သမိုင်းဝင် ကမ်းတက်တိုက်ပွဲ D-Day နဲ့ ပက်သတ်တဲ့ ထူးခြားချက်များ

လွန်ခဲ့တဲ့နှစ်ပေါင်း (၇၇) နှစ်၊ (၁၉၄၄) ဇွန်လ (၆) ရက်နေ့မှာတော့ အမေရိကန်၊ ဗြိတိန်၊ ကနေဒီယန် တို့ရဲ့ မဟာမိတ်တပ်တွေဟာ ပြင်သစ်နိုင်ငံမြောက်ပိုင်းက နော်မန်ဒီကမ်းခြေကို ထိုးဖောက်ပြီး ကမ်းတက်စစ်ပွဲကြီး ဆင်နွှဲခဲ့ကြပါတယ်။ နက်ပကျွန်းဂြိုဟ်စစ်ဆင်ရေးလို့ အမည်ရတဲ့ ဒီစစ်ပွဲဟာ နောင်တစ်ချိန်မှာ သမိုင်းတွင်ကျန်ရစ်မယ့် နော်မန်ဒီကမ်းတက်တိုက်ပွဲပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီတိုက်ပွဲကြီးဟာ ကမ္ဘာစစ်သမိုင်းမှာ အကြီးမားဆုံး ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးဖြစ်ခဲ့ပြီး ကမ်းတက်တိုက်ပွဲတွေထဲမှာ အကြီးမားဆုံးလည်းဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲအတွက် လပေါင်းများစွာအချိန်ယူ ပြင်ဆင်ခဲ့ရပြီး အခက်အခဲအမျိုးမျိုးကိုလည်း ဖြတ်ကျော်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီစစ်ဆင်ရေးရဲ့ရည်ရွယ်ချက်ကတော့ ဂျာမန်လက်အောက်ရောက်နေတဲ့ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဟော်လန် စတဲ့နိုင်ငံတွေကိုပြန်လည်သိမ်းယူဖို့ဖြစ်ပြီး အဲ့ဒီကတစ်ဆင့် ခြေကုပ်စခန်းတွေယူပြီး ဂျာမနီနိုင်ငံကို ဝင်တိုက်ဖို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အဲ့ဒီနောက်မှာတော့ (၁၉၄၄) ခုနှစ် ဇွန်လ (၆) ရက်နေ့ကို နော်မန်ဒီကမ်းတက်တိုက်ပွဲစတင်မယ့်ရက်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အဲ့ဒီနေ့ဟာ ဒီကနေ့ အားလုံးသိထားကြတဲ့ D-Day ပဲဖြစ်ပါတယ်။ D-Day ဆိုတာကတော့ Deployment Day ကိုဆိုလိုတာဖြစ်ပြီး ပြိုင်တူတိုက်ခိုက် စစ်ဆင်တာဖြစ်တယ်လို့ အလွယ်မှတ်သားနိုင်ပါတယ်။ ဒီစစ်ဆင်ရေးမှာပါဝင်မယ့် နိုင်ငံပေါင်းစုံက များပြားလှတဲ့ မဟာမိတ်စစ်သည်တွေကို ကြီးကြပ်ကွပ်ကဲခဲ့တာကတော့ အမေရိကန်ဗိုလ်ချုပ်ကြီး အိုက်စင်ဟောင်းဝါး ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီကမ်းတက်တိုက်ပွဲဟာ နာဇီဂျာမနီကသိမ်းပိုက်ထားတဲ့ ဥရောတိုက်ကိုပြန်လည်လွတ်မြောက်စေခဲ့ပြီး ဒုတိယကမ္ဘာစစ်ကိုအဆုံးသတ်စေဖို့ ရည်ရွယ်ပြုလုပ်တဲ့ Operation Overlord ရဲ့ ပထမအဆင့်လည်းဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဇွန်လ (၆) ရက် အရုဏ်တက်ချိန်မှာ ဆိုးဝါးတဲ့ရာသီဥတု၊ ပြင်းထန်တဲ့ ဂျာမန်ခုတို့ရဲ့ခံမှုတွေကို အံတုတွန်းလှန်ပြီး မဟာမိတ်တပ်ဖွဲ့ဝင် တစ်သိန်းခြောက်သောင်းလောက်ဟာ နော်မန်ဒီကမ်းခြေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတော့တယ်။ shwekhitonlinetv.com

D-Day နေ့ဟာ သာမန်နေ့တွေထက် ပိုမိုရှည်ကြာတယ်လို့ ထင်ရတဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ မဟာမိတ်တပ်တွေဟာ ပြင်သစ်မြေပေါ်မှာ ခြေကုပ်ရယူနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက် (၁၁) လအကြာမှာတော့ ဂျာမနီတို့ စစ်ရှုံးပြီး ဒုတိယကမ္ဘာစစ်ကြီးလည်း ပြီးဆုံးခဲ့ပါတော့တယ်။ shwekhitonlinetv.com

