တိရိစ္ဆာန်လေးတွေနဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ ထူးထူးခြားခြား လျို့ဝှက်ချက်များ

ဒီတစ်ခေါက် ရွှေခေတ်ပရိသတ်တွေကို ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ တိရိစ္ဆာန်တွေရဲ့ ထူးထူးခြားခြား ပိုင်ဆိုင်ထားကြတဲ့ စွမ်းရည်တွေနဲ့ သတ္တဗေဒပညာရှင်အချို့တောင် မသိရှိသေးတဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ ဘယ်လိုစိတ်ဝင်စားစရာတွေဖြစ်မလဲ ဆက်လက်ဖတ်ရှုကြည့်ပေးပါဦးနော်…။ shwekhitonlinetv.com

၁။ လူတွေရဲ့မျက်နှာကိုမှတ်မိတဲ့ ကျီးကန်းနှင့်ခိုများ

ခိုတွေနဲ့ကျီးကန်းတွေဟာ လူတွေနဲ့သူတို့ရဲ့မျက်နှာတွေကို မှတ်မိနိုင်တယ်လို့သိရပါတယ်။ ထိုငှက်တွေဟာ သူတို့ကိုရန်လိုနေတဲ့ သူတွေကိုလည်း သူတို့ရဲ့ မကျေနပ်ချက်တွေ ဒေါသတွေကိုထုတ်ဖော်ပြသတက်ပါတယ်။ shwekhitonlinetv.com

၂။ ငါးမန်းတွေထက် ပိုပြီး အန္တရာယ်ရှိတဲ့ နွားများ

နွားတွေဟာ ငါမန်းတွေထက်စာရင် ပိုပြီးကြောက်ဖို့ကောင်းပါသတဲ့။ အပြည်ပြည်ဆိုင်ရာရောဂါထိန်းချုပ်ရေး စင်တာကနေရရှိတဲ့ အချက်အလက်တွေအရတော့ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်မှာ တစ်နှစ်ကို နွားကြောင့်သေဆုံးသူ (၆၀) နီးပါးရှိတယ်လို့သိရပါတယ်။ ဒီလိုအခြေအနေမှာ ငါးမန်းကြောင့်သေဆုံးတဲ့ အရေအတွက်က တစ်နှစ်ပျမ်းမျှ (၁) ဦးသာရှိပါသတဲ့။ shwekhitonlinetv.com

၃။ လိပ်ခွံကိုတောင်ကိုက်ဖြတ်နိုင်တဲ့ ဂျာဂွားကျားသစ်များ

နို့တိုက်သတ္တဝါတွေထဲမှာတော့ ဂျာဂွားကျားသစ်တွေဟာ ခြင်္သေ့နဲ့ ကျားတွေပြီးရင် ကိုက်ခဲအား အပြင်းထန်ဆုံးပါပဲ။ သူတို့ရဲ့သွားတွေကသန်မာပြီး ထက်မြက်သလို ကိုက်ခဲအားကလဲ လိပ်တစ်ကောင် (ဒါမှမဟုတ်) နွားတစ်ကောင်ရဲ့ ဦးခေါင်းခွံကိုတောင် ကိုက်ဖြတ်နိုင်တယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

၄။ Deadpool လို သတ္တဝါလေး

ရေပုတ်သင်မျိုးစိတ်တစ်မျိုးဖြစ်တဲ့ Axolotls ဆိုတဲ့ သတ္တဝါလေးကတော့ အတော်လေးကိုထူးဆန်းပါတယ်။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေက တစ်စုံတစ်ခုကြောင့် ပျက်စီးသွားရင်အသစ်တစ်ဖန်ပြန်လည်ဖွံ့ဖြိုးနိုင်တယ်လို့ သိပါတယ်။ ခြေ၊ လက်၊ အမြီး ကနေ နှလုံး နဲ့ ဦးနှောက် စသဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်း အကုန်ပြန်လည်ဖွံ့ဖြိုးနိုင်တဲ့ သတ္တဝါဆန်းလေးဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ မှန်ကြည့်တဲ့ဆင်များ

ဆင်တွေဟာ မှန်ရဲ့သဘောတရားကိုနားလည်တဲ့သတ္တဝါတွေဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ မှန်ထဲမှာပြန်မြင်ရင် မှတ်မိကြပါသတဲ့။ shwekhitonlinetv.com

၆။ တိပ်နဲ့ပတ်ပြီး ပိတ်ထားလို့ရတဲ့ မိကျောင်းပါးစပ်

မိချောင်းခေါင်းတို (Alligator) တွေရဲ့မေးရိုးတွေဟာ သန်မာလှပြီး သူတို့ပါးစပ်ဖွင့်ထားရာကနေ အရာဝတ္ထုတစ်ခုခုကို ကိုက်ချပြီး ပါးစပ်ကိုပိတ်လိုက်တဲ့ အားက ပေါင် (၃၀၀၀) ကျော်ရှိတဲ့ အရာတစ်ခုနဲ့ ဖိညှပ်ခံလိုက်ရသလို ဖြစ်သွားစေနိုင်မှာပါ။ ဒါပေမယ့် သူတို့ပါးစပ်ဖွင့်တဲ့အခါ ကြွက်သားတွေရဲ့ တုံ့ပြန်ပုံက အလွန်အားနည်းတာကြောင့် သင့်အနေနဲ့ သူတို့ပါးစပ်ကို ပိတ်ပြီးတဲ့အခါ ပြန်မဖွင့်နိုင်အောင် သားရေစဖြစ်ဖြစ် ၊ အားကောင်းတဲ့တိပ်တစ်မျိုးနဲ့ ဖြစ်ဖြစ်ရစ်ပတ်ပြီး ပိတ်ထားနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ အပေါင်းအသင်းမင်တဲ့ နွားများ

