ရုပ်ရှင်တွေထဲကလိုမျိုး တစ်ကယ့်အပြင်ဘက်က ထူးဆန်းသော တိုက်ဆိုင်မှုများ

ပရိသတ်ကြီးရေ ဒီတစ်ခေါက်မှာတော့ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ပြောပြချင်ပါတယ်။ shwekhitonlinetv.com

ဘယ်လိုမျိုးလဲဆိုတော့ ရုပ်ရှင်ထဲကလိုမျိုး တစ်ကယ့်အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ တိုက်တိုက်ဆိုင်ဆိုင် အကြောင်းအရာလေးတွေပါ။ တစ်ကယ် ထူးခြားတဲ့ ဖြစ်ရပ်တွေလား ဆိုတာကတော့ အောက်မှာ ဖတ်ကြည့်ကြည့်လိုက်ပါနော်။ shwekhitonlinetv.com

၁။ ထူးဆန်းသော တိုက်ဆိုင်မှု

အမေရိကန်နိုင်ငံက Nurse ဆရာမတစ်ဦးဟာ သူမ မွေးဖွားခဲ့တဲ့ ကလေးငယ်လေးနဲ့ အတူ ဓာတ်ပုံရိုက်ခဲ့တာပါ။ နှစ်တွေတော်တော်ကြာလာပြီးနောက် ပုံထဲက ကလေးနဲ့ လုပ်ငန်းခွင်ထဲမှာ အတူပြန်တွေ့ခဲ့ကြပြီး အံ့ဩဝမ်းသာလွန်းလို့ အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ အနာဂတ်သတို့သားလောင်းနဲ့ တွေ့ဆုံခဲ့ခြင်း

ပုံထဲက အမျိုးသမီးဟာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ပန်းခြံထဲမှာ အမှတ်တရ ဓာတ်ပုံရိုက်နေခဲ့တာပါ။ ဒါပေမယ့် ဓာတ်ပုံထဲမှာ မထင်မှတ်ပဲ အမျိုးသားတစ်ယောက်ရဲ့ ပုံပါလာပြီး ထိုအမျိုးသားဟာ အခုအချိန်မှာတော့ သူ့မရဲ့ အိမ်ထောင်ရှင် အမျိုးသားဖြစ်နေပါပြီ။ ထူးဆန်းတာက သူတို့နှစ်ယောက်လုံး တစ်ယောက်နဲ့ တစ်ယောက် မသိကြသေးတဲ့ အချိန် အခုလိုမျိုး တိုက်ဆိုင်တဲ့ ဖြစ်ရပ်ဟာ တစ်ကယ့်ကို ဆန်းကြယ်လွန်းပါတယ်။ shwekhitonlinetv.com

၃။ ပထမဆုံးသော တွေ့ဆုံခြင်း

ပုံထဲမှာပါတဲ့ ကလေး ၂ ယောက်ဟာ တစ်ချိန်မှာ အရမ်းချစ်ကြတဲ့ စုံတွဲဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြမှာ မဟုတ်ပါဘူး။ တစ်ကယ်လည်း သူတို့နှစ်ယောက်ဟာ အရွယ်ရောက်တဲ့အခါ ချစ်သူတွေဖြစ်ခဲ့ကြပြီး ဒီဓာတ်ပုံလေးဟာ သူတို့အတွက်တော့ ပထမဦးဆုံး တွေ့ဆုံခြင်းလို့ ခေါ်ရမှာပါ။ shwekhitonlinetv.com

၄။ စိတ်ကူးပုံဖော်တာတွေက အပြင်မှာ တစ်ကယ်ရှိနိုင်ပါတယ်။

အမျိုးသားတစ်ယောက်ဟာ ကြော်ငြာတစ်ခုအတွက် တောင်တက်နေတဲ့ ရှုခင်းတစ်ခုကို စိတ်ကူးယဉ်ပြီး ပုံဖော်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူဟာ အပန်းဖြေ ခရီးထွက်ခဲ့ပြီး တစ်နေရာအရောက်မှာတော့ သူကိုယ်တိုင်စိတ်ကူးယဉ်ပြီး ရေးဆွဲခဲ့တဲ့ တောင်ဟာ အပြင်မှာ တစ်ကယ်ရှိနေတာကို တွေ့ခဲ့ရလို့ အံ့ဩသွားခဲ့ရပါတယ်။ shwekhitonlinetv.com

