စိန်တွေဟာ ကမ္ဘာပေါ်မှာ ရှိတဲ့တွင်းထွက်ရတနာတွေထဲမှ ာတန်ဖိုးအကြီးဆုံး တွင်းထွက်ရတနာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် စိန်တိုင်းကတော့ တန်ဖိုးကြီးမားလှတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်တစ်လွှားမှာတူးဖော်ရရှိသမျှ စိန်တွေရဲ့ (၂၀) ရာခိုင်နှုန်းလောက်ကသာ မြင့်မားတဲ့အရည်အသွေးရှိပြီး တန်ဖိုးကြီးမားတာဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီလိုအဖိုးတန်ရှားပါးလှတဲ့ စိန်တွေကိုတော့ ကမ္ဘာပေါ်က အကြီးများဆုံးစိန်တွင်းကြီးတွေကနေ တူးဖော်ရရှိခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီလိုအရည်အသွေးမြင့်တဲ့ စိန်တွေကို တူးဖော်ရရှိနေတဲ့ ကမ္ဘာပေါ်က အကြီးမားဆုံးစိန်တွင်းကြီး (၇) တွင်းကို ဖော်ပြရမယ်ဆိုရင်တော့ … shwekhitonlinetv.com
၁။ Aikhal Diamond Mine (Russia)

ရုရှားနိုင်ငံမှာတည်ရှိတဲ့ Aikhal စိန်တွင်းကတော့ ကမ္ဘာပေါ်မှာရှိရှိသမျှစိန်တွင်းတွေထဲမှာ အကြီးမားဆုံးဖြစ်ပါတယ်။ ဒီစိန်တွင်းကြီးဟာ (၁၉၉၇) ခုနှစ်ကစတင်ပြီးတော့ မြေအောက်သတ္ထုတူးဖော်ခြင်းလုပ်ငန်းကို စတင်ခဲ့တာဖြစ်လို့ သက်တမ်းအားဖြင့် နှစ် (၂၀) ကျော်ပြီလို့ဆိုရမှာပါ။ ဒီစိန်တွင်းကြီးရဲ့အနက်ဟာ ၇၂၀ မီတာ (၂၃၆၁ ပေ) ခန့်ရှိပြီး စိန်ကာရက်ပေါင်း (၁၇၅) သန်း လောက်ကိုတူးဖော်ရရှိခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။ ဒီအိုင်ကယ်စိန်တွင်းကိုတော့ ရုရှားအခြေစိုက် Alrosa ကော်ပိုရေးရှင်းက ပိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၂။ Jwaneng Diamond Mine (Botswana)

အာဖရိကတိုက်က ဘော့ဆွာနာ နိုင်ငံ မှာရှိတဲ့ Jwaneng စိန်တွင်းကတော့ ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံး စိန်တွင်းကြီးဖြစ်ပါတယ်။ အရည်သွေးအမြင့်ဆုံး နဲ့ တန်ဖိုးအမြင့်ဆုံး စိန်တွေထွက်ရှိတဲ့ စိန်တွင်းကြီးလည်းဖြစ်ပါတယ်။ ဘော့ဆွာနာ နိုင်ငံ ဂါဘိုရွန်း မြို့ကနေ မိုင် (၁၆၀) အကွာမှာ တည်ရှိတာဖြစ်ပြီး လက်ရှိချိန်ထိ စုစုပေါင်း စိန်ကာရက် (၁၆၆) သန်းကိုတူးဖော်ထားပြီဖြစ်တယ်လို့သိရပါတယ်။ ဒီစိန်တွင်းကိုတော့ Debswana လို့ခေါ်တဲ့စိန်အရောင်းအဝယ် ကုမ္ပဏီကပိုင်ဆိုင်ထားပါတယ်။ shwekhitonlinetv.com
၃။ Udachny Diamond Mine (Russia)

ရုရှားနိုင်ငံမှာပဲ ရှိတဲ့နောက်ထပ် စိန်တွင်းကြီးတစ်တွင်းဖြစ်ပါတယ်။ ဒီစိန်တွင်းဟာလည်း Jwaneng စိန်တွင်းနဲ့ သိပ်ပြီး မကွာလှပဲ စိန်အလေးချိန်ကာရက်ပေါင်း (၁၆၄) သန်းကိုဖော်ယူတူးထုတ်ပြီးပြီဖြစ်ပါတယ်။ (၁၉၇၁) ခုနှစ်ကစတင်ပြီး မြေအောက်သတ္ထုတူးဖော်ခြင်းလုပ်ငန်းစတင်ခဲ့ကာ Alrosa ကော်ပိုရေးရှင်းကပဲ ပိုင်ဆိုင်တာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Diamond Mine Nyurba (Russia)

