ကမ္ဘာတလွှားရှိ အသက်အန္တရာယ်အပေးနိုင်ဆုံး အစားအစာ ၁၂ မျိုး

အစားတလုတ်အတွက်နဲ့ ဒုက္ခရောက်ရတဲ့ အခြေအနေတွေကို အားလုံး မြင်ဖူးကြားဖူးကြမယ်ထင်ပါတယ်နော်။ အစာလည်းဆေး ဆေးလည်းအစာ ဆိုပေမဲ့ တချို့အစားအစာတွေကတော့ အသက်အန္တရာယ်ထိခိုက်တဲ့အထိ အန္တရာယ်များလွန်းလှပါတယ်။ ဒီအစားအသောက်တွေကို လူတွေဟာ သတိမပြုမိပဲ နှစ်ခြိုက်စွာ စားသုံးနေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာတလွှားက အသက်အန္တရာယ်အပေးနိုင်ဆုံး အစားအစာ ၁၂ မျိုးကို ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁၂ ။ Carambola

မြန်မာနိုင်ငံမှာတော့ အချဥ်ပေါင်းသည်တွေဆီမှာ တွေ့ရများတဲ့ စောင်းလျားသီးဟာ တော်တော်များများကြိုက်ကြတဲ့ အစားအစာတခုပါ။ ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ဒီအသီးဟာ အန္တရာယ်မရှိတဲ့အပြင် ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့ အသီးလို့တောင် ပြောလို့ရပါတယ်။ ဒါပေမဲ့ အစာအိမ်နာ သို့မဟုတ် အစာအိမ်ရောင်တတ်တဲ့ သူတွေအတွက်ကတော့ လုံးဝမစားသင့်တဲ့ အစားအစာတခုပဲ ဖြစ်ပါတယ်။ စောင်းလျားသီးမှာ ပါဝင်တဲ့ oxalic acid ဟာ အစာအိမ်ရောဂါရှိသူများအတွက်တော့ အကြီးအကျယ် ဒုက္ခရောက်စေနိုင်ပါတယ်။ ဒါ့အပြင် ပုံမှန်ကျန်းမာရေးကောင်းမွန်သူတွေအနေနဲ့လည်း စောင်းလျားသီးကို မကြာခဏစားမယ်ဆိုရင် ကျောက်ကပ်ရောဂါတွေ ဖြစ်ပေါ်နိုင်ပါတယ်။ shwekhitonlinetv.com

၁၁။ Feseekh

ဒီဟင်းလျာကတော့ အနံ့ပြင်းတဲ့ အီဂျစ်ရိုးရာအစားအစာဖြစ်ပါတယ်။ ကဘီလူးငါးအမျိုးအစားကို အချဥ်ဖောက်ထားတဲ့ ဟင်းလျာတမျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နိုင်းမြစ်ရေကြီးပြီးတဲ့နောက် မြစ်ကြောတလျှောက်မှာ အဆိုပါငါးအမျိုးအစားတွေဟာ ကမ်းတင်ပြီးကျန်ရစ်ခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ Feseekh ဟင်းလျာဟာ အမျိုးသားနေ့လို အထိမ်းအမှတ်နေ့တွေမှာ စားသုံးကြတဲ့ အီဂျစ်ရိုးရာအစားအစာတခု ဖြစ်လာပါတယ်။ အစိုးရကျန်းမာရေးအသိပညာပေးသူများက ဒီဟင်းလျာဟာ အသက်အန္တရာယ်ထိခိုက်နိုင်တာကြောင့် စားသောက်ခြင်းကို တားမြစ်ထားကြပါတယ်။ ဒါပေမဲ့လည်း ရိုးရာအစားအစာတခုဖြစ်တာကြောင့် အလုံးစုံပိတ်ပင်တားဆီးနိုင်ဖို့ကတော့ မဖြစ်နိုင်ခဲ့ပါဘူး။ shwekhitonlinetv.com

၁၀။ Bullfrog

ကြီးမားတဲ့ Bullfrog ဖားအမျိုးအစား ဟင်းလျာဟာ အာဖရိကန်နဲ့ အာရှနိုင်ငံတွေမှာ စားသုံးကြတဲ့ အစားအစာတမျိုးဖြစ်ပါတယ်။ Bullfrog ဟင်းလျာမှာ ဖားရဲ့ ပေါင်တံတွေကိုပဲ စားသုံးလို့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Bullfrog ဖားရဲ့ အတွင်းအင်္ဂါတွေနဲ့ အရေပြားဟာ အဆိပ်တွေနဲ့ ပြည့်နှက်နေတာကြောင့်ပါ။ ဒီဟင်းလျာကို ကျွမ်းကျင်သူတွေ ချက်ပြုတ်တာ မဟုတ်ခဲ့ဘူးဆိုရင်တော့ အဆိပ်ခွက်ကို သောက်လိုက်ရသလို ဖြစ်စေတဲ့အထိ အန္တရာယ်များလွန်းလှပါတယ်။ shwekhitonlinetv.com

၉။ Fugu

Blowfish ဒါမှမဟုတ် Tiger puffer လို့ခေါ်တဲ့ ဒီငါးလေးတွေဟာ ဂျပန်၊ တရုတ် နဲ့ ကိုရီးယားနိုင်ငံတွေရဲ့ နာမည်ကြီးလူကြိုက်များတဲ့ ဟင်းလျာတွေထဲက တခုဖြစ်ပါတယ်။ ဒီငါးကို ချက်ပြုတ်မယ်ဆိုရင်တော့ ငါးရဲ့ Tetrodotoxin အဆိပ်တွေနဲ့ ပြည့်နေတဲ့အစိတ်အပိုင်းတွေကို ပေါက်မထွက်စေပဲ လှီးထုတ်ပြစ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီဟင်းလျာကို ချက်ပြုတ်မယ့် စားဖိုမှူးဟာ အတွေ့အကြုံရင့်ကျက်ပြီး ကျွမ်းကျင်အဆင့်ဖြစ်နေမှ ချက်ပြုတ်ခွင့်ရှိပါတယ်။ ဘယ်လိုပဲ သေချာချက်ပြုတ်ထားတဲ့ ဟင်းလျာဖြစ်နေပါစေ ဂျပန်နိုင်ငံမှာတော့ Fugu ရဲ့ အဆိပ်သင့်ပြီး သေဆုံးတဲ့အရေအတွက်ဟာ အများအပြားရှိလို့နေပါတယ်။ shwekhitonlinetv.com

၈။ Casu marzu

Casu marzu ဆိုတဲ့ အမည်ဟာ ဆာဒီနီယံ ဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်ကတော့ ပုပ်သိုးနေတဲ့ဒိန်ခဲ လို့ အမည်ရပါတယ်။ ယင်ကောင် လောက်ကောင် သေးသေးလေးတွေ ပေါက်ဖွားနေတဲ့ ပုပ်သိုးဒိန်ခဲထဲကို အမွှေးအကြိုင်ထည့်ကာ စားသုံးရတဲ့ အစားအစာဖြစ်ပါတယ်။ အရသာကောင်းမွန်တဲ့ ဟင်းလျာဖြစ်ပေမဲ့ အန္တရာယ်ရှိတဲ့ အစားအစာတခုပါ ။ ဒီဟင်းလျာကြောင့် ဓာတ်မတည့်ခြင်း ၊ အစာအဆိပ်သင့်ခြင်းနဲ့ ပိုးလောက်လမ်းပိုးဝင်ခြင်း စတဲ့ ရောဂါတွေ ဖြစ်ပေါ်နိုင်ပါတယ်။ shwekhitonlinetv.com

၇။ Pangium edule

Pangium edule ဟာ အသီးမဟုတ်ပဲ keluak ပင်ရဲ့ မျိုးစေ့ပဲ ဖြစ်ပါတယ်။ တောင်အာရှအစားအစာ တမျိုးဖြစ်ပြီး ဟိုက်ဒရိုဂျင် ဆိုင်ရာနိုက် တွေနဲ့ ပြည့်နှက်နေတဲ့ အစားအစာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို စားမယ်ဆိုရင်တော့ အခွံတွေကို ဖယ်ထုတ်ပြီး အရင်ဆုံး ရေနွေးဆူဆူမှာ ပြုတ်ရပါတယ်။ ထို့နောက်မှာတော့ ပြာပူထဲမှာ မြှုပ်နှံထားပြီး အပေါ်က ငှက်ပျောရွက်တွေအုပ်ဆိုင်းကာ ရက်ပေါင်း ၄၀ ထိ ထားရပါတယ်။ ဒီလို ရှည်လျားလှတဲ့ ပြင်ဆင်မှုပြီးမှသာ ဒီဟင်းလျာကို စိတ်ချလက်ချ စားသုံးနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Crow meat pie

လစ်သူရေးနီးယားနိုင်ငံရဲ့ တချို့နေရာတွေမှာ ကျီးကန်းသားပိုင်မုန့် ( Crow meat pie ) ဟာ အမျိုးသား ခွန်အားတိုးစေဖို့အတွက် စားသုံးတဲ့ အစားအစာဖြစ်ပါတယ်။ လစ်သူရေးနီးယား အာဏာပိုင်တွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များလွန်းတဲ့ ကျီးကန်သားစားသုံးခြင်းကို တားမြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဒီဟင်းလျာကြောင့် ထိခိုက်သူ နည်းပါးတာဖြစ်လို့ ဒီနေ့ထက်ထိ ကျီးကန်းသားပိုင်မုန့်ကို စားသုံးနေကြဆဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Raw blood soup