နွားတွေဟာ သူတို့ရဲ့နွားအုပ်တွေထဲက အခြားနွားတစ်ကောင်ကောင်နဲ့ သူငယ်ချင်းမိတ်ဆွေ ဆက်ဆံမှုမျိုးရှိတက်ကြပါသတဲ့။ အဲ့ဒီ သူငယ်ချင်းတွေနဲ့ အတူရှိနေရင်သူတို့ဟာ စိတ်ဖိစိမှုနည်းနေတက်ကြပြီး သူတို့ကို ခွဲခြားပြီး အခြားနွားအုပ်တွေထဲ ထားမယ်ဆိုရင်တော့ စိတ်ဖိစိမှုများလာတက်ကြတယ်လို့ စစ်တမ်းတစ်ရပ်မှာဖော်ပြထားပါတယ်။ shwekhitonlinetv.com

၈။ လျှို့ဝှက်စွာ ဆက်သွယ်ကြတဲ့ သစ်ကုလားအုပ်များ

ကြောင်၊ ခွေးစတဲ့တိရိစ္တာန်တွေ ကတော့ တညောင်ညောင် တဝုတ်ဝုတ် နဲ့ တစ်ကောင်နဲ့တစ်ကောင်ဖြစ်စေ လူသားတွေနဲ့ဖြစ်စေ အသံပေးပြီးဆက်သွယ်တက်ကြပါတယ်။ အခြားတိရိစ္ဆာန်တော်တော်များများကလည်း သူ့နည်းသူ့ဟန်နဲ့ အသံပေးပြီးဆက်သွယ်မှုပြုလုပ်ကြတာများပါတယ်။ ဒါပေမယ့် သစ်ကုလားအုပ်တွေကတော့ သာမန်နားတွေနဲ့ မခံစား မသိရှိနိုင်တဲ့ အလွန်တိုးညှင်းသော အသံအောက်လှိုင်းတွေနဲ့ သာ တစ်ကောင်နဲ့တစ်ကောင်ဆက်သွယ်ကြတာဖြစ်ပါတယ်။ အတော်လေးလျှို့ဝှက်တဲ့ တိရိစ္ဆာန်တွေပါပဲနော် … shwekhitonlinetv.com

၉။ ဒဏ္ဍာရီထဲက သတ္တဝါ

Okapi ဆိုတဲ့သတ္တဝါကို မြင်ဖူးကြလားမသိဘူး။ ဒီသတ္တဝါကိုတော့ မြင်းကျားတစ်ပိုင်း သစ်ကုလားအုပ်တစ်ပိုင်း ကောင်လို့ အတော်များများကတော့ ခေါ်ဝေါ်ကြပါတယ်။ အမြင်ဆန်းပြီး ရှားပါးတဲ့ ဒီအကောင်တွေကို (၂၀) ရာစုအစောပိုင်းလောက်ကဆို နဂါးတွေ ၊ ဦးချိုပါတဲ့မြင်းပျံ (Unicorn) တွေလိုပဲ ဒဏ္ဍာရီလာ သတ္တဝါဆန်းအဖြစ် သတ်မှတ်ထားကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ လွတ်လပ်မှုကို နှစ်သက်တဲ့ရွှေငါးများ

ရွှေငါးလေးတွေဟာ (၁၀) လက်မကနေ (၁၂) လက်မ လောက်ထိသာအရွယ်အစားရှိကြပေမယ့် သူတို့ရဲ့သက်တမ်းက သေချာစွာမွေးမြူမယ်ဆိုရင် နှစ် (၂၀) ကျော်လောက်ထိကို ရှင်သန်နိုင်ကြပါသတဲ့။ သူတို့ကို မွေးမြူတဲ့သူတွေ လွဲမှားနေတဲ့ အချက်တစ်ချက်ကတော့ ရေတစ်ဂါလံတောင်မဝင်ဆန့်တဲ့ ကန်ငယ်လေးတွေ နဲ့ မွေးမြူတာပဲဖြစ်ပါတယ်။ အမှန်တော့ သူတို့က အနည်းဆုံး ရေ (၅) ဂါလံလောက်ဆန့်တဲ့ ကန်တွေနဲ့မှ သာနေရထိုင်ရတာ သက်တောင့်သက်သာ ရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးတဲ့ အကြောင်းအရာလေးတွေကို ဖတ်ရှုပြီး အားလုံးပဲကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့ ယူဆပါတယ်နော်။ နောက်ထပ်လည်းဘယ်လို စိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေကို တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်စောင့်စား အားပေးကြပါဦးနော်…။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply