လုံးဝ သွားရောက်ဖို့ မသင့်တဲ့ ကမ္ဘာပေါ်က နေရာ (၇) ခု

ယူရေနီယံ၊ ပလူတိုနီယံ စတဲ့သတ္တုဒြပ်စင်တွေဟာ လူသားတွေကိုအကျိုးပြုနိုင်တဲ့ စွမ်းအင်တွေအများအပြားထုတ်ပေးနိုင်သလိုပဲ ဒီအရာတွေကို သေချာစွာကိုင်တွယ်ထိန်းချုပ်နိုင်ခြင်းမရှိရင်တော့ လူသားတွေအတွက်အန္တရာယ်အလွန်များတဲ့ ဆိုးကျိုးတွေကိုပေးနိုင်ပါတယ်။ အခုတစ်ခေါက်မှာတော့ ဒီအရာတွေကိုကောင်းမွန်စွာမထိန်းချုပ်နိုင်ခဲ့တာကြောင့် ယနေ့တိုင် အန္တရာယ်ဆိုးကျိုးတွေပေးနိုင်တဲ့ ပတ်ဝန်းကျင်တွေဖြစ်ခဲ့ရတဲ့ နေရာတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ The Somali Coast , Somali

အာဖရိကတိုက်မှာရှိတဲ့ ဆိုမာလီနိုင်ငံကတော့ အတော်ဆိုးတဲ့ ပင်လယ်ဓားပြတွေကြောင့် ကမ္ဘာနဲ့ချီပြီးကို နာမည်ကျော်ကြားလှပါတယ်။ ဒါတင်မကသေးပါဘူး ဆိုမာလီကမ်းရိုးတန်းကလည်း ရေဒီယိုသတ္တိကြွပစ္စည်းတွေကြောင့် နာမည်ကျော်ကြားလှပါသေးတယ်။ ဆိုမာလီလိုဆင်းရဲတဲ့နိုင်ငံက နျူကလီးယားလက်နက်မပိုင်ဆိုင်သလို နျူကလီးယားဓာတ်ပေါင်းဖိုတွေလည်းရှိမနေပါဘူး။ ရေဒီယိုသတ္တိကြွနေရတဲ့အကြောင်းအရင်းက ဒီနေရာမှာ နျူကလီးယားစွန့်ထုတ်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ဆွစ်ဇာလန်နဲ့ အီတလီနိုင်ငံတွေက သင်္ဘောအစီးရေ (၃၀) ထက်မနည်းနစ်မြုပ်ခဲ့ဖူးတာကြောင့် လို့သိရပါတယ်။ shwekhitonlinetv.com

၂။ Mailuu-Suu , Kyrgyzstan

ကာဇက်စတန်နိုင်ငံရဲ့ မဲလ်လိုဆူး (Mailuu-Suu) ဒေသဟာ ယူရေနီယံ အမြောက်အများထွက်ရှိတဲ့ဒေသလို့သိရပါတယ်။ ယခင်ဆိုဗီယက်ပြည်ထောင်စုအတွင်းမှာ ရှိခဲ့စဥ်က ဒီနေရာမှာ ယူရေနီယံတူးဖော်ရေးလုပ်ငန်းတွေလုပ်ခဲ့သလို များပြားတဲ့ စွန့်ပစ်ပစ္စည်းတွေကိုလည်း ဒီနေရာမှာသာ စုပုံထားရှိခဲ့တာကြောင့် အဆိပ်အတောက် အများဆုံးနေရာအဖြစ်ကျန်ရှိနေခဲ့ပါတယ်။ shwekhitonlinetv.com

၃။ Siberian Chemical Combine , Russia

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား မှာရှိတဲ့ Siberian Chemical Combine ကတော့ အဆိပ်ဓာတ်ငွေ့တွေနဲ့ ရေဒီယိုသတ္တိကြွစွန့်ပစ် ပစ္စည်းတွေသိုလှောင်ထားတဲ့နေရာဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ ဒီနေရာက ရေကန်တွေဟာ ရေဒီယိုသတ္တိကြွ ပျော်ရည်လီတာသန်းပေါင်းများစွာ ပျော်ဝင်နေပြီး ရေဒီယိုသတ္တိကြွပစ္စည်းတန်ချိန် (၁) သိန်းကျော် စုပုံနေတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၄။ Hanford , USA

ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တွေဟာ ဒီနေရာကို နျူကလီးယားလက်နက်တွေစမ်းသပ်ဖို့ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ မှတ်တမ်းတွေအရဆိုရင်တော့ အမေရိကန်နိုင်ငံရဲ့ Hanford ဒေသမှာ နျူကလီးယားဗုံး (၆) သောင်းလောက် ထုတ်လုပ်ဖို့အတွက် စမ်းသပ်မှုပေါင်းများစွာကို ပြုလုပ်ခဲ့တာတယ်လို့ ဆိုပါတယ်။ ဘေးထွက်ဆိုးကျိုး အနေနဲ့တော့ ဒီဒေသအနီးတစ်ဝိုက်က ပြည်သူတွေဟာ ကင်ဆာရောဂါလို ဝေဒနာတွေကိုခံစားရပြီး အသက်တွေဆုံးရှုံးခဲ့ရပါတယ်။ shwekhitonlinetv.com

၅။ Chernobyl , Ukraine

လွန်ခဲ့တဲ့ နှစ် (၃၀) ကျော်လောက်က ဆိုဗီယွပြည်ထောင်စုက ချာနိုဘိုင်းလ် (Chernobyl) နျူကလီးယားဓာတ်အားပေးရုံဟာ လုံခြုံရေးစနစ်ချို့ယွင်းမှုကြောင့် Safely Check ပြုလုပ်နေစဥ်မှာပဲ ဓာတ်ပေါင်းဖို အမှတ် (၄) ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှု​ကတစ်ဆင့် ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်တွေဟာ လေထုထဲကို အထိန်းအကွပ်မဲ့ ပျံ့နှံ့သွားခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုထဲက နိုင်ငံအတော်များများအပြင် ဥရောပနိုင်ငံအချို့လည်း ဒီအကျိုးဆက်ကိုခံစားခခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၆။ Polygon , Kazakhstan

ဆိုဗီယက်တွေဟာ တစ်ချိန်က ကာဇက်စတန် (Kazakhstan) နိုင်ငံပိုင် ပိုလီဂွန် (Polygon) ဒေသမှာ နျူလက်နက်စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ဖူးပါတယ်။ မှတ်တမ်းတွေအရဆိုရင်တော့ စမ်းသပ်ခဲ့တဲ့ လက်နက်အရေအတွက်က (၄၀၀) ထက်မနည်းဘူးလို့သိရပါတယ်။ ဒါကြောင့် ပညာရှင်တွေက ဒီနေရာကို လူသားတွေနေထိုင်ဖို့မသင့်ဘူးလို့ မှတ်ချက်ပြုခဲ့ပေမယ့် ကာဇက်စတန်ပြည်သူ (၅) သိန်းလောက်ကတော့ နေထိုင်ခဲ့ကြပါတယ်။ ဒီထဲက (၂) သိန်းလောက်ဟာ ဓာတ်ရောင်ခြည်သင့်မှုကို ခံစားခဲ့ရတာကြောင့် လက်ရှိအချိန်မှာ ဒီနေရာကိုစွန့်ခွာနေကြပြီဖြစ်တယ်လို့ သိရသလို အစိုးရကလည်း ကမ္ဘာလှည့်ခရီးသွားတွေ ဒီနေရာကို လာရောက်လည်ပတ်ခြင်းမပြုဖို့ ပိတ်ပင်ထားလိုက်ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Fukushima , Japan

ဂျပန်နိုင်ငံ ဖူကူရှီးမား (Fukushima) ဓာတ်ပေါင်းဖိုကတော့ ၂၀၁၁ ခုနှစ်အတွင်းကမှ ပေါက်ကွဲပျက်စီးခဲ့တာဖြစ်ပါတယ်။ အင်အား မဂ္ဂနီကျု (၉.၁) လောက်ရှိတဲ့ ငလျင်ကြောင့် ဆူနာမီရေလှိုင်းတွေဖြစ်ပေါ်ပြီး အိုကူးမားကျွန်းပေါ်မှာရှိတဲ့ ဖူကူရှီးမား နျူးကလီးယား ဓာတ်အားပေးစက်ရုံကို ပေါက်ကွဲစေခဲ့တာ​ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ရေထုနဲ့လေထု ညစ်ညမ်းမှုတွေများစွာဖြစ်ပေါ်ခဲ့ရပြီး ဂျပန်အစိုးရကတော့ ဖူကူရှီးမား ဓာတ်အားပေးစက်ရုံနဲ့ ကီလိုမီတာ (၃၀) အကွာကို တားမြစ်နယ်မြေအဖြစ်ပိတ်ပင်လိုက်ပါတော့တယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။