ဘဲသွေး ငန်းသွေးတွေကို စွပ်ပြုတ်လုပ်ပြီး သောက်သုံးခြင်းဟာ ဗီယက်နမ်တွေရဲ့ ဟင်းလျာတမျိုးဖြစ်ပါတယ်။ အယူအဆတခုအရ အဆိုပါသွေးစိမ်းစွပ်ပြုတ်ကို ချက်ပြုတ်ပေးတဲ့ စာဖိုမှူးနဲ့ စွပ်ပြုတ်သောက်သုံးသူတို့ဟာ ခွန်အားတွေတိုးစေတယ်ဆိုတဲ့ ယုံကြည်မှုတခု ရှိလို့နေပါတယ်။ ဒီဟင်းလျာ သောက်သုံးခြင်းကြောင့် ငှက်တွေဆီကနေတဆင့် တုပ်ကွေးရောဂါ ကူးစက်ခံရနိုင်ပါတယ်။ ဒါပေမဲ့လည်း သွေးစိမ်းစွပ်ပြုတ်ကြိုက်တဲ့သူတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Brown roll-rim

ဒီမှိုအမျိုးအစားဟာ အဆိပ်တွေနဲ့ ပြည့်နှက်နေပြီး အန္တရာယ်လည်း များလွန်းလှပါတယ်။ မှားယွင်းစွာ ချက်ပြုတ်စားသောက်မိမယ်ဆိုရင်တော့ လူ့ခန္ဓာကိုယ်တခုလုံးကို အဆိပ်တွေနဲ့ ပြည့်နှက်သွားစေပါတယ်။ ဒီအဆိပ်က အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေပြီး အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။ shwekhitonlinetv.com

၃။ Igunaq

ဒီဟင်းလျာကတော့ အာတိတ်လူမျိုးတွေရဲ့ ရိုးရာအစားအစာပဲ ဖြစ်ပါတယ်။ အာတိတ်ရေခဲပြင်တွေမှာတွေ့ရတဲ့ ဖျံရဲ့ အသား ဒါမှမဟုတ် သမင်ရဲ့ အသားတွေကို ကစော်ဖောက်ထားတဲ့ အစားအစာတခုပါ။ ဒါပေမဲ့လည်း ဒီဟင်းလျာကို ငယ်စဥ်ကတည်းက စားသုံးလာတဲ့သူတွေဆိုရင်တော့ ဆိုးကျိုးအနေနဲ့ သိသိသာသာ မတွေ့ရပါဘူး။ Igunaqဟင်းရရှိဖို့အတွက် ကစော်ဖောက်ရတဲ့အခါ အဆိပ်အတောက်တွေ ထွက်လာစေပြီး အဆိုပါ အဆိပ်တွေဟာ နေမကောင်းဖြစ်စေတဲ့အပြင် အသက်ဆုံးရှုံးစေတဲ့အထိပါ အန္တရာယ်များလွန်းလှပါတယ်။ shwekhitonlinetv.com

၂။ Ackee fruit

ဂျမေကန်နိုင်ငံရဲ့ ရိုးရာအသီးတခုဖြစ်ပါတယ်။ ဒီအသီးမှာ အဆိပ်တွေနဲ့ ပြည့်နှက်နေပြီး အဆိပ်အတောက်ဖြစ်စေတဲ့ ဟိုက်ပိုဂလိုက်စင်း အေ နဲ့ ဟိုက်ပိုဂလိုက်စင်း ဘီတို့ ပါဝင်နေပါတယ်။ Ackee သီးဟာ စားလို့ရပေမဲ့ အစေ့ကတော့ အဆိပ်ဖြစ်စေတာကြောင့် စားသုံးဖို့ မသင့်ပါဘူး။ ဒီအသီးကို စားမိတယ်ဆိုရင်တော့ ဂျမေကန်အော့အန်ရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Bat soup

လင်းနို့တွေဟာ အာရှနိုင်ငံတွေရဲ့ အစားအစာမှာ ပါဝင်လေ့ရှိတဲ့ အသားတမျိုးဖြစ်ပြီး ဂူထဲက ကြက်တွေလို့လည်း လင်းနို့်တွေကို ခေါ်ဝေါ်ကြပါတယ်။ စာဖိုမှူးတွေဟာ လင်းနို့ခန္ဓာကိုယ်တခုလုံးကို စွပ်ပြုတ်ထဲထည့်ပြီး ချက်ပြုတ်လေ့ရှိကြပါတယ်။ လင်းနို့သားတွေဟာ အရသာရှိပြီး နာကျင်မှုကို သက်သာစေတယ်လို့လည်း စားသုံးသူတွေက ယူဆကြပါတယ်။ ဒါပေမဲ့ လင်းနို့်တွေဟာ ဘက်တီးရီးယားတွေကို သယ်ဆောင်တဲ့ အကောင်တွေဖြစ်ပါတယ်။ ဒါ့ကြောင့် လင်းနို့ဟင်းလျာတွေကလည်း ကျန်းမာရေးနဲ့ မညီညွတ်ပဲ အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ အန္တရာယ်ကြီးမားပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။