၅။ ကာတွန်းသရုပ်ဖော်ပုံနဲ့ အပြင်ကလူနဲ့ သွားပြီးတူနေသာအခါ

ဒီပုံကတော့ အတော်လေးကို ထူးဆန်းတယ်လို့ ပြောရမှာပါ။ အမျိုးသားတစ်ယောက်ဟာ Poster ထဲမှာ သူနဲ့ ချွတ်စွပ်တူလွန်းတဲ့ ကာတွန်းသရုပ်ဖော်ပုံကို တွေ့လိုက်ရတာပါ။ ပိုပြီးထူးဆန်းတာက ပုံစံအပြင် အကျီအရောင်ကပါ တစ်ထပ်တည်း တူညီလွန်းနေတာပါ။ shwekhitonlinetv.com

၆။ ကံကောင်းလွန်းတဲ့ကား

ဒါကတော့ တစ်ကယ့်ကို ကံကောင်းလွန်းတဲ့ ကားလို့ပဲ ဆိုရမှာပါ။ ဖြစ်ပုံကတော့ လေပြင်းမုန်တိုင်းတွေကျလို့ သစ်ပင်တွေ လဲကျသွားပေမယ့်လည်း ကားကို မထိပဲ ပုံထဲက အတိုင်း ရှေ့နောက် ပြိုင်တူကျနေတာပါ။ ကားပိုင်ရှင်ကတော့ ဒါကိုကြည့်ပြီး စိတ်အေးသွားမှာ အမှန်ပါပဲ။ shwekhitonlinetv.com

၇။ ကြော်ငြာထားတဲ့ ပျောက်နေသော ကားကို အပြင်မှာ တွေ့သောအခါ

အမျိူးသားတစ်ယောက်ဟာ ဟိုင်းဝေး လမ်းပေါ်မှာ မောင်းနေရင်း မကြာခင်က ပျောက်သွားတဲ့ ကားလေးကို သူ့ရှေ့မှာတင် တွေ့ခဲ့ရတာပါ။ သူဟာ ဒီကားလေး ပျောက်သွားလို့ ကြော်ငြာတွေမှာ ထည့် ကြော်ငြာခဲ့ရပါတယ်။ ဖြစ်ချင်တော့ ကြော်ငြာထဲမှာ သူ့ရဲ့ကားနံပါတ် EYB 982 ဆိုတာပေါ်နေတဲ့ အချိန်နဲ့ သူ့ရှေ့မှာ ပျောက်သွားတဲ့ ကားလေးကို ပြန်တွေ့တဲ့ အချိန်က တိုက်ဆိုင်လွန်းနေခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ အဝတ်အစားတွေ သွားတူနေတဲ့ သူစိမ်းများ

ဒီပုံလေးကတော့ စုံတွဲ နှစ်တွဲဟာ အပြင်မှာ တစ်ယောက်နဲ့ တစ်ယောက်တောင် မသိကြပါဘူး။ တစ်နေ့မှာတော့ သူတို့တွေ လမ်းမှာ အမှတ်မထင်တွေ့ကြတဲ့အခါ သူတို့တွေရဲ့ အကျီအရောင်ရော ပုံစံတွေပါတူနေလို့ ( ၄ ) ယောက်လုံး အံ့အား သင့်ခဲ့ကြရပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ရုပ်ရှင်ထဲက အတိုင်း အပြင်မှာ ထူးထူးဆန်းဆန်း တိုက်ဆိုင်တာလေးတွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit Online TV ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။