စစ်ကြီးပြီးဆုံးသွားပေမယ့် ဒီစစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ ထူးခြားချက်တစ်ချို့ကတော့ ဒီကနေ့အထိ ပြောစမှတ်တွင်ကျန်နေရစ်ခဲ့ပါတယ်။ အဲ့ဒီ ထူးခြားချက်တွေကတော့ …

၁။ ထူးခြားတဲ့ သတင်းထောက်လှမ်းမှု

၁၉၄၂ ခုနှစ် အစောပိုင်းကာလတွေမှာ ဘီဘီစီသတင်းဌာန အနေနဲ့ ဥရောပဆိပ်ကမ်းနယ်မြေဒေသတွေရဲ့ ဓာတ်ပုံများ ပို့စ်ကတ်များ ပေးပို့ကြဖို့ ပန်ကြားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ပြာညီးစ် (Pyrenees) မှ နော်ဝေ (Norway) အထိ ကမ်းရိုးတန်းဓာတ်ပုံများကို တောင်းခံခဲ့ခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါက လှည့်စားမှုတစ်ခုဖြစ်သလို သတင်းအချက်အလက် စုဆောင်းထောက်လှမ်းခြင်းလည်းဖြစ်ပါတယ်။ ဒီအချက်အလက်တွေ ကိုလေ့လာပြီး အသင့်တော်ဆုံးဖြစ်မယ့် ကမ်းခြေဒေသကနေ စစ်ဆင်ရေးစဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလို ထူးခြားတဲ့နည်းနဲ့ သတင်းထောက်လှမ်းပေးခဲ့တဲ့ ဘီဘီစီသတင်းဌာနဟာ ဒီနေ့အချိန်ထိလည်း ဗြိတိသျှအစိုးရရဲ့ ထောက်လှမ်းရေး၊ သတင်းစုတောင်းရေး၊ ဝါဒဖြန့်ချီရေးတို့အတွက် လက်တံတစ်ခု အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ တစ္ဆေတပ်ဖွဲ့

မဟာမိတ်တပ်တွေဟာ အမှန်တစ်ကယ် ကမ်းတက်မယ့် နေရာဟာ နော်မန်ဒီ မဟုတ်ဘဲ ပေါ့စ် ဒီ ကာလိုင်း (Pas de Calais) ဖြစ်ကြောင်း ဂျာမန်တွေ အထင်မှားစေဖို့ အတွက် အတော်လေးပီပြင်အောင် ကြိုးစားခဲ့ကြပါတယ်။ shwekhitonlinetv.com

အင်္ဂလန်နိုင်ငံ ကန့်ထ် (Kent) ကောင်တီဒေသကိုအခြေစိုက်တဲ့ တိုက်ခိုက်ရေး တပ်အတုများဖန်တီး ပြီး ဂျာမန်တို့ကို လှည့်စားခဲ့တာလည်းဖြစ်ပါတယ်။ ကန့်ထ်ကောင်တီဟာ ပေါ့စ် ဒီ ကာလိုင်း နဲ့ အနီးဆုံးအကွာအဝေးမှာ ရှိတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

မဟာမိတ်တွေဟာ လေမှုတ်ရော်ဘာတင့်ကား အတုတွေဖန်တီးပြီး ကန့်ထဲတွင်မှာချထားခဲ့ကာ ပေါ့စ်ဒီကာလိုင်းတွင် ကမ်းတက်မယ့် အသွင်ဟန်ဆောင်ခဲ့ပါတယ်။ နောက်ပြီး လေထီးတပ်သားအရုပ်တွေကိုလည်း အမှန်တစ်ကယ် ကမ်းတက်မယ့်ဇုန်နဲ့ ဝေးရာနယ်မြေတွေမှာ ပစ်ချလှည့်စားကာ ရန်သူရဲ့အာရုံစိုက်မှုကို တကယ့်စစ်ဆင်ရေးနယ်မြေများမှ လွှဲယူခဲ့ပါတယ်။ shwekhitonlinetv.com

၃။ စစ်သည်တော် နှစ်သန်း

၁၉၄၄ မှာတော့ ကမ္ဘာ့နိုင်ငံပေါင်း (၁၂) နိုင်ငံက စစ်သည်အင်အားနှစ်သန်းကျော်ဟာ အင်္ဂလန် ကိုရောက်ရှိနေခဲ့ပြီး နာဇီဂျာမနီတို့ရဲ့ သိမ်းပိုက်ခံဥရောပကိုထိုးဖောက်တိုက်ခိုက်ရန် အတွက် အသင့်ဖြစ်နေခဲ့ပါတယ်။ shwekhitonlinetv.com

