇ် (၅) ပါးထဲမှာတော့ Pertinax လို့အမည်ရတဲ့ ဧကရာဇ်က နန်းစံတဲ့သက်တမ်း အတိုတောင်းဆုံးဖြစ်ခဲ့ပြီး သူရဲ့နန်းသက်ဟာ (၈၆) ရက်သာကြာမြင့်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ King Frederick of Charles (၆၆) ရက်

ဖင်လန်နိုင်ငံသမိုင်းရဲ့ တစ်ခုတည်းသော ဘုရင်စနစ်မှာ ထီးနန်းစိုးစံခဲ့တဲ့ ဘုရင်ကတော့ Frederick Charles Louis Constantine ပဲဖြစ်ပါတယ်။ သူဟာ Kingdom of Prussia (ယခင်ဂျာမဏီဖက်ဒရယ်ပြည်ထောင်စု၏လက်အောက်ခံဒေသ) မှာမွေးဖွားခဲ့သူဖြစ်ပြီး ဖင်လန်နိုင်ငံကို တစ်ကြိမ်မှ မရောက်ဖူးသူဖြစ်ပေမယ့် ဖင်လန်နိုင်ငံရဲ့ ဘုရင်အဖြစ် ဂျာမဏီအာဏာပိုင်တွေက ရွေးချယ်တင်မြောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဘုရင်သက်တမ်းက (၆၆) ရက်ပဲကြာမြင့်ခဲ့ပါတယ်။ ဖင်လန်နိုင်ငံရဲ့ ရီပက်ဘလစ်ကန်ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် ဘုရင်စနစ်ဖျက်သိမ်းခဲ့သလို အစိုးရကအာဏာကို သိမ်းဆည်းလိုက်ပါတယ်။ shwekhitonlinetv.com

၅။ Didius Julians Of Rome (၆၅) ရက်

“The Year of the Five Emperors” ရဲ့ ဧကရာဇ်တစ်ပါးဖြစ်ပြီး Partinax လုပ်ကြံခံရချိန်မှာ အစောင့်တပ်သား (၂၅,၀၀၀) ရဲ့ထောက်ခံ အဆိုပြုမှု နဲ့ ဧကရာဇ်ဖြစ်လာတဲ့သူပါ။ ဒါပေမယ့် သူလည်း ထီးနန်းကို ကြာကြာစိုးစံခဲ့ရခြင်းမရှိဘဲ နန်းသက် (၆၅) ရက်အကြာမှာ ဖယ်ရှာခြင်းခံခဲ့ရပါတယ်။ shwekhitonlinetv.com

၄။ Pope Urban VII (၁၂) ရက်

Pope Urban VII ကတော့ ပုပ်ရဟန်းမင်းကြီးတွေထဲမှာ ဆေးလိပ်နဲ့ဆေးရွက်ကြီးကိုနည်းမျိုးစုံဖြင့် သောက်သုံးခြင်းအား ပထမဆုံးတားမြစ်ခဲ့တဲ့ သူအဖြစ်ကျော်ကြားလှပါတယ်။ ဒီလို တားမြစ်တာဟာ ကျန်းမာရေးအတွက်ကြောင့်မဟုတ်ဘဲ သူ့အနေနဲ့ ဆေးလိပ်သောက်သုံးတဲ့ ပတ်ဝန်းကျင်ကို မနှစ်မြို့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ပုပ်ရဟန်းမင်းကြီးတွေရဲ့ နိုင်ငံတော်တစ်ခုလို့ ဆိုရမယ့် ဗာတီကန်စီးတီး ကိုတော့ သူ့အနေနဲ့ (၁၂) ရက်သာ အုပ်ချုပ်ခဲ့ရပါတယ်။ shwekhitonlinetv.com

၃။ Emperor Duc Duc of Vietnam (၃) ရက်

၁၈၈၃ ခုနှစ်မှာတော့ ဖခင်ရဲ့ ထီနန်းအရိုက်အရာကို ဆက်ခံခဲ့တဲ့ ဗီယက်နမ် အိမ်ရှေ့မင်းသား Duc Duc ဟာ ထီးနန်းကို (၃) ရက်သာစိုးစံခဲ့ရပြီး အကျဥ်းသားအဖြစ် ကွပ်- မျက်ခြင်းခံခဲ့ရပါတယ်။ သူဟာ လုပ်ထုံးလုပ်နည်း စည်းမျဥ်းစည်းကမ်းများကို ဖောက်ဖျက်ခဲ့သလို ပြင်သစ်ကိုလိုနီဝါဒမှာ ရုပ်သေးရုပ်အဖြစ် နိုင်ငံကို အဆိပ်သင့်စေခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဗီယက်နမ်ရဲ့ အာဏာအရှိဆုံး တရားရုံးက နန်းချကာ ေ ဒဏ်ပေးခဲတာဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၂။ Emperor Mo of China (၂) နာရီ

တရုတ်နိုင်ငံရဲ့ သမိုင်းမှာ ဧကရာဇ်တစ်ပါးဖြစ်တဲ့ မို (Mo) ဟာ သက်တမ်းအတိုဆုံး အုပ်စိုးသူဖြစ်ခဲ့ပါတယ်။ (၁၂၃၄) ခုနှစ် ဖေဖော်ဝါရီလ (၉) ရက်နေ့မှာ မွန်ဂိုတွေနဲ့ မဟာမိတ်တပ်တွေဟာ Jin အင်ပါယာရဲ့ မြို့ရိုးကို ချိုးဖျက်ကာဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီသတင်းကိုကြားတဲ့ အချိန်မှာပဲ Jin အင်ပါယာရဲ့ ဧကရာဇ် Aizong က ကြိုးဆွဲ ချကာ ဘဝ ကူးပြောင်းသွားပါတယ်။ ဒါကြောင့် မို (Mo) ဟာ လက်ကျန်စစ်သားတွေကို စုရုံးပြီး စစ်ပွဲဆင်နွှဲဖို့ ဧကရာဇ်အဖြစ် ခံယူခဲ့ပါတယ်။ ဧကရာဇ်ခံယူပြီး နာရီပိုင်းလောက်အကြာမှာပဲ မို (Mo) ဟာ Jin အင်ပါယာကို ကာကွယ်ရင်း တိုက်ပွဲအတွင်းမှာကျဆုံးခဲ့ပါတယ်။ shwekhitonlinetv.com

၁။ King Louis XIX France (၂၀) မိနစ်

ပြင်သစ် ဘုရင် Chatles X of France ရဲ့ သားဖြစ်တဲ့ Louis Antoine ဟာ ဖခင်ဖြစ်သူရဲ့ အရိုက်အရာကို ပြင်သစ်တော်လှန်ရေးကာလအတွင်းမှာ ဆက်ခံခဲ့တဲ့သူဖြစ်ပါတယ်။ အချို့ကတော့ ဒါဟာ နိုင်ငံရေး နည်းဗျူဟာလှည့်ကွက်တစ်ခုအဖြစ် Louis Antone က ဘုရင်အဖြစ် ခေတ္တခဏဟန်ဆောင်ခြင်းသာဖြစ်တယ်လို့ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ Lousi Antoine ဟာ ဘုရင်အဖြစ် မိနစ် (၂၀) လောက်သာ သတ်မှတ်ခြင်းခံခဲ့ပြီး သူကိုယ်တိုင် ဘုရင်ရာထူးကို ပြန်လည် စွန့်လွှတ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Be the first to comment

Leave a Reply