အင်တာနက်ပေါ်မှာ တင်တဲ့ဓာတ်ပုံနဲ့ အပြင်က ဓာတ်ပုံကြားက ကွာခြားချက်များ

အခုတစ်ခါ ဖော်ပြပေးသွားမဲ့ အကြောင်းအရာလေးကတော့ ဆိုရှယ်မီဒီယာက ဓာတ်ပုံတွေနဲ့ အပြင်က ပုံပန်းသဏ္ဍာန်တို့ဟာ အကွာကြီး ကွာနေတဲ့ သူတွေအကြောင်းပဲ ဖြစ်ပါတယ်။ တကယ်ကို ကြောက်စရာလည်းကောင်းသလို အစွမ်းလည်း ထက်လှတဲ့ ဖိုတိုရှော့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com

ဒီပုံလေးတွေကို ကြည့်ပြီးသွားရင်တော့ ဆိုရှယ်မီဒီယာကနေ တစ်ဆင့် ချစ်ကြိုက်တော့မယ်ဆိုတဲ့ သူတွေအတွက် အရမ်းကို ထိတ်လန့်ကောင်း ထိတ်လန့်သွားနိုင်ပါတယ်နော်။ shwekhitonlinetv.com

၁။ အသက်မရှုပဲ နေနိုင်သူ မိန်းကလေး

အခုပုံမှာတော့ ဆံပင် အစိမ်းရောင် အင်္ကျီ အနီရောင်နဲ့ အရမ်းကို အထာကျတဲ့ မိန်းကလေးအဖြစ် တွေ့မြင်ရမှာပါ။ ဒါပေမဲ့ ဓာတ်ပုံကို သေချာ အနီးကပ် ကြည့်လိုက်တဲ့ အခါမှာတော့ သူမရဲ့ ဖိုတိုရှော့ အလုပ်လွန်သွားတဲ့ နှာခေါင်းကို တွေ့ရမှာ ဖြစ်ပါတယ်။ လှပတဲ့ နှာတံစင်းစင်းလေး ဖြစ်ဖို့အတွက် ဓာတ်ပုံကို ပြုပြင်ခဲ့ပေမဲ့လည်း အခုလို အသက်ရှုလို့မှ ရပါ့မလားဆိုပြီး စိုးရိမ်သွားစေလောက်တဲ့ နှာခေါင်း ဖြစ်သွားခဲ့ပါတယ်။ shwekhitonlinetv.com

၂။ ဖိုတိုရှော့ ဘုရင်

ဓာတ်ပုံကို စိတ်ကြိုက် ဖိုတိုရှော့လုပ်တတ်တဲ့ အမျိုးသားနဲ့ ဓာတ်ပုံအတူ တွဲရိုက်ခဲ့တဲ့ မိန်းကလေးရဲ့ ဖြစ်ရပ်လေးပဲ ဖြစ်ပါတယ်။ ဘယ်ဘက်က ပုံကတော့ ဖိုတိုရှော့လုပ်ခံထားရတဲ့ သူမရဲ့ ဓာတ်ပုံဖြစ်ပြီး ညာဘက်က ပုံကတော့ သူမရဲ့ မူရင်းပုံပဲ ဖြစ်ပါတယ်။ ဓာတ်ပုံ ၂ ပုံဟာ အကွာကြီး ကွာနေခဲ့တာ ဖြစ်လို့ မူရင်းပုံစံ ပျောက်သွားတဲ့အထိ ဘယ်လောက်တောင် ဓာတ်ပုံကို ပြုပြင်ထားသလဲဆိုတာ တွေ့နိုင်ပါတယ်နော်။ shwekhitonlinetv.com

၃။ ၀ိတ်ချဖို့မလိုဘူးဆိုတာ ပြသနေတဲ့ ပုံလေး

ဝိတ်ချဖို့ မလိုဘူး ဓာတ်ပုံ ပြင်တတ်ဖို့ပဲ လိုမယ်နော်။ အခု ဖော်ပြပေးတဲ့ ပုံလေးကတော့ ပုရိသတွေအတွက် အရမ်းကို ထိတ်လန့်သွားစေမယ့် ပုံလေးပါ။ ညာဘက်က ပုံထဲမှာတော့ ရေကူး၀တ်စုံလေးနဲ့ အရမ်းကို စွဲဆောင်မှု ရှိရှိ လှပနေတဲ့ မိန်းကလေးနှစ်ယောက်ကို တွေ့ရမှာပါ။ ဘယ်ဘက်က ဗိုက်ခေါက်ထူထူ ခန္ဓာကိုယ် ပြည့်ပြည့် ဖြစ်နေတဲ့ ပုံလေးကလည်း အဆိုပါ မိန်းကလေး ၂ ယောက်ပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာက ဓာတ်ပုံတွေကို အရမ်းမယုံရဘူးဆိုတာ ဒီပုံလေးက သက်သေပါပဲနော်။ shwekhitonlinetv.com