D-Day မှာတော့ မဟာမိတ်တပ်တွေနဲ့ အတူ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဒတ်ခ်ျ နယူးဇီလန်၊ ချက်၊ ပြင်သစ်၊ ဂရိ၊ နော်ဝေး၊ ရိုဒီးရှား (ယခု ဇင်ဘာဘွေ) နဲ့ ပိုလန်တပ်ဖွဲ့တွေပါစုပေါင်းပြီး ကြည်း၊ ရေ၊ လေ စစ်ကြောင်းတွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ မိုးလေဝသကြောင့် တစ်ရက်နောက်ဆုတ်ခဲ့ရခြင်း

D-Day ကမ်းတက်စစ်ဆင်ရေးကို ကြီးကြပ်စီမံခဲ့တဲ့ အရာရှိတွေဟာ မိုးလေဝသနဲ့ ပက်သတ်ပြီး အတော်လေးကို ဂရုတစိုက်တိတိကျကျဆောင်ရွက်ခဲ့ကြပါတယ်။

မဟာမိတ်အရာရှိတွေဟာ နွေဦးရာသီ လပြည့်ညရဲ့ ဒီရေ တဝက်တက်ရောက်တဲ့အချိန်မှာ စစ်ဆင်ရေးပြုလုပ်လိုခဲ့ကြပါတယ်။ ဒါမှသာ အရုဏ်တက်ချိန်တွင် ကမ်းတက်နိုင်မှာလည်းဖြစ်ပါတယ်။ နောက်ပြီး အဲ့ဒီလိုရာသီဥတုအခြေအနေကို ရက်အနည်းငယ်သာ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် လက်တွေ့မှာတော့ ရာသီဥတုဆိုးရွားမှုကြောင့် စစ်ဆင်ရေးကို နောက်ထပ် ၂၄နာရီရွှေ့ဆိုင်းခဲ့ရပါတယ်။ မူလစီစဉ်ထားတာက ဇွန်လ (၅) ရက်နေ့ကို D-Day အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဖိနပ်တရံနဲ့ အိမ်ပြန်ခဲ့တဲ့ ရွမ်းမဲလ်

ရာသီဥတုဆိုးရွားလွန်းတာကြောင့် မဟာမိတ်တို့ ကမ်းတက်မှုလုပ်နိုင်လိမ့်မည်မဟုတ်ဟု ဂျာမန် စစ်ဗိုလ်ကြီး ရွမ်းမဲလ်က ထင်မြင်ယူဆခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း သူရဲ့ဇနီးသည် နှစ် ၅၀ ပြည့်မွေးနေ့အတွက် လက်ဆောင်ဖိနပ်တရံနှင့်အတူ အိမ်ပြန်ခဲ့ပါတယ်။ မဟာမိတ်တို့ကမ်းတက်ချိန်မှာတော့ သူဟာ ဂျာမနီ မှာရှိနေခဲ့ပါတယ်။ shwekhitonlinetv.com

၆။ အိပ်ပျော်နေတဲ့ ဟစ်တလာ

မဟာမိတ်တပ်ဖွဲ့များကမ်းတက်ချိန်မှာ ဂျာမန်အဓိပတိကြီး ဟစ်တလာဟာလည်း အိပ်စက်အနားယူနေဆဲဖြစ်ပါတယ်။ ဟစ်တလာအမိန့်မရပဲ ဘယ်သူမှ စစ်ကူပို့ခြင်း တပ်ရွှေ့ခြင်းများ မလုပ်ရဲကြသလို ဟစ်တလာကိုလည်း ဘယ်သူမှ မနှိုးရဲကြပါဘူး။ ဟစ်တလာအနေနဲ့ မနက် (၁၀) နာရီခန့် သူအိပ်ယာ နိုးမှသာ မဟာမိတ်တပ်တွေ နော်မန်ဒီတွင်ကမ်းတက်တဲ့ သတင်းကိုကြားသိ ခဲ့ရပါတယ်။ shwekhitonlinetv.com

၇။ အင်အားတောင့်တင်းတဲ့ ဓနသာဟာယနိုင်ငံများ

မဟာမိတ်တပ်များတွင် တနိုင်ငံချင်းစီစစ်သည်ပါဝင်မှုအချိုးအစား၌ အမေရိကန်က အများဆုံးဖြစ်သည်။ ဒါပေမယ့် ဗြိတိသျှဓနသဟာရနိုင်ငံများ ရဲ့စစ်သည်အင်အားကို ပေါင်းလိုက်မယ်ဆိုရင်တော့ အမေရိကန်တို့ထက်များပြားခဲ့ပါတယ်။