ဒီစိန်တွင်းဟာလည်း ကမ္ဘာပေါ်မှာ စိန်တွင်းအများဆုံးတည်ရှိရာ ရုရှားနိုင်ငံမှာပဲတည်ရှိတာဖြစ်ပါတယ်။ စုစုပေါင်း စိန်ကာရက် (၁၃၃) သန်းတူးဖော်ပြီးပြီဖြစ်တဲ့ ကမ္ဘာ့စတုတ္ထအကြီးဆုံးစိန်တွင်းကြီးပါ။ ဒီစိန်တွင်းရဲ့ အနက်က မြေအောက်ကို ၇၅၀ မီတာ (၂၄၆၀ ပေ) လောက်နက်တယ်လို့သိရပါတယ်။ ဒီစိန်တွင်းကြီးကိုလည်း Alrosa ကပဲ ပိုင်ဆိုင်ထားတာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၅။ Orapa Diamond Mine (Botswana)

ဒီစိန်မိုင်းတွင်းကြီးကတော့ ကမ္ဘာပေါ်မှာ ပဉ္စမမြောက်အကြီးဆုံးမိုင်းတွင်းကြီးဖြစ်ပြီး (၁၃၁) သန်း ကာရက်အလေးချိန်ရှိတဲ့စိန်တွေကို ထုတ်ယူခဲ့ပြီးဖြစ်ပါတယ်။ ဒီစိန်တွင်းကြီးကိုတော့ 2030 အထိသက်တမ်းတိုးပြီး ထားရှိမယ်လို့သိရပါတယ်။ ဒီစိန်တွင်းကြီးကိုတော့ ဘော့ဆွာနာ နိုင်ငံ ဂါဘိုရွန်းမြို့အခြေစိုက် Debswana ကုမ္ပဏီလီမိတက် ကနေပိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၆။ Catoca Diamond Mine (Angola)

(၁၉၉၃) ခုနှစ်မှာ တူးဖော်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ခဲ့တဲ့ Catoca စိန်တွင်းကတော့ ကမ္ဘာပေါ်မှာ ဆဋ္ဌမ မြောက်အကြီးဆုံး စိန်တွင်းကြီးဖြစ်ပြီး အာဖရိကတိုက်က အင်ဂိုလာနိုင်ငံမှာတည်ရှိပါတယ်။ စိန်တွင်းပေါင်းများစွာ ရှိတဲ့ အင်ဂိုလာနိုင်ငံရဲ့ ထွက်ရှိသမျှစိန်တွေရဲ့ (၇၅) ရာခိုင်နှုန်းလောက်က ဒီစိန်တွင်းကြီးကနေထွက်ရှိတာ ဖြစ်ပါတယ်။ စုစုပေါင်းစိန်ကာရက်အလေးချိန်သန်း (၁၃၀) လောက်တူးဖော်ရရှိထားပြီးဖြစ်ပါတယ်။ သူ့ကိုတော့ Alrosa (၃၂.၈%) ၊ Endiama (၃၂.၈%) ၊ Odebrecht (၁၆.၄%) နဲ့ Diamond Finance CY BV Group (၁၆.၈%) တို့က ဖက်စပ်ပိုင်ဆိုင်တာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Ekati Diamond Mine (Canada)

ကနေဒါနိုင်ငံမှာ ပထမဆုံးလုပ်ကိုင်တဲ့ မြေအောက်သတ္တုတူးဖော်ရေးလုပ်ငန်းဖြစ်တဲ့ Ekati စိန်တွင်းကြီးကတော့ ကမ္ဘာပေါ်မှာ သတ္တမမြောက်အကြီးဆုံး စိန်တွင်းကြီးပဲဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် စိန်ကာရက်ပေါင်း (၁၀၅) သန်းကို တူးဖော်ထားပြီးဖြစ်ပါတယ်။ ဒီစိန်တွင်းကို (၂၀၃၄) ခုနှစ်အထိ စိန်တူးဖော်ရေးလုပ်ငန်းတွေလုပ်ကိုင်နိုင် မယ်လို့ လျာထားပေမယ့် လက်ရှိအနေအထားအရ (၂၀၄၂) ခုနှစ်အထိ ဆက်လက်ပြီးစိန်များတူးဖော်နိုင် မှာဖြစ်ကြောင်းသိရပါတယ်။ ဒီ စိန်တွင်းကြီးကိုတော့ ကနေဒါသတ္တုနှင့်တွင်းထွက်တူးဖော်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Dominion ကပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
အခုဖော်ပြပေးခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး စိန်တွင်းကြီးတွေအကြောင်းကို ဖတ်ရှုပြီး ရွှေခေတ်ပရိသတ်ကြီးအားလုံးလည်း ကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့် စိတ်ဝင်စားဖွယ်ရာအကြောင်းအရာလေးတွေကို ဆက်လက်အားပေးကြပါဦးနော်… shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။
Be the first to comment
You must log in to post a comment.