၄။ လိမ်လို့ မရတဲ့ ရောင်ပြန်ပုံရိပ်

အခုပုံမှာ တွေ့ရတာကတော့ မျက်လုံး၀ိုင်း၀ိုင်း ပါးရိုးသွယ်သွယ်လေးနဲ့ အရမ်းကို လှပတဲ့ မိန်းကလေးကို တွေ့ရမှာပါ။ ဒါပေမဲ့ သူမရဲ့ အရိပ်ပေါ်နေတဲ့ ဘေးက မှန်ကို ကြည့်လိုက်မယ်ဆိုရင်တော့ အရမ်းကို အံ့သြသွားကြမှာပါနော်။ ပါးရိုးသွယ်သွယ်နဲ့ မိန်းကလေးရဲ့ အရိပ်က ပါးဖောင်းဖောင်းလေး ဖြစ်နေတဲ့အတွက် အရိပ်တွေကိုတော့ လိမ်လို့ မရပါဘူးနော်။ shwekhitonlinetv.com

၅။ တစ်ယောက်တည်းမှ ဟုတ်ရဲ့လားလို့ မယုံကြည် ဖြစ်စေတဲ့ ပုံလေး

အခုတွေ့ရတဲ့ ဓာတ်ပုံ ၂ ပုံထဲက မိန်းကလေးကတော့ တစ်ယောက်တည်း ဖြစ်ပါတယ်။ ညာဘက်က ဓာတ်ပုံလေးထဲမှာတော့ ပါးရိုးသွယ်သွယ် မျက်ခုံးထူထူနဲ့ ပြည့်ဖူးနေတဲ့ နှုတ်ခမ်းလေးကို ပိုင်ဆိုင်ထားတဲ့ မိန်းမလှလေးကတော့ တကယ့်ကို စွဲမက်စရာပါပဲနော်။ ဒါပေမဲ့ သူမရဲ့ မူရင်း မိတ်ကပ်မပြင်ထားတဲ့ ပုံလေးကတော့ ဘယ်ဘက်က ပုံလေးပဲ ဖြစ်ပါတယ်။ တကယ်ကို မယုံကြည်နိုင်လောက်စရာ အံ့သြသွားစေတဲ့ ပြောင်းလဲမှုပါပဲနော်။ shwekhitonlinetv.com

၆။ မိတ်ကပ်နဲ့ ဖိုတိုရှော့အစွမ်း အံ့မခန်း

ဆိုရှယ်မီဒီယာမှာ အရမ်းကို လှပပါတယ်ဆိုတဲ့ မိန်းကလေးက သူမရဲ့ မူရင်းပုံကို ချပြလိုက်တဲ့ အခါမှာတော့ အားလုံးက ထိတ်လန့်သွားရပါတယ်။ ညာဘက်က ဓာတ်ပုံလေးထဲမှာတော့ ဖိုတိုရှော့အပြင် မိတ်ကပ်ပါ လိမ်းခြယ်ထားတဲ့အတွက် အရမ်းကို လှပနေတယ်လို့ ထင်ခဲ့ရတာပါ။ ဘယ်ဘက်ပုံလေးထဲက နှုတ်ခမ်းနီ ဆိုးမထားတဲ့ နှုတ်ခမ်းနဲ့ ဖိုတိုရှော့သုံးမထားတဲ့ မူရင်းဓာတ်ပုံလေးက အားလုံးကို အံ့သြသွားစေခဲ့ပါတယ်။ shwekhitonlinetv.com

၇။ ဝတ်စုံကို ကြည့်မှပဲ တစ်ယောက်တည်းလို့ သိနိုင်မယ့် အန်တီ

အခုဖော်ပြပေးမဲ့ ပုံရိပ်လေးကတော့ အဖြူရောင် ဇာဂါ၀န်လေးနဲ့ အန်တီတစ်ယောက် ဖြစ်ပါတယ်။ အပြင်မှာ တွေ့မယ်ဆိုရင်တော့ အသက်ကြီးတဲ့ အန်တီတစ်ယောက်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမရဲ့ ဓာတ်ပုံကို ဖိုတိုရှော့နဲ့ ပြုပြင်လိုက်တဲ့ အခါမှာတော့ ညာဘက်က ပုံထဲမှာ တွေ့မြင်ရတဲ့အတိုင်း အရမ်းကို လှပ နုနယ်ပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးအဖြစ် တွေ့ရမှာပါနော်။ shwekhitonlinetv.com