နော်မန်ဒီတွင်ကမ်းတက်ခဲ့တဲ့ စစ်သည်အင်အား (၁၅၆,၀၀၀) မှာ အမေရိကန်တပ်ဖွဲ့ဝင် (၇၃,၀၀၀) နှင့် ဓနသဟာယနိုင်ငံများမှ အင်အား (၈၃,၀၀၀) ခန့်ပါဝင်ခဲ့ပါတယ်။ ရေတပ် တပ်ဖွဲ့ဝင်အင်အားမှာလဲ ဓနသဟာယ နိုင်ငံတွေက အမေရိကန်တို့ထက် စစ်သည်အင်အား နှစ်ဆခန့်များပြားခဲ့ပါတယ်။ shwekhitonlinetv.com

၈။ သွေးချောင်းစီးခဲ့တဲ့ အိုမားဟားအပိုင်း

မဟာမိတ်တပ်တွေဟာ နော်မန်ဒီနယ်ရဲ့ ကမ်းခြေအပိုင်း (၅) ခု ခွဲပြီး ကမ်းတက်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီ ကမ်းခြေ (၅) ခုကို စွပ်ထ် (Sword)၊ ဂျူနို (Juno)၊ ဂိုးလ် (Gold)၊ အိုမားဟား (Omaha) နဲ့ ယူတ (Utah) ဆိုပြီး လျှို့ဝှက်အမည်တွေပေးခဲ့ကြပါတယ်။ အဲ့ဒီ (၅) ခုအနက် စစ်သည်အကျအဆုံးအများဆုံးက တော့ အိုမားဟား ကမ်းခြေအပိုင်းဖြစ်ပြီး စစ်သည် (၄၀၀၀) ကျော် ကျဆုံးပြီး သွေးချောင်းစီးခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ အိမ်သာတွေပါ ကွဲအက်ခဲ့ရတဲ့ အမြောက်များ

D Day တုန်းက ဗြိတိသျှစစ်သင်္ဘော အိတ်ခ်ျအမ်အက်စ် ဘဲလ်ဖက်စ် (HMS Belfast) ၏ အမြောက်တွေဟာ အင်အားပြင်းထန်လွန်းတာကြောင့် အမြောက်ပစ်စဉ်အချိန်မှာ အဲ့ဒီသင်္ဘောပေါ်ရှိ အိမ်သာတွေပါ ကွဲအက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၁၀။ ဘီယာဆိုင် စမ်းသပ်ချက်

D-Day မတိုင်ခင်မှာ နော်မန်ဒီကမ်းတက်တိုက်ပွဲတွင် ပါဝင်မယ့် စစ်သည်တော်တွေကို နှုတ်လုံမလုံ စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါသေးတယ်။ ဒီထိပ်တန်းလျှိ့ဝှက်မစ်ရှင်းကို ဦးဆောင်ခဲ့တာကတော့ တားရန့် အော့တ်ဝေး (Terence Otway) လို့အမည်ရတဲ့ ဗြိတိသျှအရာရှိဖြစ်ပါတယ်။ shwekhitonlinetv.com

သူဟာ အမျိုးသမီးအရန်လေတပ် (Women’s Auxiliary Air Force) မှ အချောအလှဆုံးမိန်းကလေး အယောက်သုံးဆယ်ကို အရပ်သူကဲ့သို့ဖီးလိမ်းဝတ်စားစေကာ သူတို့ရဲ့လေ့ကျင့်ရေးသင်တန်းကျောင်အနီးက သူ့လူတွေကျက်စားလေ့ရှိတဲ့ ဘီယာဆိုင်တွေဆီသို့ စေလွှတ်ခဲ့ပါတယ်။ shwekhitonlinetv.com

နောက်ပြီး အော့တ်ဝေးက မိန်းမချောလေးများကို သူ့လူများထံမှ စစ်ဆင်ရေးနှင့်ပတ်သက်သောသတင်းကို နည်းမျိုးစုံသုံး၍ နှိုက်ယူခဲ့ရန်မှာကြားလိုက်ပါတယ်။ ဒါပေမယ့် နှုတ်လုံတဲ့ သူ့တပ်ဖွဲဝင်တွေဆီက စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ စကားတစ်လုံးတစ်လေတောင် မရရှိခဲ့ဘူးလို့သိရပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ သမိုင်းဝင် D-Day နဲ့ ပက်သတ်တဲ့ ထူးခြားချက်လေးအချို့အကြောင်းပဲဖြစ်ပါတယ်။ အခုလို အကြောင်းအရာလေးကို အချိန်ပေးပြီး ဖတ်ရှုခဲ့တဲ့အတွက် ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်နော် …

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။