ဘဏ်တွေက ငွေထုတ်မပေးနိုင်တော့လို့ သစ်သားပိုက်ဆံတွေကို သုံးခဲ့ရတဲ့ မြို့တစ်မြို့အကြောင်း

အခုခေတ်မှာ သစ်သားတွေကို ပိုက်ဆံလို့သဘောထားပြီး အရောင်းအဝယ်ကိစ္စတွေ ကုန်စည်ဖလှယ်တာမျိုးတွေကို ပြုလုပ်မယ်ဆိုရင်တော့ ပြဿနာရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို သစ်သားတွေကို ကိုငွေကြေးအဖြစ်အသုံးပြုခဲ့ပြီး မြို့လေးတစ်မြို့ကို စီးပွားရေးကပ်ဆိုက်မှုကနေ ကယ်တင်နိုင်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုကတော့ အမှန်တကယ် ရှိနေပြန်ပါတယ် ပရိသတ်ကြီးရေ …. shwekhitonlinetv.com

၁၉၃၀ ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ဆိုက်ချိန်မှာ လူသန်းပေါင်းများစွာဟာ အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ် လို့သိရပါတယ်။ ဆူပူမှုတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံတွေမှာတော့ ပြည်ပျက်မှာ စိုးရိမ်နေတဲ့ပြည်သူတွေ ဟာဘဏ်တွေမှာ ၎င်းတို့အပ်နှံထားတဲ့ငွေတွေကို အပြေးလွှားထုတ်ယူခဲ့တာကြောင့် ဘဏ်တွေအတော်များများ ဟာလည်း ဆက်လက်ရပ်တည်နိုင်ခြင်းမရှိတော့ဘဲ အသီးသီးပြိုလဲခဲ့ကြရပါတယ်။ shwekhitonlinetv.com

ဒီကပ်ဆိုးရဲ့ ဒဏ်ကိုအဆိုးဝါးဆုံးခံစားခဲ့ရတာကတော့ အမေရိကန်နိုင်ငံလို့ဆိုရမှာဖြစ်ပြီး ၁၉၂၉ ခုနှစ်မှ ၁၉၃၁ ခုနှစ် အထိ (၂) အတွင်းမှာ နိုင်ငံအနှံ့က ဘဏ်ထောင်ပေါင်းများစွာ ပိတ်သိမ်းခဲ့ရပါတယ်။ ဒီဘဏ်တွေမှာ စုဆောင်းထားတဲ့ ပြည်သူတွေရဲ့ငွေတွေဟာလည်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ နောက်ဆုံး အနေနဲ့ တစ်ခုတည်းသာကျန်ရှိတော့ပြီး ဒီကပ်ဆိုးရဲ့ဒဏ်ကို တောင့်ခံနေတဲ့ ဝါရှင်တန် ပြည်နယ် တီနီနိုမြို့က ဘဏ်ဟာလည်း ၁၉၃၁ ခုနှစ်ခရစ်မတ် မတိုင်မီမှာ ပိတ်သိမ်းခဲ့ရပါတယ်။ shwekhitonlinetv.com

ဒီလိုအခြေအနေမျိုးကို မြို့နေလူထုနှင့်အတူ လက်မခံနိုင်တဲ့ သူတစ်ယောက်ရှိခဲ့ပါတယ်။ သူကတော့အသက် (၃၅) နှစ်အရွယ်သာရှိသေးပြီး စီးပွားရေးလောကမှာ အောင်မြင်နေတဲ့ ဒွန်မေဂျာဆိုတဲ့ လုပ်ငန်းရှင် တစ်ဦးဖြစ်ပါတယ်။ ဒွန်မေဂျာဟာ ဒီလိုငွေကြေးကပ်ဆိုက်နေတဲ့ အခြေအနေကနေ ပြန်လည်ရုန်းထွက်ဖို့ နည်းလမ်းတွေကို အချိန်ပြည့်စဉ်းစားနေခဲ့တယ်လို့သိရပြီး နောက်ဆုံးမှာတော့ အကြံတစ်ခုကိုရရှိခဲ့ပါတယ်။ shwekhitonlinetv.com

ဝါရှင်တန်ပြည်နယ်ရဲ့အပေါများဆုံး သဘာဝအရင်းအမြစ်ဟာသစ်သားဖြစ်တာကို စဉ်းစားမိတဲ့ ဒွန်မေဂျာ က သစ်သားကိုငွေကြေးအဖြစ် ပြောင်းလဲဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီအကြံဟာ ရူးသွပ်တယ်လို့ထင်ရပေမယ့် လက်တွေ့မှာတော့ အလုပ်ဖြစ်ခဲ့ပါတယ်။ ရှားပါးနေတဲ့ ဒေါ်လာငွေစက္ကူတွေ အစားသစ်သားငွေကိုအသုံးပြုမယ့် အစီအစဉ်ကို မြို့နေလူထုကိုတင်ပြခဲ့ရာ အားလုံးက သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒွန်မေဂျာ အနေနဲ့သစ်သားငွေကြေးကိုရိုက်နှိပ်ဖို့်အတွက် သတင်းစာတိုက်ကို အကူအညီတောင်းခဲ့ပြီး သစ်သားပြား (၁၀၀၀၀) ကိုအရွယ်အစားတူညီစွာဖြတ်တောက်ပြီး ငွေတန်ဖိုးရိုက်နှိပ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

သစ်သားငွေကိုဖြန့်ချိတဲ့အခါမှာ ဂရုတစိုက်မှတ်တမ်းပြုလုပ်ထားပြီး တင်းကျပ်တဲ့ကန့်သတ်ချက်ဖြင့်သာ သစ်သားငွေကြေးများကို ရိုက်နှိပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ တီနီနို မြို့တွင်သာ ဒီသစ်သားငွေကြေးကို အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီနောက်မှာတော့ ဒွန်မေဂျာဟာ မြို့ရဲ့စီးပွားရေးအခြေအနေကို မျက်ချေမပြတ်စောင့်ကြည့်ခဲ့ပြီး (၂) လတိတိ သစ်သားငွေဖြင့် မြို့ရဲ့စီးပွားရေးဟာ ကောင်းမွန်စွာလည်ပတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ ခိုင်မာနေတဲ့ သစ်သားငွေကြေးဈေးကွက်ဟာ (၁၉၃၂) ဖေဖော်ဝါရီလအရောက်မှာတော့ ပြဿနာနဲ့ စတင်ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒါကတော့ သစ်သားငွေကြေးများ လျော့နည်းပျောက်ဆုံးလာခြင်းပါတယ်။ မူလက ထုတ်လုပ်ထားတဲ့ သစ်သားငွေ (၁၀၀၀၀) အနက် (၁၀၀) ဝန်းကျင်သာ မြို့ရဲ့စီးပွားရေးမှာ လည်ပတ်နေတော့တာ လည်းဖြစ်ပါတယ်။ ငွေကြေးလည်ပတ်ရာမှာ သစ်သားငွေကြေးကိုသာ မသုံးစွဲဘဲ စက္ကူငွေများကိုပါ ရောပြွမ်း သုံးစွဲမည်ဆိုပါက အစီအစဉ်တစ်ခုလုံးပြို လဲသွားနိူင်တာကြောင့် မြို့နေလူထုကလည်း ဒီလိုအခြေအနေကိုစိုးရိမ်လာခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ သစ်သားငွေကြေးအစီအစဉ်အကြောင်းကို နိုင်ငံတစ်ဝှမ်းသတင်းစာများမှာ ရေးသားဖော်ပြလာတာကြောင့် ငွေကြေးစုဆောင်းသူများဟာ သစ်သားငွေကို ဒေါ်လာစက္ကူ ဖြင့်လဲလှယ်ရန်တီနီနိုမြို့ သားတို့အား ကမ်းလှမ်းလာခဲ့ပါတယ်။ ဒီလို အခြားမြို့ တွေက ငွေကြေးစုဆောင်းသူများဟာ သစ်သားငွေကြေးကိုထိန်းချုပ်ဖို့ကြိုးစားလာတဲ့အတွက် တီနီနို မြို့ရဲ့သစ်သားငွေတွေရှားပါးလာတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း ကမ္ဘာ့စီးပွားရေး ဈေးကွက်ဟာ အံ့သြဖွယ်ရာဖြစ်လာခဲ့ပြီး အရှုပ်ထွေးမှုတွေကြားထဲကနေ တီနီနိုမြို့ ရဲ့ တစ်ခုတည်းသော ဘဏ်ဟာပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မြို့၏ငွေကြေးအကျပ်အတည်းလည်းပြီးဆုံးသွားခဲ့ပြီး ဒွန်မေဂျာ အနေနဲ့လည်း မြို့လူထုမှချီးမြှင့်တဲ့ သူရဲကောင်းဘွဲ့ရရှိခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒါကြောင့် ဒွန်မေဂျာရဲ့ သစ်သားငွေကြေး အကြံအစည်ဟာ တီနီနိုမြို့ ကိုကယ်တင်နိူင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ အခုတင်ဆက်ပေးခဲ့တာကတော့ ကမ္ဘာ့သမိုင်းမှာ ကျော်ကြားခဲ့တဲ့ ငွေကြေးနဲ့ပတ်သတ်တဲ့ ထူးခြားတဲ့ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။