၈။ နုနယ်သွားစေတဲ့ ဖိုတိုရှော့

မိတ်ကပ်အပြင်အဆင် တစ်ခုမှ မပါပဲ ဖိုတိုရှော့ နည်းပညာကို အသုံးပြုပြီး ပြုပြင်ထားတဲ့ ဓာတ်ပုံလေးပဲ ဖြစ်ပါတယ်။ ညာဘက်က ပုံမှာတော့ မြင်တွေ့ရတဲ့အတိုင်း အရေးအကြောင်း တစ်ချို့ ရှိနေပြီး အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ အမျိုးသမီး တစ်ဦးပုံကို တွေ့ရမှာပါ။ သူမရဲ့ ဓာတ်ပုံကို ဘယ်ဘက်မှာ တွေ့ရတဲ့အတိုင်း အရေးအကြောင်းတွေကို ဖျောက်ပြီး ဖိုတိုရှော့နဲ့ ပြင်ဆင်လိုက်တဲ့အခါမှာတော့ အခုလို လှနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ မိုးရွာနေပေမဲ့ မိုးမစိုသူ

မိုးရွာထဲမှာ စတိုင်လ်အပြည့်နဲ့ အရမ်းကို ဆွဲဆောင်မှု ရှိနေတဲ့ ကောင်လေး ၂ ယောက်ကို တွေ့ရမှာပါ။ ရေစိုနေတဲ့ အင်္ကျီနဲ့ အထင်းသားပေါ်နေတဲ့ ဗိုက်ကြွက်သားတွေကတော့ မြင်ရသူတွေကို ဆွဲဆောင်နေမှာပါ။ ဒါပေမဲ့ သူတို့ မေ့သွားတဲ့ အချက်ကတော့ မိုးရွာရင် အင်္ကျီတွေသာမက ဆံပင်တွေပါ ရွှဲစိုနေရမှာ ဖြစ်ပါတယ်။ မိုးရွာထဲမှာ ရပ်ရင်း မိုးမစိုပဲ သေချာပုံသွင်းပြီး သေသပ်နေတဲ့ ဆံပင်တွေကတော့ ကြည့်ရသူကို ပြုံးမိသွားစေမှာပါ။ shwekhitonlinetv.com

၁၀။ မူရင်းပုံကို မကျေနပ်သူ မိန်းကလေး

အခုပုံမှာ တွေ့မြင်ရတာကတော့ နဂိုမူရင်းပုံစံလေးနဲ့တောင် ချစ်စရာကောင်းနေတဲ့ မိန်းကလေးရဲ့ ဖိုတိုရှော့ပဲ ဖြစ်ပါတယ်။ ဘယ်ဘက်က ပုံလေးထဲမှာတော့ အရမ်းကို ဖွေးဖြူလွန်းတဲ့ အသားအရည်နဲ့ ပေါင်တံရှည်ရှည် မိန်းကလေးတစ်ယောက် မှန်ရှေ့မှာ ဓာတ်ပုံရိုက်နေတဲ့ ပုံလေးကို တွေ့ရမှာပါ။ ညာဘက်က ပုံလေးကတော့ မှန်ရှေ့မှာ ဓာတ်ပုံရိုက်နေတဲ့ မိန်းကလေးရဲ့ တကယ့်မူရင်း ပုံလေးပဲ ဖြစ်ပါတယ်။ အခုပုံလေးကတော့ အားလုံးထဲမှာ ထူးခြားစွာပဲ ဖိုတိုရှော့နဲ့ ပြင်ထားတဲ့ ဓာတ်ပုံလေးထက် မူရင်းပုံလေးက ပိုလှနေခဲ့တဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၁။ ဆိုရှယ်မီဒီယာမှာ ပိုချောနေတဲ့ မိန်းကလေး

ဒီမိန်းကလေးကတော့ ဆိုရှယ် မီဒီယာပေါ်က ပုံနဲ့ အပြင်က ပုံကြားမှာ မမှတ်မိလောက်အောင် ပြောင်းလဲ သွားပါတယ်။ တော်ရုံလူဆို သူ့ကို မှတ်မိမယ် မထင်ပါဘူး။ shwekhitonlinetv.com

၁၂။ မိတ်ကပ်နဲ့ Effect တွေရဲ့ အစွမ်း

ဒီ အမျိုးသမီးကတော့ ဓာတ်ပုံ (၂) ပုံထဲမှာ တော်တော်လေး ကွာခြားနေပါတယ်နော်။ မိတ်ကပ်တွေ Filter တွေရဲ့ အစွမ်းနဲ့ အခုလို ပြောင်းလဲသွားတယ်လို့ ယူဆရပါတယ်။ shwekhitonlinetv.com

ရွှေခေတ်ပရိသတ်ကြီးလဲ ဒီပုံလေးတွေကို ကြည့်ပြီးသွားရင်တော့ ဆိုရှယ်မီဒီယာကနေ တစ်ဆင့် ချစ်ကြိုက်တော့မယ်ဆိုတဲ့ သူတွေအတွက် အရမ်းကို ထိတ်လန့်ကောင်း ထိတ်လန့်သွားနိုင်ပါတယ်နော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply