လမ်းပေါ်မှာ မျောက်မောင်းမလေး တစ်ကောင် ထိုင်နေလို့ ရဲက သွားကြည့်တဲ့အခါ

တောထဲမှာသာနေထိုင်ကျက်စားကြတဲ့ တောရိုင်းတိရိစ္ဆာန်တွေဟာ တစ်ခါတစ်ရံမှာတော့ လူသားတွေနဲ့နီးစပ်တဲ့ အဝေးပြေးလမ်းမလိုနေရာမျိုးတွေကို မျက်စိလည်လမ်းမှားပြီးရောက်ရှိလာတက်ကြပါတယ်။ အဲ့လိုအခါမျိုးမှာတော့ သူတို့ဟာ ပုံမှန်နေထိုင်ရာနေရာနဲ့ ကွဲပြားခြားနားတဲ့ဝန်းကျင်သစ်ကြောင့် ကြောက်ရွံ့ထိတ်လန့်နေတက်ကြပါတယ်။ shwekhitonlinetv.com

အဝေးပြေးလမ်းတွေဟာ လူသားတွေအတွက်တော့ ကားတွေကိုအရှိန်နှုန်းမြှင့်ပြီး လိုရာခရီးကို အချိန်ကုန်သက်သာစွာနဲ့ အလျင်အမြန်သွားနိုင်အောင်လို့ ဖန်တီးပြုလုပ်ထားတဲ့ နေရာတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအရှိန်ပြင်းပြင်းမောင်းနှင်နေကြတဲ့ လမ်းတွေပေါ်မှာ တောရိုင်းတိရိစ္ဆာန်တွေအနေနဲ့ ရုတ်တရက်ဖြတ်ကူး၊ ဖြတ်သွားမယ်ဆိုရင်တော့ အလွန်အန္တရာယ်များပြားလှပါတယ်။ shwekhitonlinetv.com

အထူးသဖြင့်သွားလာလှုပ်ရှားမှုနှေးကွေးတဲ့ သတ္တဝါငယ်လေးတွေအတွက်ဆိုရင်ပိုလို့တောင် အန္တရာယ်များလှပြီး မတော်တဆဖြစ်ကာ သေဆုံးနိုင်ခြေရာခိုင်နှုန်းပိုမိုမြင့်မားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

Sloth (မျောက်မောင်းမ) လေးတွေဟာ သွားလာလှုပ်ရှားမှုအလွန်နှေးကွေးတဲ့ နို့တိုက်သတ္တဝါတွေဖြစ်ကြပြီး တောင်အမေရိကတိုင်က အပူပိုင်းမိုးသစ်တောတွေထဲမှာ နေထိုင်ကျက်စားကြတဲ့ သတ္တဝါလေးတွေဖြစ်ပါတယ်။ သူတို့ဟာ အများအားဖြင့်သစ်ပင်တွေပေါ်မှာသာနေထိုင်ကြပြီး တစ်နေ့တာအချိန်အတော်များများကိုလည်း အိပ်စက်ခြင်းဖြင့် ကုန်ဆုံးစေတဲ့သတ္တဝါလေးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

တစ်နေ့မှာတော့ အီကွေဒေါနိုင်ငံအလယ်ပိုင်း၊ Quevedo ပြည်နယ်က အဝေးပြေးလမ်းမတစ်ခုမှာ Sloth လေးတစ်ကောင်ဟာ မျက်စိလည်လမ်းမှားပြီး လမ်းလယ်ခေါင်ကိုရောက်ရှိလာလို့ ရဲတွေလာရောက်ကယ်ဆယ်ပေးခဲ့ရတဲ့ အဖြစ်လေးဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ shwekhitonlinetv.com

ဒီ Sloth လေးဟာ အလွန်ကြောက်ရွံ့နေပြီး လမ်းလယ်မှာရှိတဲ့ သံတိုင်လေးကိုမလွှတ်တမ်းဖက်ထားတာဖြစ်ပါတယ်။ ဒါကိုမြင်တွေ့တဲ့ ယာဉ်မောင်းအချို့က ဒီတိရိစ္ဆာန်လေးကို ကယ်ဆယ်ပေးဖို့အတွက် အနီးနားမှာရှိတဲ့ရဲအရာရှိတွေကိုဖုန်းဆက် အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ရဲအရာရှိတွေဟာမကြာခင်မှာရောက်ရှိလာခဲ့ပြီးချစ်စရာကောင်းတဲ့ Sloth လေးကို တိရိစ္ဆာန်ကုဆရာဝန်ထံပို့ဆောင်ကာ ကျန်းမာရေးစစ်ဆေးခဲ့ပြီးနောက် တောထဲကို သေသေချာချာပြန်လည် လွှတ်ပေးခဲ့ကြပါတယ်။ shwekhitonlinetv.com

ဒီ အဖြစ်အပျက် မြင်ကွင်းတွေကိုမြင်တွေ့ရတဲ့ အင်တာနက်အသုံးပြုသူတွေကတော့ အီကွေဒေါနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေကို ချီးကျူးမှုတွေပြုလုပ်ခဲ့ကြပြီး ကြည်နူးစရာကောင်းတဲ့မြင်ကွင်းလေးတွေအဖြစ် မှတ်ချက်ပြုခဲ့ကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။